Samsung လို႔ ေျပာလုိက္တာနဲ႔ စမတ္ဖုန္းေတြအျပင္ Electronic ပစၥည္းေတြကုိပါ အမ်ားအျပားထုတ္လုပ္ေရာင္းခ်ေနတဲ့ Brand တစ္ခုဆုိတာက လူတုိင္းသိျပီျဖစ္မွာပါ။ အခုအခ်ိန္မွာဆုိရင္ေတာ့ Samsung ကေန မႏွစ္ကစတင္ျပီး ျပည္တြင္းေစ်းကြက္ကို မိတ္ဆက္ေပးခဲ့တဲ့ Samsung QLED TV ေတြကို 2018 Model အေနနဲ႔ အသစ္မိတ္ဆက္ေပးခဲ့ပါတယ္။

အခု Samsung ကေန အသစ္မိတ္ဆက္လိုက္တဲ့ QLED TV ေတြကို ျပီးခဲ့တဲ့ ႏုိဝင္ဘာလ ၁၀ ရက္ေန႔မွာ ရန္ကုန္ျမိဳ႕ Junction City မွာရွိတဲ့ JCGV ရုပ္ရွင္ရုံေတြမွာ မိတ္ဆက္ေပးခဲ့တာျဖစ္ျပီးေတာ့ ယခင္နဲ႔မတူပဲ ထူးျခားတဲ့ အေတြ႕အၾကံဳေတြကို ရရွိေစမယ့္ လုပ္ေဆာင္ခ်က္ေတြပါဝင္တဲ့ Flagship အမ်ိဳးအစား QLED TV ေတြျဖစ္တယ္လုိ႔ သိရပါတယ္။

အခု Samsung ရဲ႕ 2018 Model QLED TV ေတြနဲ႔ ပတ္သတ္ျပီးေတာ့ “ကၽြန္ေတာ္တို႔အေနနဲ႔ ထုတ္ကုန္ပစၥည္းတစ္မ်ိဳး မိတ္ဆက္တုိင္းမွာ တမူထူးျခားတဲ့ အေတြ႕အၾကံဳေတြကို အသံုးျပဳသူေတြဆီ ယူေဆာင္လာႏုိင္ဖုိ႔ အျမဲၾကိဳးစားေနပါတယ္။ ဒီ ၂၀၁၈ ခုႏွစ္ထုတ္ QLED V အသစ္ေတြက သံုးစြဲတဲ့သူေတြရဲ႕ ေန႔စဥ္ဘဝလုိအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏုိင္မယ့္ စိတ္လႈပ္ရွားစရာလုပ္ေဆာင္ခ်က္ေတြအမ်ားၾကီးပါဝင္တဲ့အျပင္ ပိုမိုအဆင္ေျပျပီးေတာ့ သက္ေတာင့္သက္သာျဖစ္ေစမယ့္ လူေနမႈဘဝကိုလည္း အေကာင္းဆံုးဖန္တီးေပးသြားမွာပါ” လုိ႔ Samsung Myanmar ရဲ႕ Head of Consumer Electronics ျဖစ္တဲ့ Mr. Khang Wei Yap က ေျပာၾကားခဲ့ပါတယ္။

အခု Samsung ရဲ႕ 2018 Model QLED TV ေတြမွာ လုပ္ေဆာင္ခ်က္အသစ္ေတြကို အမ်ားအျပားထည့္သြင္းထားပါေသးတယ္။ အဆိုပါ လုပ္ေဆာင္ခ်က္ေတြထဲမွာ ျပတ္သားေသာ အျဖဴေရာင္နဲ႔ အနက္ေရာင္ထြက္ေပၚလာဖို႔ကို အလုိအေလ်ာက္ထိန္းညွိေပးႏုိင္တဲ့ Direct Full Array စနစ္၊ Samsung ရဲ႕ ကိုယ္ပိုင္ Artificial Intelligence ျဖစ္တဲ့ Bixby ၊ ၾကိဳးေတြရႈပ္ေထြးေနတာာမ်ိဳးမရွိေအာင္ ျပန္လည္ဆန္းသစ္ထားတဲ့ One Invisible Connection စနစ္ေတြပါဝင္ပါတယ္။ ဒါ့အျပင္ အခု Samsung QLED TV မွာ ထူးျခားခ်က္တစ္ခုအေနနဲ႔ Magic Screen လုိ႔ေခၚတဲ့ ေနာက္ခံနံရံဒီဇုိင္းနဲ႔ အေရာင္အတုိင္းေျပာင္းလဲႏုိင္တဲ့ Feature က အသံုးျပဳသူေတြစိတ္ၾကိဳက္ျဖစ္ေနမွာပါ။

