ကဲ ဒီေန႔ကေတာ့ တကယ့္ေန႔ပါပဲ။ ဘာလုိ႔လဲဆုိေတာ့ ဒီေန႔ နယူးေယာ့ခ္စံေတာ္ခ်ိန္ မနက္ ၁၁နာရီ (ျမန္မာစံေတာ္ခ်ိန္ ည ၉နာရီခြဲခန္႔) မွာ Samsung က အဓိကစမတ္ဖုန္းျဖစ္တဲ့ Galaxy S8 စမတ္ဖုန္းသစ္ကုိ ထုတ္လုပ္သြားဖုိ႔ရွိေနလုိ႔ပါပဲ။ ဒါေၾကာင့္ သတင္းေပါက္ၾကားၿပီးျဖစ္ေနတဲ့ Galaxy S8 ဖုန္းမွာ ပါဝင္ဖုိ႔ ေသခ်ာသေလာက္ျဖစ္ေနတဲ့ အခ်က္အလက္အခ်ိဳ႕ကုိ တင္ဆက္ေပးလုိက္ပါတယ္။

“Edge Screen” နဲ႔ ခ်ည္းပဲ ထုတ္လုပ္မယ့္အျပင္ Super Slim Bezels လို႔ေခၚတဲ့ ေဘးအနားသတ္ေတြရဲ႕ အရြယ္အစားကုိ အံ့အားသင့္ဖြယ္ေကာင္းေအာင္ခ်ံဳ႕မယ့္ဒီဇိုင္း၊ Intelligent Assistant “Bixby” နဲ႔ Samsung Dex လုိ႔ေခးတဲ့ ဖုန္းကုိ ကြန္ပ်ဴတာ၊ ကီဘုတ္နဲ႔ ေမာက္ေတြလုိ တျခား External Display တစ္ခုနဲ႔ ခ်ိတ္ဆက္ႏုိင္မယ့္ လုပ္ေဆာင္ခ်က္ေတြ ပါဝင္လာမွာပါ။

အဲ့ဒိအျပင္ မၾကာေသးတဲ့ သတင္းတစ္ခုအရ “Bluetooth Dual Audio” စနစ္ကုိ အသံုးျပဳထားမွာျဖစ္ေၾကာင္းလည္း သိပါတယ္။ ဒါဟာဆုိရင္ Bluetooth အသံကုိ မတူညီတဲ့ Hedsets ေတြ၊ စပီကာေတြနဲ႔ တစ္ခ်ိန္ထဲအသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ကဲဒါက အၾကမ္းဖ်ဥ္းသံုးသပ္မႈပါ။ အေသးစိတ္အေနနဲ႔

 

 INFINITY DISPLAY

Always On Display S7 လိုပဲ နာရီ၊ ျပကၡဒိန္အပါအဝင္ အခ်က္အလက္ေတြကုိ Screen Off လုပ္ထားရင္ေတာင္ ေတြ႔ျမင္ရမွာပါ။

Multi window – သင့္အေနနဲ႔ App ႏွစ္ခုကုိ မ်က္ႏွာျပင္ အေျပာင္းအလဲ လုပ္စရာမလုိပဲ တစ္ခ်ိန္တည္း အလုပ္လုပ္ႏုိင္မွာပါ။ တကယ္လို႔ Snap Window လုပ္ေဆာင္ခ်က္ကုိ အသံုးျပဳမယ္ဆုိရင္ သင့္အေနနဲ႔ အေပၚပုိင္းမ်က္ႏွာျပင္အတြက္ လုိအပ္တဲ့ ဧရိယာပမာဏကို Pin လုပ္ထားၿပီး တျခား App နဲ႔ လုပ္ေဆာင္ခ်က္ေတြကုိ ေအာက္ကေန အသံုးျပဳႏုိင္မွာပါ။

