Samsung Galaxy S9+ ရဲ႕ Geekbench ရမွတ္ေတြထြက္ေပၚလာ

Samsung ရဲ႕ Galaxy S9 စမတ္ဖုန္းဟာ လာမယ့္ေဖေဖာ္ဝါရီလ ၂၅ မွာတရားဝင္ထုတ္ျပေတာ့မွာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Samsung Galaxy S9 စမတ္ဖုန္းအတြက္ Performance Benchmark ေတြထြက္ေပၚလာျပီးေတာ့ Qualcomm Snapdragon 845 Processor ရဲ႕ စြမ္းေဆာင္ရည္ကို ေတြ႕လာရျပီျဖစ္ပါတယ္။

Galaxy Galaxy S9 နဲ႔ Galaxy S9+ ဖုန္းေတြဟာ တူညီတဲ့ Qualcomm Snapdragon 845 Processor ကိုပဲ အသံုးျပဳလာမွာျဖစ္ေပမယ့္ Benchmark ေတြအရကြာျခားျပီးေတာ့ Galaxy S9+ ဖုန္းက Geekbench Benchmark မွာ Single Core – 3,773 နဲ႔ Multicore 9,024 ရရွိျပီး Galaxy S9 ရဲ႕ Single Core 3,648 နဲ႔ Multicore 8,894 ရမွတ္ေတြထက္ပိုျပီး မ်ားျပားေနတာကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအတြက္ Galaxy S9+ ဟာ Galaxy S9 ဖုန္းထက္ပိုတဲ့ Clock Speed ရွိေနမလားဆိုတာက စဥ္းစားစရာျဖစ္ေနပါတယ္။

ဘာပဲျဖစ္ျဖစ္ အခုလုိ Exynos 9810 Processor နဲ႔ Qualcomm Snapdragon 845 Processor ေတြကို အသံုးျပဳလာမယ့္ Samsung Galaxy S9 နဲ႔ S9+ စမတ္ဖုန္းေတြဟာ လက္ရွိအခ်ိန္မွာ စြမ္းေဆာင္ရည္အေကာင္းဆံုးေသာ စမတ္ဖုန္းေတြျဖစ္လာျပီးေတာ့ ယခင္ Generation ထက္ ၂၀ ရာခုိင္ႏႈန္းနဲ႔အထက္ကို တုိးတက္လာတာပဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း Qualcomm Snapdragon 845 ေရာ ၊ Exynos 9810 Processor ေရာ Apple ရဲ႕ A11 Bionic Chip ကို မွီဖုိ႔ အနည္းငယ္လုိအပ္ေနေသးျပီး A11 Bionic Chip သံုးထားတဲ့ iPhone 8 ၊ 8 Plus နဲ႔ iPhone X ဖုန္းေတြက Geekbench Benchmark မွာ Single Core – 4,200 Marks ဝန္းက်င္နဲ႔ Multicore Score – 10,100 Marks ဝန္းက်င္နဲ႔ လက္ရွိစြမ္းေဆာင္ရည္အျမင့္မားဆံုးစမတ္ဖုန္းေနရာကို ရယူေနထားတုန္းပဲျဖစ္ပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Samsung ရဲ့ Galaxy S9 စမတ်ဖုန်းဟာ လာမယ့်ဖေဖော်ဝါရီလ ၂၅ မှာတရားဝင်ထုတ်ပြတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung Galaxy S9 စမတ်ဖုန်းအတွက် Performance Benchmark တွေထွက်ပေါ်လာပြီးတော့ Qualcomm Snapdragon 845 Processor ရဲ့ စွမ်းဆောင်ရည်ကို တွေ့လာရပြီဖြစ်ပါတယ်။

Galaxy Galaxy S9 နဲ့ Galaxy S9+ ဖုန်းတွေဟာ တူညီတဲ့ Qualcomm Snapdragon 845 Processor ကိုပဲ အသုံးပြုလာမှာဖြစ်ပေမယ့် Benchmark တွေအရကွာခြားပြီးတော့ Galaxy S9+ ဖုန်းက Geekbench Benchmark မှာ Single Core – 3,773 နဲ့ Multicore 9,024 ရရှိပြီး Galaxy S9 ရဲ့ Single Core 3,648 နဲ့ Multicore 8,894 ရမှတ်တွေထက်ပိုပြီး များပြားနေတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီအတွက် Galaxy S9+ ဟာ Galaxy S9 ဖုန်းထက်ပိုတဲ့ Clock Speed ရှိနေမလားဆိုတာက စဉ်းစားစရာဖြစ်နေပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလို Exynos 9810 Processor နဲ့ Qualcomm Snapdragon 845 Processor တွေကို အသုံးပြုလာမယ့် Samsung Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ စွမ်းဆောင်ရည်အကောင်းဆုံးသော စမတ်ဖုန်းတွေဖြစ်လာပြီးတော့ ယခင် Generation ထက် ၂၀ ရာခိုင်နှုန်းနဲ့အထက်ကို တိုးတက်လာတာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း Qualcomm Snapdragon 845 ရော ၊ Exynos 9810 Processor ရော Apple ရဲ့ A11 Bionic Chip ကို မှီဖို့ အနည်းငယ်လိုအပ်နေသေးပြီး A11 Bionic Chip သုံးထားတဲ့ iPhone 8 ၊ 8 Plus နဲ့ iPhone X ဖုန်းတွေက Geekbench Benchmark မှာ Single Core – 4,200 Marks ဝန်းကျင်နဲ့ Multicore Score – 10,100 Marks ဝန်းကျင်နဲ့ လက်ရှိစွမ်းဆောင်ရည်အမြင့်မားဆုံးစမတ်ဖုန်းနေရာကို ရယူနေထားတုန်းပဲဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com