“ကၽြန္ေတာ္တို႔ရဲ႕ ၂၀၁၈ ခုႏွစ္ထုတ္ TV အသစ္ေတြနဲ႔အတူ ကၽြန္ေတာ္တို႔က Virtual TV မ်က္ႏွာျပင္ကို အသိညဏ္ရွိတဲ့ Intelligent TV မ်က္ႏွာျပင္ဆုိျပီးေတာ့ အဆင့္ျမွင့္တင္ေျပာင္းလဲႏုိင္ခဲ့ပါတယ္။ ေနရာေဒသမေရြးက သံုးစြဲသူေတြရဲ႕ ေန႔စဥ္ဘဝေတြကို ပိုမိုျမင့္မားလာေစျပီးေတာ့ အေကာင္းဆံုးေဖ်ာ္ေျဖေရးဆုိင္ရာ အေတြ႕အၾကံဳေတြကို ေပးစြမ္းႏုိင္ဖုိ႔ရည္ရြယ္ထုတ္လုပ္ထားတဲ့ အလြယ္တကူအသံုးျပဳႏုိင္မယ့္ ဒီ QLED TV အသစ္ေတြက ျမန္မာႏုိင္ငံမွာရွိတဲ့ မိသားစုတုိင္းကို အေကာင္းမြန္ဆံုးၾကည့္ရႈခံစားမႈကို ယူေဆာင္လာေပးမွာပါ။” ဆုိျပီး Mr. Khang Wei Yap က ထပ္ျပီးေျပာၾကားခဲ့ပါတယ္။

Samsung ရဲ႕ ယခု 2018 QLED TV ေတြမွာ အေပၚမွာေျပာထားတဲ့ Display ေတြအျပင္ TV အျပင္ DVD Player ၊ Xbox ၊ PlayStation Console ေတြနဲ႔ Set-Top Box ေတြအကုန္လံုးကို Remote တစ္ခုထဲနဲ႔ အလံုးစံုထိန္းခ်ဴပ္ႏုိင္တဲ့ Samsung One Remote လုိမ်ိဳး Feature ေတြလည္းပါဝင္ဦးမွာပါ။ ဒီ One Remote အျပင္ ကုိယ္သံုးေနတဲ့ စမတ္ဖုန္းမွာ SmartThings App ကို အသံုးျပဳထားမယ္ဆုိရင္ ကိုယ့္ဖုန္းကေနပဲ TV အပါအဝင္ အိမ္အတြင္းမွာ တပ္ဆင္ထားတဲ့ Samsung Electronics ပစၥည္းေတြအားလံုးကို ထိန္းခ်ဴပ္ႏုိင္မွာလည္းျဖစ္ပါတယ္။

Samsung ရဲ႕ ယခု ၂၀၁၈ ခုႏွစ္ထုတ္ TV အသစ္ေတြကို ျမန္မာႏုိင္ငံမွာ Q6F ၊ Q7F နဲ႔ Q8C ဆုိျပီး ရရွိႏုိင္မွာျဖစ္ျပီးေတာ့ Q6F ကို 55″ နဲ႔ 65″ ၊ Q7F ကိုေတာ့ 55″ ၊ 65″ နဲ႔ 75″ နဲ႔ Q8C ကိုေတာ့ 55″ နဲ႔ 65″ ဆုိျပီး ေရာင္းခ်သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ေစ်းႏႈန္းေတြအေနနဲ႔ကေတာ့ အနိမ့္ဆံုးအေနနဲ႔ Q6F 55″ TV ကို ျမန္မာေငြက်ပ္ ၂,၀၉၉,၀၀၀ က်ပ္္ကေန စတင္မွာျဖစ္ျပီး အျမင့္ဆံုးအေနနဲ႔ Q7F 75″ TV ကို ျမန္မာေငြက်ပ္ ၈,၆၉၉,၀၀၀ က်ပ္အထိ ရွိေနမယ္လုိ႔ သိရပါတယ္။