INITELLIGENT LIFE

Hello Bixby – သင့္အေနနဲ႔ ရာသီဥတု၊ Reminder နဲ႔ Alarm ေတြလုိ Update ျဖစ္ရမယ့္ Content ေတြကုိ တစ္ေနရာထဲကေန မၾကာခန Update လုပ္ခုိင္းႏုိင္မွာပါ။ Helllo Bixby က သင့္ရဲ႕ သံုးစြဲတဲ့ပံုစံကုိ ခြဲျခမ္းစိတ္ျဖာၿပီး သတင္းအခ်က္အလက္ေတြ၊ App ေတြနဲ႔ Function ကုိအေျခခံတဲ့ သင့္တစ္ေန႔တာလုပ္ေဆာင္ခ်က္ေတြကုိ အႀကံျပဳေပးသြားႏိုင္ပါတယ္။

Bixby Vision (image search) – Bixby Vision က ပံုရိပ္ေတြကုိ ရွာေဖြတဲ့ လုပ္ေဆာင္ခ်က္ျဖစ္ၿပီး သင့္ကုိ အဆင္ေျပေျပနဲ႔ အခ်က္အလက္ေတြကုိ ရွာေဖြေပးႏုိင္မွာပါ။ Bixby Vision ကုိ Activate လုပ္ၿပီး ပစၥည္းေတြကုိ Scan လုပ္ႏုိင္တဲ့အျပင္၊ ကင္မရာကေနတစ္ဆင့္ ထုတ္ကုန္ေတြရဲ႕ အြန္လို္င္းလိပ္စာေတြ၊ အနီးဆံုးေနရာေတြ စတဲ့တည္ေနရာေတြကုိပါ ရွာေဖြႏုိင္မွာပါ။ အဲ့ဒီအျပင္ ကုိယ္မသိတဲ့ ဘာသာစကားေတြကုိ ျပလုိက္တာနဲ႔ ဘာသာျပန္ေပးႏုိင္မွာပါ။

Reminder – Schedule Notification ေတြနဲ႔ To Do items ေတြ တည္ေနရာျပသတိေပးစနစ္ေတြ ပါဝင္ပါတယ္။ သင့္အေနနဲ႔ Reminders ကေနတစ္ဆင့္ ဗီဒီယုိေတြ၊ ပံုေတြနဲ႔ ဝက္ဘ္ဆိုက္က အခ်က္အလက္ေတြကုိလည္း Remind ျပဳလုပ္ထားႏုိင္ပါတယ္။

Bixby (intelligent voice assistant) – Bixby ဟာ လိမၼာတဲ့အသံလက္ေထာက္တစ္ခုျဖစ္ၿပီး သူ႔အေနနဲ႔ ပစၥည္းကို ပုိမုိၿပီး အဆင္ေျပေျပေခ်ာေခ်ာေမြ႔ေမြ႔ ကိုင္တြယ္ႏိုင္ဖုိ႔ ကူညီေပးပါလိမ့္မယ္။ Bixby ကီးကုိႏွိပ္ၿပီး ဒါမွမဟုတ္ “Bixby” လုိ႔ေခၚၿပီးေတာ့ သူ႔ကုိ အကူအညီေတာင္းလုိက္တဲ့အခါမွာ Bixby က တံု႔ျပန္မႈေပးႏုိင္မွာျဖစ္ၿပီး စကားေျပာၿပီးျဖစ္ျဖစ္၊ ဒါမွမဟုတ္ စာရုိက္ၿပီးပဲျဖစ္ျဖစ္ စကားစျမည္ေျပာဆုိႏုိင္ပါတယ္။ Bixby ဟာ သင္လုိခ်င္တဲ့ လုပ္ေဆာင္ခ်က္၊ အခ်က္အလက္ေတြကုိ ဖြင့္ေပး / ရွာေပးႏုိင္ပါတယ္။

 

