[Zawgyi]

Galaxy ရဲ႕တိုးတက္မႈက S9 မွာအေျပာင္ေျမာက္ဆံုးလား

Samsung က MWC 2018 မွာသူတို႔ရဲ႕ Flagship ဖုန္းေတြျဖစ္တဲ့ Galaxy S9 ႏွင့္ Galaxy S9 Plus တို႔ကိုမိတ္ဆက္ျပသခဲ့ပါတယ္။ ဖုန္းအသစ္ေတြရဲ႕ရည္ရြယ္ခ်က္က သင္ဖုန္း Camera အသံုးျပဳတဲ့အခ်ိန္ေတြမွာပိုေကာင္းတဲ့ အေတြ႔အႀကံဳမ်ိဳးကိုေပးဖို႔ပဲျဖစ္ပါတယ္။ အခုလက္ရွိ ေန႔စဥ္ဖုန္းေပၚမွာသံုးျဖစ္တဲ့ အရာေတြကိုပဲ ေနာက္တစ္ဆင့္တိုးတက္လာတာျဖစ္တဲ့အတြက္ Galaxy S9 ကသင့္အႀကိဳက္ျဖစ္လာႏိုင္ပါတယ္။

Galaxy S9 ႏွင့္ Galaxy S9 Plus ဖုန္းေတြကေတာ့ Samsung ရဲ႕ ပိုမိုတိုးတက္လာတဲ့ Camera ေတြကိုသယ္ေဆာင္လာေပးတဲ့ Smartphone ေတြပဲျဖစ္ပါတယ္။ Dual Aperture ေျပာင္းေပးမယ့္ Lens ေတြေၾကာင့္ အလင္းေရာင္ေကာင္းေကာင္းမရတဲ့အခ်ိန္မွာ ေတာ္ေတာ္ေလးေကာင္းတဲ့ ဓာတ္ပံုေတြ႐ိုက္ႏိုင္လာမယ္၊ Slow-Mo အေႏွး႐ိုက္ကြက္ေတြအျပင္ သင့္မ်က္နာကို ကာတြန္းပံု Animation ေလးေတြေျပာင္းေပမယ့္ AR Emoji လည္းပါလာပါတယ္။

Galaxy S9 ႏွင့္ Galaxy S9 Plus က Stereo Speaker ေတြနဲ႕သင့္အတြက္ ေဖ်ာ္ေျဖေရးအေတြ႕အႀကံဳသစ္ကိုယူေဆာင္လာေပးမွာျဖစ္ပါတယ္။ Dual Speaker ေတြကို AKG က Tuning လုပ္ေပးထားတာျဖစ္ၿပီး Dolby Atmos လည္းပါဝင္လာပါတယ္။ Dolby Atmos ကေတာ့႐ုပ္ရွင္႐ံုဆန္ဆန္ ဘယ္ညာပတ္လည္အသံစနစ္ကိုဖန္တီးေပးမွာျဖစ္တာေၾကာင့္ ႐ုတ္ရွင္ၾကည့္တဲ့အခါခံစားမႈအသစ္ကိုရရွိေစမွာပါ။