ထူးျခားခ်က္အေနနဲ႔ကေတာ့ ယခု Samsung ရဲ႕ QLED TV အသစ္ေတြကို ယခု ႏုိဝင္ဘာလ ၁၀ ရက္ေန႔ ၊ ၁၁ ရက္ေန႔နဲ႔ ၁၂ ရက္ေန႔ေတြမွာ Junction City မွာ ရွိတဲ့ Samsung Showroom မွာ ဝယ္ယူမယ္ဆုိရင္ TV တစ္လံုးဝယ္၊ ေနာက္ထပ္ TV တစ္လံုးရရွိမယ့္ အခြင့္အေရးရွိေနတာပဲျဖစ္ပါတယ္။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Samsung လို့ ပြောလိုက်တာနဲ့ စမတ်ဖုန်းတွေအပြင် Electronic ပစ္စည်းတွေကိုပါ အများအပြားထုတ်လုပ်ရောင်းချနေတဲ့ Brand တစ်ခုဆိုတာက လူတိုင်းသိပြီဖြစ်မှာပါ။ အခုအချိန်မှာဆိုရင်တော့ Samsung ကနေ မနှစ်ကစတင်ပြီး ပြည်တွင်းစျေးကွက်ကို မိတ်ဆက်ပေးခဲ့တဲ့ Samsung QLED TV တွေကို 2018 Model အနေနဲ့ အသစ်မိတ်ဆက်ပေးခဲ့ပါတယ်။

အခု Samsung ကနေ အသစ်မိတ်ဆက်လိုက်တဲ့ QLED TV တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့ Junction City မှာရှိတဲ့ JCGV ရုပ်ရှင်ရုံတွေမှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီးတော့ ယခင်နဲ့မတူပဲ ထူးခြားတဲ့ အတွေ့အကြုံတွေကို ရရှိစေမယ့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ Flagship အမျိုးအစား QLED TV တွေဖြစ်တယ်လို့ သိရပါတယ်။

အခု Samsung ရဲ့ 2018 Model QLED TV တွေနဲ့ ပတ်သတ်ပြီးတော့ “ကျွန်တော်တို့အနေနဲ့ ထုတ်ကုန်ပစ္စည်းတစ်မျိုး မိတ်ဆက်တိုင်းမှာ တမူထူးခြားတဲ့ အတွေ့အကြုံတွေကို အသုံးပြုသူတွေဆီ ယူဆောင်လာနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ ဒီ ၂၀၁၈ ခုနှစ်ထုတ် QLED V အသစ်တွေက သုံးစွဲတဲ့သူတွေရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် စိတ်လှုပ်ရှားစရာလုပ်ဆောင်ချက်တွေအများကြီးပါဝင်တဲ့အပြင် ပိုမိုအဆင်ပြေပြီးတော့ သက်တောင့်သက်သာဖြစ်စေမယ့် လူနေမှုဘဝကိုလည်း အကောင်းဆုံးဖန်တီးပေးသွားမှာပါ” လို့ Samsung Myanmar ရဲ့ Head of Consumer Electronics ဖြစ်တဲ့ Mr. Khang Wei Yap က ပြောကြားခဲ့ပါတယ်။

အခု Samsung ရဲ့ 2018 Model QLED TV တွေမှာ လုပ်ဆောင်ချက်အသစ်တွေကို အများအပြားထည့်သွင်းထားပါသေးတယ်။ အဆိုပါ လုပ်ဆောင်ချက်တွေထဲမှာ ပြတ်သားသော အဖြူရောင်နဲ့ အနက်ရောင်ထွက်ပေါ်လာဖို့ကို အလိုအလျောက်ထိန်းညှိပေးနိုင်တဲ့ Direct Full Array စနစ်၊ Samsung ရဲ့ ကိုယ်ပိုင် Artificial Intelligence ဖြစ်တဲ့ Bixby ၊ ကြိုးတွေရှုပ်ထွေးနေတာာမျိုးမရှိအောင် ပြန်လည်ဆန်းသစ်ထားတဲ့ One Invisible Connection စနစ်တွေပါဝင်ပါတယ်။ ဒါ့အပြင် အခု Samsung QLED TV မှာ ထူးခြားချက်တစ်ခုအနေနဲ့ Magic Screen လို့ခေါ်တဲ့ နောက်ခံနံရံဒီဇိုင်းနဲ့ အရောင်အတိုင်းပြောင်းလဲနိုင်တဲ့ Feature က အသုံးပြုသူတွေစိတ်ကြိုက်ဖြစ်နေမှာပါ။