SECURITY

Iris recognition – မ်က္ၾကည္လႊာဖတ္လံုျခံဳေရး စနစ္ဟာ သင့္မ်က္ၾကည္လႊာက ပံုစံေတြ၊ သ႑န္ေတြစတဲ့ သြင္ျပင္လကၡဏာေတြကုိ တုႏႈိင္းမဲ့ေအာင္ ေကာင္းမြန္စြာ ဖတ္ရႈႏုိင္တာေၾကာင့္ သင့္ပစၥည္းရဲ႕လံုျခံဳေရးကုိ အေကာင္းဆုံးေစာင့္ေရွာက္ေပးႏုိင္မွာပါ။ သင့္အေနနဲ႔ မ်က္ႏွာျပင္ကုိ Unlock လုပ္ဖုိ႔အတြက္ Iris Data ကုိ အလွ်င္အျမန္အသံုးျပဳႏုိင္ၿပီး Samsung Account နဲ႔ Verify လုပ္ထားရမွာပါ။

Fingerprint Recognition – Built-in အေနနဲ႔ Fingerprint ကုိ ဖတ္ႏုိင္မယ့္ ဆင္ဆာတစ္ခုပါဝင္ၿပီး လက္ေဗြရာကုိ ထိေတြ႔လုိက္ရုံပဲျဖစ္ပါတယ္။ Fingerprint ကုိအသံုးျပဳၿပီး သင့္အေနနဲ႔ ဖုန္းကုိ Unlock လုပ္တာ၊ Samsung Pay နဲ႔ ေပးေျခတာေတြျပဳလုပ္ႏုိင္ပါတယ္။

Secure Folder – သင့္ရဲ႕ “Private Content ေတြနဲ႔ App ေတြကုိ Secure Folder” ထဲမွာ ထည့္သြင္းသိမ္းဆည္းထားႏုိင္မွာပါ။ ဓာတ္ပံုေတြ၊ မွတ္ဥာဏ္ေတြနဲ႔ App ေတြကုိ Secure Folder နဲ႔ထည့္ၿပီး တျခားသူေတြဝင္လုိ႔မရေအာင္ သိမ္းထားႏုိင္မွာပါ။ ဒီလုပ္ေဆာင္ခ်က္လုပ္ႏုိင္တဲ့ Third Party App ေတြရွိေပမယ့္ App ေတြေတာ့ ထည့္သိမ္းမထားႏုိင္ပါဘူး။ Samsung လုပ္ေဆာင္ခ်က္ကေတာ့ ေတာ္ေတာ္မိုက္ပါတယ္။

Samsung Pass – Website ေတြအတြက္ သင့္ ID ေတြနဲ႔ Password ေတြကို Samsung Pass လုိ႔ေခၚတဲ့ သင့္ Biometric ေဒတာေတြကုိအေျခခံ၊ လံုျခံဳေရးယူထားတဲ့ လုပ္ေဆာင္ခ်က္မွာ Verify လုပ္ထားႏုိင္ပါတယ္။

အဲ့ဒီအျပင္ ဖုန္းေတြမွာပါဝင္ေနၾကျဖစ္တဲ့ Pattern ေတြ၊ Password ေတြနဲ႔ ထည့္သြင္းတဲ့လံုျခံဳေရး စနစ္လည္း ရွိပါေသးတယ္။

Image result for samsung galaxy s8

CAMERA

Galaxy S8 ဖုန္းသစ္မွာ ဓာတ္ပံုေတြရုိက္ကူးဖုိ႔ ကင္မရာလုပ္ေဆာင္ခ်က္ေတြကုိ တုိးျမွင့္ထားပါတယ္။ အဲ့ဒီအျပင္ ရွင္းလင္းျပတ္သားတဲ့ Selfie ပံုေတြရုိက္ကူးႏုိင္ဖုိ႔ ကင္မရာမွာ Smart Auto Focus ပါဝင္ၿပီး ရုိက္ကူးမႈအမ်ိဳးမ်ိဳးကုိ Shooting Modes အမ်ိဳးမ်ိဳး၊ Filter အမ်ိဳးမ်ိဳးနဲ႔ ရိုက္ကူးႏုိင္မွာပါ။

