
Samsung AR Emoji



Samsung AR Emoji


Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Samsung ကနေ ပြီးခဲ့တဲ့ Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေကို ထုတ်ပေးပြီးတော့ အဆိုပါ စမတ်ဖုန်းတွေနဲ့အတူ Feature အသစ်တစ်ခုကိုပါ မိတ်ဆက်ထားခဲ့ပါတယ်။ အဲ့ဒါကတော့ AR Emoji Feature ပဲဖြစ်ပါတယ်။

Samsung AR Emoji

Samsung ရဲ့ ယခု AR Emoji ဟာ Apple ရဲ့ Animoji လိုမျိုး ကိုယ့်မျက်နှာကို Scan ဖတ်ပြီးတော့ Emoji ပုံစံမျိုး ပြုလုပ်ပေးတဲ့ Feature ဖြစ်ပြီးတော့ Samsung က ကိုယ့်မျက်နှာကို အနီးစပ်ဆုံးတူညီအောင်လည်း ပြင်ဆင်နိုင်စွမ်းတွေအများအပြားပေးထားတာပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ကနေ AR Emoji ကို Video Call မှာပါ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှာ Samsung Galaxy S9 ဖုန်းတွေကနေ Video Call ခေါ်ရင် ကိုယ့်မျက်နှာအစား AR Emoji နဲ့ ခေါ်နိုင်တော့မှာပါ။

Samsung AR Emoji

ဒါပေမယ့်တစ်ခုရှိတာကတော့ အခုလိုမျိုး မျက်နှာချင်းဆိုင် Video Call ခေါ်တဲ့နေရာမှာ AR Emoji တွေကို အသုံးပြုနေတာက လူအများအတွက်အဆင်ပြေပါ့မလားကတော့ စဉ်းစားစရာပါ။

Zawyè (Akhayar) 

www.akhayar.com