“ကျွန်တော်တို့ရဲ့ ၂၀၁၈ ခုနှစ်ထုတ် TV အသစ်တွေနဲ့အတူ ကျွန်တော်တို့က Virtual TV မျက်နှာပြင်ကို အသိညဏ်ရှိတဲ့ Intelligent TV မျက်နှာပြင်ဆိုပြီးတော့ အဆင့်မြှင့်တင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ နေရာဒေသမရွေးက သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝတွေကို ပိုမိုမြင့်မားလာစေပြီးတော့ အကောင်းဆုံးဖျော်ဖြေရေးဆိုင်ရာ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်ဖို့ရည်ရွယ်ထုတ်လုပ်ထားတဲ့ အလွယ်တကူအသုံးပြုနိုင်မယ့် ဒီ QLED TV အသစ်တွေက မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုတိုင်းကို အကောင်းမွန်ဆုံးကြည့်ရှုခံစားမှုကို ယူဆောင်လာပေးမှာပါ။” ဆိုပြီး Mr. Khang Wei Yap က ထပ်ပြီးပြောကြားခဲ့ပါတယ်။

Samsung ရဲ့ ယခု 2018 QLED TV တွေမှာ အပေါ်မှာပြောထားတဲ့ Display တွေအပြင် TV အပြင် DVD Player ၊ Xbox ၊ PlayStation Console တွေနဲ့ Set-Top Box တွေအကုန်လုံးကို Remote တစ်ခုထဲနဲ့ အလုံးစုံထိန်းချူပ်နိုင်တဲ့ Samsung One Remote လိုမျိုး Feature တွေလည်းပါဝင်ဦးမှာပါ။ ဒီ One Remote အပြင် ကိုယ်သုံးနေတဲ့ စမတ်ဖုန်းမှာ SmartThings App ကို အသုံးပြုထားမယ်ဆိုရင် ကိုယ့်ဖုန်းကနေပဲ TV အပါအဝင် အိမ်အတွင်းမှာ တပ်ဆင်ထားတဲ့ Samsung Electronics ပစ္စည်းတွေအားလုံးကို ထိန်းချူပ်နိုင်မှာလည်းဖြစ်ပါတယ်။

Samsung ရဲ့ ယခု ၂၀၁၈ ခုနှစ်ထုတ် TV အသစ်တွေကို မြန်မာနိုင်ငံမှာ Q6F ၊ Q7F နဲ့ Q8C ဆိုပြီး ရရှိနိုင်မှာဖြစ်ပြီးတော့ Q6F ကို 55″ နဲ့ 65″ ၊ Q7F ကိုတော့ 55″ ၊ 65″ နဲ့ 75″ နဲ့ Q8C ကိုတော့ 55″ နဲ့ 65″ ဆိုပြီး ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စျေးနှုန်းတွေအနေနဲ့ကတော့ အနိမ့်ဆုံးအနေနဲ့ Q6F 55″ TV ကို မြန်မာငွေကျပ် ၂,၀၉၉,၀၀၀ ကျပ််ကနေ စတင်မှာဖြစ်ပြီး အမြင့်ဆုံးအနေနဲ့ Q7F 75″ TV ကို မြန်မာငွေကျပ် ၈,၆၉၉,၀၀၀ ကျပ်အထိ ရှိနေမယ်လို့ သိရပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ ယခု Samsung ရဲ့ QLED TV အသစ်တွေကို ယခု နိုဝင်ဘာလ ၁၀ ရက်နေ့ ၊ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ Junction City မှာ ရှိတဲ့ Samsung Showroom မှာ ဝယ်ယူမယ်ဆိုရင် TV တစ်လုံးဝယ်၊ နောက်ထပ် TV တစ်လုံးရရှိမယ့် အခွင့်အရေးရှိနေတာပဲဖြစ်ပါတယ်။

Zawyè (Akhayar) 

www.akhayar.com