 

အျခားအခ်က္အလက္မ်ား

Samsung Pay – ဒါကေတာ့ Credit ၊ Debit ပံုစံေတြနဲ႔ Samsung ကေန ေပးေခ်မႈေတြျပဳလုပ္ႏုိင္တဲ့ လုပ္ေဆာင္ခ်က္ပါ။

Samsung DeX – Samsung DeX ကေတာ့ အေပၚမွာေျပာခဲ့တဲ့အတုိင္းပဲ သင့္စမတ္ဖုန္းကုိ တျခား ကြန္ပ်ဴတာေတြ အပါအဝင္ တီဗီေတြ၊ ေမာ္နီတာေတြလုိ External Display ေတြနဲ႔ ခ်ိတ္ဆက္နုိင္မယ့္လုပ္ေဆာင္ခ်က္ပါ။ သင့္အေနနဲ႔ ဒီလုပ္ေဆာင္ခ်က္အသံုးျပဳလုိက္ရင္ External Display မွာ ကီးဘုတ္ေတြ၊ Mouse ေတြနဲ႔ ခ်ိတ္ဆက္သြားၿပီး ခြင္က်ယ္က်ယ္နဲ႔ အသံုးျပဳနုိင္မွာပါ။

Samsung Connect – အနီးအနားက ပစၥည္းေတြကုိ ခ်ိတ္ဆက္ႏုိင္မွာပါ။ အထူးသျဖင့္ Bluetooth Headset ေတြနဲ႔ အျခားစမတ္ဖုးေတြပါပဲ။ လြယ္ကူ၊ လွ်င္ျမန္ပါတယ္။ သင့္အေနနဲ႔ TV နဲ႔ အိမ္သံုးပစၥည္းေတြကုိလည္း ထိန္းခ်ဳပ္ႏုိင္မယ့္အျပင္၊ IoT ပစၥည္းေတြကုိလည္း စမတ္ဖုန္းကေန လြယ္လြယ္ကူကူ ထိန္းခ်ဳပ္ႏုိင္မွာ ျဖစ္ပါတယ္။

Samsung Cloud – ဓာတ္ပံု၊ ဗီဒီယုိနဲ႔ App ေတြစတဲ့ အေရးႀကီးတဲ့ ေဒတာေတြကို သိမ္းဆည္းႏုိင္မယ့္ Store တစ္ခုပါ။ လံုျခံဳၿပီး Samsung Cloud ကုိ တျခား ပစၥည္းေတြကေနလည္း ၾကည့္ရႈႏုိင္ပါတယ္။

Bluetooth Dual audio – ဒီဖုန္းမွာမွ အသစ္ပါဝင္လာမယ့္ လုပ္ေဆာင္ခ်က္ပါ။ စမတ္ဖုန္းက Audio ေတြကုိ Bluetooth Headset ႏွစ္ခု ဒါမွမဟုတ္ စပီကေတြကုိ ထုတ္လႊင့္ေပးႏုိင္မွာပါ။ သင့္အေနနဲ႔ ခ်ိတ္ဆက္ပစၥည္းတစ္ခုစီက အသံေတြကုိလည္း ထိန္းခ်ဳပ္ႏုိင္မွာျဖစ္တာေၾကာင့္ သင့္ေကာင္မေလးနဲ႔သင့္ “နားၾကပ္တစ္ခုကိုတစ္ဖက္စီတပ္ရင္း သီခ်င္းနားေထာင္ဖူးတယ္”  လုိ႔ေျပာစရာမလုိေတာ့ပါဘူး။ ?