-Camera

Camera အေနနဲ႔ကေတာ့ Galaxy S9 နဲ႔ S9 Plus မွာပါတဲ့ 12MP Wide-Angle Camera ေတြက Aperture ေျပာင္းလို႔ရတာေၾကာင့္ အလင္းေရာင္သိပ္မရတဲ့ေနရာေတြမွာ ဓာတ္ပံု႐ိုက္တဲ့အခါ သိသိသာသာပိုေကာင္းလာမွာျဖစ္ပါတယ္။ F1.5 ႏွင့္ F2.4 ႏွစ္မ်ိဳးအသံုးျပဳလို႔ရတာေၾကာင့္ အျမင္အရသိသိသာသာကြာျခားတဲ့ ဓာတ္ပံုေတြ႐ိုက္ႏိုင္မွာပါ။ Aperture ႏွစ္ခုက Auto ေျပာင္းေပးမွာျဖစ္ၿပီး အလင္းေရာင္ရရွိမႈေပၚမႈတည္ၿပီး အလုပ္လုပ္ေပးမွာျဖစ္ပါတယ္။ Galaxy S9 Plus မွာေတာ့ Dual Camera စနစ္ျဖစ္တဲ့အတြက္ Telephoto Lens နဲ႔ Camera ပိုပါလာမွာျဖစ္ပါတယ္။ Telephoto Lens ကေတာ့ Portrait Photo ေတြအတြက္အေထာက္အကူျဖစ္ပါတယ္။ Galaxy S9 နဲ႔ S9 Plus မွာ Super Slow-Mo feature စတင္ပါဝင္လာပါတယ္။ Super Slow-Mo ကေတာ့ Video ကို 960 Frame Per Second တစ္စကၠန္႔မွာ ပံုအေရအတြက္ေပါင္း 960 အထိ႐ိုက္ကူးေပးႏိုင္တဲ့ Slow Motion Video Feature ပဲျဖစ္ပါတယ္။ Super Slow-Mo Feature က လႈပ္ရွားမႈေတြကို သိႏိုင္တဲ့အတြက္ အလိုေလ ွ်ာက္ Slow Motion နဲ႔ဖမ္းယူေပးမွာျဖစ္ပါတယ္။

-AR Emoji

သင့္မ်က္ႏွာကို 8MP Front Camera ႏွင့္႐ိုက္ၿပီးတာနဲ႔ S9 ကသင္နဲ႔တူတဲ့ Emoji တစ္ခုကိုဖန္တီးေပးမွာပါ။ Emoji ဖန္တီးၿပီးရင္ေတာ့ သင့္မ်က္နာ အမူအရာကို သင္လိုအပ္သလိုလႈပ္ရွားၿပီး Animation လုပ္ႏိုင္ပါတယ္။ မ်က္ႏွာအမူအရာေဖာ္ျပခ်က္ေပါင္း တစ္ရာေက်ာ္အထိဖန္တီးႏိုင္ပါတယ္။ AR Emoji ေတြကိုေတာ့ သင္သံုးေနက် Messenger လို App အျပင္ အျခား App ေတာ္ေတာ္မ်ားမ်ားမွာ သူငယ္ခ်င္းေတြဆီ Share လို႔ရမွာျဖစ္ပါတယ္။

-Bixby 

Bixby ကအရင္ကထက္ပိုမိုတိုးတက္လာပါၿပီ။ Bixby ကအခုဆုိရင္ Camera နဲ႔တြဲဖက္အလုပ္လုပ္လာႏိုင္ၿပီးပဲျဖစ္ပါတယ္။ Camera နဲ႔သင့္ပတ္ဝန္းက်င္ကအရာေတြကို ခ်ိန္ၿပီး Bixby ကိုေမးလို႔ရပါတယ္။ Bixby ကအရာဝထၱဳေတြကို ေကာင္းေကာင္းသိတဲ့အျပင္ Live Translation ေၾကာင့္လည္း အျခားဘာသာစကားေတြကိုလည္း Camera နဲ႔ခ်ိန္လိုက္တာနဲ႔ သင့္ကိုဘာသာျပန္ျပမွာပါ။ သင္ Camera ကို Bixby နဲ႔တြဲသံုးတိုင္း Bixby ကအလိုေလ ွ်ာက္သင္ယူေနမွာျဖစ္တာေၾကာင့္ အနာဂတ္မွာအမ်ားႀကီးအေထာက္အကူျပဳလာႏိုင္မွာပါ။

