[Zawgyi]
S9 Duo ဆိုတာကတော့ S9 နဲ့ S9 Plus Model ၂ မျိုးလုံးကို တစ်ပါတည်းပူးတွဲခေါ်ဆိုတာဖြစ်ပါတယ်။
Phone Hay Ko (Akhayar)
www.akhayar.com
[Unicode]
iPhone X ထက် Download Speed 37% ပိုမိုမြန်ဆန်နေတဲ့ Samsung Galaxy S9 Duo
Samsung Galaxy S9 download speeds are 37% faster than those of the Apple iPhone X
Samsung Galaxy S9 နဲ့ S9 Plus ဟာ အခုချိန်ထိထွက်ရှိခဲ့သမျှ စမတ်ဖုန်းအားလုံးထဲမှာ Download Speed အမြန်ဆုံးဖုန်းတွေအဖြစ်သတ်မှတ်ခံထားရပါတယ်။ ဒါကို ယုံရဲ့လား ?
ကျတော်တို့ အင်တာနက်လိုင်းတွေ ကောင်းမကောင်းaကို အလွယ်ဆုံးစစ်ဆေးနိုင်တဲ့ Website တစ်ခုရှိပါတယ်။ www.speedtest.net ပါ၊ မှန်ကန်မြန်ဆန်ပြီး ယုံကြည်ရတဲ့ Site တစ်ခုဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နေ့စဉ်လူဝင်များတဲ့ Traffic အများဆုံး Site တစ်ခုဖြစ်ပါတယ်။ ဒီလို Website ကို ဖန်တီးပေးထားတာကတော့ Ookla ဆိုတဲ့နည်းပညာ Company ကပဲဖြစ်ပါတယ်။
Ookla Company ရဲ့ Developer တွေဟာ လွန်ခဲ့တဲ့ ၄လလောက်က စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ ဖေဖော်ဝါရီလကနေ ဧပြီလအထိ ၂လတိုင်တိုင်ကြာမြင့်ခဲ့တဲ့ Flagship စမတ်ဖုန်းတွေရဲ့ Download Speed Test လုပ်ငန်းစဉ်တစ်ခုပါ။ Ookla ရဲ့ Developer တွေ စမ်းသပ်ခဲ့တဲ့ ဖုန်းတွေကတော့ Apple iPhone X၊ Google Pixel 2၊ Samsung Galaxy S7 နဲ့ Samsung Galaxy S9/S9 Plus တို့ပဲဖြစ်ပါတယ်။
၎င်းတို့ဟာ အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ 4G LTE Newtork ကိုအပြည့်အဝအသုံးပြုနိုင်တဲ့ SIM Card တွေကိုအသုံးပြုပြီး နေရာအသီးသီးမှာစမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။
Samsung Galaxy S9 နဲ႔ S9 Plus တို့ဟာ Network ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် CAT 18 LTE Modern ကိုအသုံးပြုထားတာဖြစ်ပြီး အဆိုပါ Modern ဟာ မြန်နှုန်း 1.2Gbps အထိ ရှိပါတယ်။ အသုံးပြုထားတဲ့ Network အစိတ်အပိုင်းတွေဟာ အခြားဖုန်းတွေထက် သာလွန်နေတယ်လို့ဆိုရမလိုပါပဲ… S9 Duo ရဲ့အခြားဖုန်းတွေအပေါ် သာလွန်နေတဲ့ Download Speed ရလဒ်ကတော့ အောက်ပါအတိုင်းတွေ့မြင်ရပါတယ်…
Apple ရဲ့ iPhone X ထက် 37% မြန်ဆန်မှုရှိပြီး
Google ရဲ့ Pixel 2 ထက် 17% နဲ့ Samsung Galaxy S7 ထက် 38% သာလွန်တာကိုတွေ့ရှိခဲ့ရပါတယ်။
ဒီနေရာမှာ ထူးခြားတာကတော့ Google Pixel 2 ဟာလည်း ခေသူမဟုတ်တဲ့ ဖုန်းတစ်လုံးဖြစ်တာကိုတွေ့မြင်ရမှာပါ။ S9 Duo ထက် 17% ပဲနှေးတယ်ဆိုတော့ iPhone X ထက်တော့ မြန်သေးတယ်ဆိုရမှာပါ။
Apple ဆိုတာကလည်း User အတွက် အဘက်ဘက်ကနေ လုံခြုံစိတ်ချရအောင် လုပ်ပေးထားတဲ့ဖုန်းတစ်လုံးဆိုတော့ Download Speed နှေးတယ်ဆိုပြီး ဝမ်းနည်းနေစရာတော့မလိုပါဘူး။ iPhone တွေ လေယာဉ်ပေါ်ပေးမသယ်ဘူးဆိုတဲ့ တားမြစ်ချက်သတင်းကြီးကြီးမားမားရှိခဲ့ဖူးတာမှမဟုတ်ပဲလေ….
ကဲ ဒီသတင်းဖတ်ပြီးသွားလို့ မကျေနပ်ဘူးဆိုရင်တော့ iPhone X၊ Galaxy S9 Duo နဲ့ Google Pixel 2 ကိုင်ထားတဲ့ သူငယ်ချင်းတွေအကုန်စုပြီး Download Speed Test လုပ်ကြည့်လိုက်ရအောင်လား…မှတ်ချက် ( Download Speed Test နော်)
S9 Duo ဆိုတာကတော့ S9 နဲ႔ S9 Plus Model ၂ မျိုးလုံးကို တစ်ပါတည်းပူးတွဲခေါ်ဆိုတာဖြစ်ပါတယ်။
Ref;PhoneArena/Samsung
Phone Hay Ko (Akhayar)
www.akhayar.com