External Memory Card (microSD card) – microSD ကတ္ကုိလည္း Galaxy S8 မွာ ဆက္လက္အသံုးျပဳႏိုင္ဦးမွာပါ။ သတင္းေတြကေတာ့ 1TB အထိဆန္႔တဲ့ ကတ္ကုိေတာင္ ထည့္ႏုိင္ေအာင္ Samsung ကျပဳလုပ္ေပးသြားမယ္လုိ႔ ဆုိၾကပါတယ္။

Water resistant – သင့္အေနနဲ႔ Galaxy S8 မွာ IP68 အဆင့္ရွိတဲ့ ေရစိမ္ခံႏုိင္စြမ္းကုိေတြ႔ရမွာ ျဖစ္ပါတယ္။ သင့္အေနနဲ႔ စမတ္ဖုန္းကုိ စိုရႊဲတဲ့ပတ္ဝန္းက်င္နဲ႔ အေျခအေနေတြမွာ ေကာင္းေကာင္းအသံုးျပဳႏုိင္ပါတယ္။

 

ကဲေဖာ္ျပခဲ့တဲ့ အခ်က္အလက္ေတြကေတာ့ Galaxy S8 မွာ ပါဝင္မယ့္ အေသးစိတ္အခ်က္အခ်ိဳ႕ပါပဲ။ တကယ္ျဖစ္လာမလာဆုိတာကေတာ့ ထြက္လာမွ ေသခ်ာသိရမွာပါ။ ေစ်းႏႈန္းေတြဘာေတြေတာ့ သတင္းထြက္ထားျခင္းမရွိေသးပါဘူး။

ဒီေန႔ည ၉နာရီခြဲမွာ ထြက္လာမယ့္ ဖုန္းကေတာ့ ရင္ခုန္စရာပါ။ ကၽြန္ေတာ္တုိ႔ Akhayar ကလည္း ထုတ္ေဖာ္တဲ့အခ်ိန္က်ရင္ Update အခ်က္အလက္ေတြကုိ အခ်ိန္နဲ႔ တစ္ေျပးညီတင္ေပးႏုိင္ဖုိ႔ ႀကိဳးပမ္းေပးသြားပါမယ္။ 🙂

Joker (Akhayar)

Ref: The Verge

===============

 

[Unicode]

Galaxy S8 မှာ ပါဝင်ဖို့ သေချာနေတဲ့ အချက်များ

ကဲ ဒီနေ့ကတော့ တကယ့်နေ့ပါပဲ။ ဘာလို့လဲဆိုတော့ ဒီနေ့ နယူးယော့ခ်စံတော်ချိန် မနက် ၁၁နာရီ (မြန်မာစံတော်ချိန် ည ၉နာရီခွဲခန့်) မှာ Samsung က အဓိကစမတ်ဖုန်းဖြစ်တဲ့ Galaxy S8 စမတ်ဖုန်းသစ်ကို ထုတ်လုပ်သွားဖို့ရှိနေလို့ပါပဲ။ ဒါကြောင့် သတင်းပေါက်ကြားပြီးဖြစ်နေတဲ့ Galaxy S8 ဖုန်းမှာ ပါဝင်ဖို့ သေချာသလောက်ဖြစ်နေတဲ့ အချက်အလက်အချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

“Edge Screen” နဲ့ ချည်းပဲ ထုတ်လုပ်မယ့်အပြင် Super Slim Bezels လို့ခေါ်တဲ့ ဘေးအနားသတ်တွေရဲ့ အရွယ်အစားကို အံ့အားသင့်ဖွယ်ကောင်းအောင်ချုံ့မယ့်ဒီဇိုင်း၊ Intelligent Assistant “Bixby” နဲ့ Samsung Dex လို့ခေးတဲ့ ဖုန်းကို ကွန်ပျူတာ၊ ကီဘုတ်နဲ့ မောက်တွေလို တခြား External Display တစ်ခုနဲ့ ချိတ်ဆက်နိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်လာမှာပါ။