-Security 

Iris Scanner ဆက္လက္ပါဝင္လာၿပီး Face Unlock အသစ္ထပ္တိုးလာပါတယ္။ Fingerprint လည္းဆက္လက္အသံုးျပဳလို႔ရတာေၾကာင့္ သင့္အတြက္ေ႐ြးခ်ယ္စရာေတြအမ်ားႀကီးရွိေနပါတယ္။ Iris Scanning ကိုသံုးမယ္ဆိုရင္ Face Unlock ႏွင့္ပါတြဲဖက္အသံုးျပဳႏိုင္တာေၾကာင့္ Fingerprint မသံုးျခင္သူေတြအတြက္အဆင္ေျပပါတယ္။ Iris Scanner ႏွင့္ Face Unlock ကတြဲဖက္အလုပ္လုပ္တာျဖစ္တဲ့အတြက္ အလင္းေရာင္သိပ္မေကာင္းတဲ့အခ်ိန္လိုမ်ိဳးေတြမွာ Iris Scanner ကအဆင္မေျပျဖစ္ခဲ့ရင္ Face Unlock က Auro အလုပ္လုပ္ေပးတာေၾကာင့္ Phone ကို Unlock လုပ္လို႔ရမွာပါ။ သင့္အေနနဲ႔ သတိထားမိမွာေတာင္မဟုတ္ပါဘူး။ အရင္ကေတာ့ Iris Scanning တစ္ခုတည္းသာသံုးေနရတာေၾကာင့္ Iris Scanner ကသင့္မ်က္လံုးကိုေကာင္းေကာင္းမျမင္ႏိုင္တဲ့အခ်ိန္မွာ Password ဒါမွမဟုတ္ Fingerprint ကိုသံုးမွ Unlock လုပ္လို႔ရမွာပါ။ S9 မွာေတာ့ Feature  ႏွစ္ခုေပါင္းၿပီးတြဲဖက္အလုပ္လုပ္မွာျဖစ္တဲ့အတြက္ ေတာ္ေတာ္ေလးအဆင္ေျပပါတယ္။

-Charging 

USB-C Fast Charging အျပင္ Wireless Fast Charging ကိုပါအသံုးျပဳႏို္င္တာေၾကာင့္ သင့္ႏွစ္သက္ရာစနစ္ႏွင့္ Fast Charging လုပ္ႏိုင္ပါတယ္။

-Design

S8 ထက္သိသာတဲ့ Design ေျပာင္းလဲမႈမရွိေပမယ့္ Fingerprint Scanner ကို Camera ေအာက္မွာေနရာေျပာင္းထားေပးတာနဲ႔ 3.5mm Headphone Port ကိုလည္းဆက္လက္ထည့္သြင္းေပးထားတဲ့အတြက္ သင္သေဘာက်မွာပါ။ လက္ထဲမွာ ကိုင္ရတာ S8 နဲ႔ဘာမွသိပ္မကြာေပမယ့္ Fingerprint Scanner ေနရာေျပာင္းေပးထားတာကေတာ့ ေတာ္ေတာ္ေလးပိုေကာင္းလာတာပဲျဖစ္ပါတယ္။ Galaxy S9 ႏွင့္ S9 Plus ကေတာ့ သင္ေရြးခ်ယ္စရာ 2018 ရဲ႕အေကာင္းဆံုးဖုန္းေတြထဲက ေနရာတစ္ခုမွာရွိေနမွာပါ။

Ref: Samsung

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Galaxy ရဲ့တိုးတက်မှုက S9 မှာအပြောင်မြောက်ဆုံးလား

Samsung က MWC 2018 မှာသူတို့ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S9 နှင့် Galaxy S9 Plus တို့ကိုမိတ်ဆက်ပြသခဲ့ပါတယ်။ ဖုန်းအသစ်တွေရဲ့ရည်ရွယ်ချက်က သင်ဖုန်း Camera အသုံးပြုတဲ့အချိန်တွေမှာပိုကောင်းတဲ့ အတွေ့အကြုံမျိုးကိုပေးဖို့ပဲဖြစ်ပါတယ်။ အခုလက်ရှိ နေ့စဉ်ဖုန်းပေါ်မှာသုံးဖြစ်တဲ့ အရာတွေကိုပဲ နောက်တစ်ဆင့်တိုးတက်လာတာဖြစ်တဲ့အတွက် Galaxy S9 ကသင့်အကြိုက်ဖြစ်လာနိုင်ပါတယ်။

Galaxy S9 နှင့် Galaxy S9 Plus ဖုန်းတွေကတော့ Samsung ရဲ့ ပိုမိုတိုးတက်လာတဲ့ Camera တွေကိုသယ်ဆောင်လာပေးတဲ့ Smartphone တွေပဲဖြစ်ပါတယ်။ Dual Aperture ပြောင်းပေးမယ့် Lens တွေကြောင့် အလင်းရောင်ကောင်းကောင်းမရတဲ့အချိန်မှာ တော်တော်လေးကောင်းတဲ့ ဓာတ်ပုံတွေရိုက်နိုင်လာမယ်၊ Slow-Mo အနှေးရိုက်ကွက်တွေအပြင် သင့်မျက်နာကို ကာတွန်းပုံ Animation လေးတွေပြောင်းပေမယ့် AR Emoji လည်းပါလာပါတယ်။

