Samsung ကနေ Galaxy S8 အတွက် Android Oreo ကိုပြန်လည်ရပ်ဆိုင်း





Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Samsung ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Galaxy S8 စမတ်ဖုန်းအတွက် Android 8.0 Oreo ကို ဂျာမနီအပါအဝင်အချို့သော Market တွေကို Update ထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် Samsung က အခုအချိန်မှာတော့ အဆိုပါ Android Oreo Update ကို Samsung က ပြန်ပြီးရပ်ဆိုင်းလိုက်ပုံပါပဲ။

Samsung က အခု Samsung Galaxy S8 ရဲ့ Android Oreo Update ကို Turkey ၊ Norway ၊ UAE ၊ India ၊ Belgium ၊ Germany ၊ France နဲ့ Poland နိုင်ငံတွေမှာပဲ ထုတ်ပေးခဲ့တာဖြစ်ပြီးတော့ အခြားသောနိုင်ငံတွေအတွက် ထုတ်ပေးခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ Samsung ကနေ အဆိုပါ Android Oreo Update ကို အကြောင်းပြချက်မရှိပဲ ပြန်လည်ရုတ်သိမ်းလိုက်တယ်လို့ သိရှိရပါတယ်။ အဲ့ဒါကလည်း Samsung ရဲ့ Server တွေမှာပါ ဖျက်ပစ်လိုက်တာဖြစ်တဲ့အတွက် လုံးဝပြန်ပြီးရှာဖွေ Download လုပ်နိုင်တော့မှာမဟုတ်တော့ပါဘူး။

Samsung က အခုလိုမျိုး Android Oreo Update ကို ရုတ်သိမ်လိုက်တာက ဘာအတွက်ကြောင့်လဲဆိုတာကို ထုတ်ဖော်မပြောကြားခဲ့တဲ့အပြင် ဘယ်အချိန်မှာပြန်ပြီး Update ရရှိမလဲဆိုတာကိုပါ နှုတ်ပတ်နေတာပဲဖြစ်ပါတယ်။ Samsung ဟာ အခုအချိန်မှာ Android Oreo ကို Beta Version 5 အထိ ထုတ်ပေးခဲ့ပြီးမှ Oreo Update ကို Stable အနေနဲ့ ထုတ်ပေးခဲ့ပြီးတော့ အချိန်ခဏလေးအတွင်း ပြန်လည်ရပ်ဆိုင်းတာဟာ ဘာပြဿနာကြီးကြီးမားမားရှိနေသလဲဆိုတာ စဉ်းစားစရာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com