အဲ့ဒိအပြင် မကြာသေးတဲ့ သတင်းတစ်ခုအရ “Bluetooth Dual Audio” စနစ်ကို အသုံးပြုထားမှာဖြစ်ကြောင်းလည်း သိပါတယ်။ ဒါဟာဆိုရင် Bluetooth အသံကို မတူညီတဲ့ Hedsets တွေ၊ စပီကာတွေနဲ့ တစ်ချိန်ထဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကဲဒါက အကြမ်းဖျဉ်းသုံးသပ်မှုပါ။ အသေးစိတ်အနေနဲ့

 

 INFINITY DISPLAY

Always On Display S7 လိုပဲ နာရီ၊ ပြက္ခဒိန်အပါအဝင် အချက်အလက်တွေကို Screen Off လုပ်ထားရင်တောင် တွေ့မြင်ရမှာပါ။

Multi window – သင့်အနေနဲ့ App နှစ်ခုကို မျက်နှာပြင် အပြောင်းအလဲ လုပ်စရာမလိုပဲ တစ်ချိန်တည်း အလုပ်လုပ်နိုင်မှာပါ။ တကယ်လို့ Snap Window လုပ်ဆောင်ချက်ကို အသုံးပြုမယ်ဆိုရင် သင့်အနေနဲ့ အပေါ်ပိုင်းမျက်နှာပြင်အတွက် လိုအပ်တဲ့ ဧရိယာပမာဏကို Pin လုပ်ထားပြီး တခြား App နဲ့ လုပ်ဆောင်ချက်တွေကို အောက်ကနေ အသုံးပြုနိုင်မှာပါ။

INITELLIGENT LIFE

Hello Bixby – သင့်အနေနဲ့ ရာသီဥတု၊ Reminder နဲ့ Alarm တွေလို Update ဖြစ်ရမယ့် Content တွေကို တစ်နေရာထဲကနေ မကြာခန Update လုပ်ခိုင်းနိုင်မှာပါ။ Helllo Bixby က သင့်ရဲ့ သုံးစွဲတဲ့ပုံစံကို ခွဲခြမ်းစိတ်ဖြာပြီး သတင်းအချက်အလက်တွေ၊ App တွေနဲ့ Function ကိုအခြေခံတဲ့ သင့်တစ်နေ့တာလုပ်ဆောင်ချက်တွေကို အကြံပြုပေးသွားနိုင်ပါတယ်။

Bixby Vision (image search) – Bixby Vision က ပုံရိပ်တွေကို ရှာဖွေတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး သင့်ကို အဆင်ပြေပြေနဲ့ အချက်အလက်တွေကို ရှာဖွေပေးနိုင်မှာပါ။ Bixby Vision ကို Activate လုပ်ပြီး ပစ္စည်းတွေကို Scan လုပ်နိုင်တဲ့အပြင်၊ ကင်မရာကနေတစ်ဆင့် ထုတ်ကုန်တွေရဲ့ အွန်လိုင်းလိပ်စာတွေ၊ အနီးဆုံးနေရာတွေ စတဲ့တည်နေရာတွေကိုပါ ရှာဖွေနိုင်မှာပါ။ အဲ့ဒီအပြင် ကိုယ်မသိတဲ့ ဘာသာစကားတွေကို ပြလိုက်တာနဲ့ ဘာသာပြန်ပေးနိုင်မှာပါ။

Reminder – Schedule Notification တွေနဲ့ To Do items တွေ တည်နေရာပြသတိပေးစနစ်တွေ ပါဝင်ပါတယ်။ သင့်အနေနဲ့ Reminders ကနေတစ်ဆင့် ဗီဒီယိုတွေ၊ ပုံတွေနဲ့ ဝက်ဘ်ဆိုက်က အချက်အလက်တွေကိုလည်း Remind ပြုလုပ်ထားနိုင်ပါတယ်။