Galaxy S9 နှင့် Galaxy S9 Plus က Stereo Speaker တွေနဲ့သင့်အတွက် ဖျော်ဖြေရေးအတွေ့အကြုံသစ်ကိုယူဆောင်လာပေးမှာဖြစ်ပါတယ်။ Dual Speaker တွေကို AKG က Tuning လုပ်ပေးထားတာဖြစ်ပြီး Dolby Atmos လည်းပါဝင်လာပါတယ်။ Dolby Atmos ကတော့ရုပ်ရှင်ရုံဆန်ဆန် ဘယ်ညာပတ်လည်အသံစနစ်ကိုဖန်တီးပေးမှာဖြစ်တာကြောင့် ရုတ်ရှင်ကြည့်တဲ့အခါခံစားမှုအသစ်ကိုရရှိစေမှာပါ။

-Camera

Camera အနေနဲ့ကတော့ Galaxy S9 နဲ့ S9 Plus မှာပါတဲ့ 12MP Wide-Angle Camera တွေက Aperture ပြောင်းလို့ရတာကြောင့် အလင်းရောင်သိပ်မရတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်တဲ့အခါ သိသိသာသာပိုကောင်းလာမှာဖြစ်ပါတယ်။ F1.5 နှင့် F2.4 နှစ်မျိုးအသုံးပြုလို့ရတာကြောင့် အမြင်အရသိသိသာသာကွာခြားတဲ့ ဓာတ်ပုံတွေရိုက်နိုင်မှာပါ။ Aperture နှစ်ခုက Auto ပြောင်းပေးမှာဖြစ်ပြီး အလင်းရောင်ရရှိမှုပေါ်မှုတည်ပြီး အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ Galaxy S9 Plus မှာတော့ Dual Camera စနစ်ဖြစ်တဲ့အတွက် Telephoto Lens နဲ့ Camera ပိုပါလာမှာဖြစ်ပါတယ်။ Telephoto Lens ကတော့ Portrait Photo တွေအတွက်အထောက်အကူဖြစ်ပါတယ်။ Galaxy S9 နဲ့ S9 Plus မှာ Super Slow-Mo feature စတင်ပါဝင်လာပါတယ်။ Super Slow-Mo ကတော့ Video ကို 960 Frame Per Second တစ်စက္ကန့်မှာ ပုံအရေအတွက်ပေါင်း 960 အထိရိုက်ကူးပေးနိုင်တဲ့ Slow Motion Video Feature ပဲဖြစ်ပါတယ်။ Super Slow-Mo Feature က လှုပ်ရှားမှုတွေကို သိနိုင်တဲ့အတွက် အလိုလေ ျှာက် Slow Motion နဲ့ဖမ်းယူပေးမှာဖြစ်ပါတယ်။

-AR Emoji

သင့်မျက်နှာကို 8MP Front Camera နှင့်ရိုက်ပြီးတာနဲ့ S9 ကသင်နဲ့တူတဲ့ Emoji တစ်ခုကိုဖန်တီးပေးမှာပါ။ Emoji ဖန်တီးပြီးရင်တော့ သင့်မျက်နာ အမူအရာကို သင်လိုအပ်သလိုလှုပ်ရှားပြီး Animation လုပ်နိုင်ပါတယ်။ မျက်နှာအမူအရာဖော်ပြချက်ပေါင်း တစ်ရာကျော်အထိဖန်တီးနိုင်ပါတယ်။ AR Emoji တွေကိုတော့ သင်သုံးနေကျ Messenger လို App အပြင် အခြား App တော်တော်များများမှာ သူငယ်ချင်းတွေဆီ Share လို့ရမှာဖြစ်ပါတယ်။

-Bixby 

Bixby ကအရင်ကထက်ပိုမိုတိုးတက်လာပါပြီ။ Bixby ကအခုဆိုရင် Camera နဲ့တွဲဖက်အလုပ်လုပ်လာနိုင်ပြီးပဲဖြစ်ပါတယ်။ Camera နဲ့သင့်ပတ်ဝန်းကျင်ကအရာတွေကို ချိန်ပြီး Bixby ကိုမေးလို့ရပါတယ်။ Bixby ကအရာဝထ္တုတွေကို ကောင်းကောင်းသိတဲ့အပြင် Live Translation ကြောင့်လည်း အခြားဘာသာစကားတွေကိုလည်း Camera နဲ့ချိန်လိုက်တာနဲ့ သင့်ကိုဘာသာပြန်ပြမှာပါ။ သင် Camera ကို Bixby နဲ့တွဲသုံးတိုင်း Bixby ကအလိုလေ ျှာက်သင်ယူနေမှာဖြစ်တာကြောင့် အနာဂတ်မှာအများကြီးအထောက်အကူပြုလာနိုင်မှာပါ။

-Security 

Iris Scanner ဆက်လက်ပါဝင်လာပြီး Face Unlock အသစ်ထပ်တိုးလာပါတယ်။ Fingerprint လည်းဆက်လက်အသုံးပြုလို့ရတာကြောင့် သင့်အတွက်ရွေးချယ်စရာတွေအများကြီးရှိနေပါတယ်။ Iris Scanning ကိုသုံးမယ်ဆိုရင် Face Unlock နှင့်ပါတွဲဖက်အသုံးပြုနိုင်တာကြောင့် Fingerprint မသုံးခြင်သူတွေအတွက်အဆင်ပြေပါတယ်။ Iris Scanner နှင့် Face Unlock ကတွဲဖက်အလုပ်လုပ်တာဖြစ်တဲ့အတွက် အလင်းရောင်သိပ်မကောင်းတဲ့အချိန်လိုမျိုးတွေမှာ Iris Scanner ကအဆင်မပြေဖြစ်ခဲ့ရင် Face Unlock က Auro အလုပ်လုပ်ပေးတာကြောင့် Phone ကို Unlock လုပ်လို့ရမှာပါ။ သင့်အနေနဲ့ သတိထားမိမှာတောင်မဟုတ်ပါဘူး။ အရင်ကတော့ Iris Scanning တစ်ခုတည်းသာသုံးနေရတာကြောင့် Iris Scanner ကသင့်မျက်လုံးကိုကောင်းကောင်းမမြင်နိုင်တဲ့အချိန်မှာ Password ဒါမှမဟုတ် Fingerprint ကိုသုံးမှ Unlock လုပ်လို့ရမှာပါ။ S9 မှာတော့ Feature  နှစ်ခုပေါင်းပြီးတွဲဖက်အလုပ်လုပ်မှာဖြစ်တဲ့အတွက် တော်တော်လေးအဆင်ပြေပါတယ်။

-Charging 

USB-C Fast Charging အပြင် Wireless Fast Charging ကိုပါအသုံးပြုနိုင်တာကြောင့် သင့်နှစ်သက်ရာစနစ်နှင့် Fast Charging လုပ်နိုင်ပါတယ်။

-Design

S8 ထက်သိသာတဲ့ Design ပြောင်းလဲမှုမရှိပေမယ့် Fingerprint Scanner ကို Camera အောက်မှာနေရာပြောင်းထားပေးတာနဲ့ 3.5mm Headphone Port ကိုလည်းဆက်လက်ထည့်သွင်းပေးထားတဲ့အတွက် သင်သဘောကျမှာပါ။ လက်ထဲမှာ ကိုင်ရတာ S8 နဲ့ဘာမှသိပ်မကွာပေမယ့် Fingerprint Scanner နေရာပြောင်းပေးထားတာကတော့ တော်တော်လေးပိုကောင်းလာတာပဲဖြစ်ပါတယ်။ Galaxy S9 နှင့် S9 Plus ကတော့ သင်ရွေးချယ်စရာ 2018 ရဲ့အကောင်းဆုံးဖုန်းတွေထဲက နေရာတစ်ခုမှာရှိနေမှာပါ။

Ref: Samsung

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။