Bixby (intelligent voice assistant) – Bixby ဟာ လိမ္မာတဲ့အသံလက်ထောက်တစ်ခုဖြစ်ပြီး သူ့အနေနဲ့ ပစ္စည်းကို ပိုမိုပြီး အဆင်ပြေပြေချောချောမွေ့မွေ့ ကိုင်တွယ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ Bixby ကီးကိုနှိပ်ပြီး ဒါမှမဟုတ် “Bixby” လို့ခေါ်ပြီးတော့ သူ့ကို အကူအညီတောင်းလိုက်တဲ့အခါမှာ Bixby က တုံ့ပြန်မှုပေးနိုင်မှာဖြစ်ပြီး စကားပြောပြီးဖြစ်ဖြစ်၊ ဒါမှမဟုတ် စာရိုက်ပြီးပဲဖြစ်ဖြစ် စကားစမြည်ပြောဆိုနိုင်ပါတယ်။ Bixby ဟာ သင်လိုချင်တဲ့ လုပ်ဆောင်ချက်၊ အချက်အလက်တွေကို ဖွင့်ပေး / ရှာပေးနိုင်ပါတယ်။

 

SECURITY

Iris recognition – မျက်ကြည်လွှာဖတ်လုံခြုံရေး စနစ်ဟာ သင့်မျက်ကြည်လွှာက ပုံစံတွေ၊ သဏ္ဍန်တွေစတဲ့ သွင်ပြင်လက္ခဏာတွေကို တုနှိုင်းမဲ့အောင် ကောင်းမွန်စွာ ဖတ်ရှုနိုင်တာကြောင့် သင့်ပစ္စည်းရဲ့လုံခြံုရေးကို အကောင်းဆုံးစောင့်ရှောက်ပေးနိုင်မှာပါ။ သင့်အနေနဲ့ မျက်နှာပြင်ကို Unlock လုပ်ဖို့အတွက် Iris Data ကို အလျှင်အမြန်အသုံးပြုနိုင်ပြီး Samsung Account နဲ့ Verify လုပ်ထားရမှာပါ။

Fingerprint Recognition – Built-in အနေနဲ့ Fingerprint ကို ဖတ်နိုင်မယ့် ဆင်ဆာတစ်ခုပါဝင်ပြီး လက်ဗွေရာကို ထိတွေ့လိုက်ရုံပဲဖြစ်ပါတယ်။ Fingerprint ကိုအသုံးပြုပြီး သင့်အနေနဲ့ ဖုန်းကို Unlock လုပ်တာ၊ Samsung Pay နဲ့ ပေးခြေတာတွေပြုလုပ်နိုင်ပါတယ်။

Secure Folder – သင့်ရဲ့ “Private Content တွေနဲ့ App တွေကို Secure Folder” ထဲမှာ ထည့်သွင်းသိမ်းဆည်းထားနိုင်မှာပါ။ ဓာတ်ပုံတွေ၊ မှတ်ဉာဏ်တွေနဲ့ App တွေကို Secure Folder နဲ့ထည့်ပြီး တခြားသူတွေဝင်လို့မရအောင် သိမ်းထားနိုင်မှာပါ။ ဒီလုပ်ဆောင်ချက်လုပ်နိုင်တဲ့ Third Party App တွေရှိပေမယ့် App တွေတော့ ထည့်သိမ်းမထားနိုင်ပါဘူး။ Samsung လုပ်ဆောင်ချက်ကတော့ တော်တော်မိုက်ပါတယ်။

Samsung Pass – Website တွေအတွက် သင့် ID တွေနဲ့ Password တွေကို Samsung Pass လို့ခေါ်တဲ့ သင့် Biometric ဒေတာတွေကိုအခြေခံ၊ လုံခြုံရေးယူထားတဲ့ လုပ်ဆောင်ချက်မှာ Verify လုပ်ထားနိုင်ပါတယ်။

အဲ့ဒီအပြင် ဖုန်းတွေမှာပါဝင်နေကြဖြစ်တဲ့ Pattern တွေ၊ Password တွေနဲ့ ထည့်သွင်းတဲ့လုံခြုံရေး စနစ်လည်း ရှိပါသေးတယ်။

Image result for samsung galaxy s8

CAMERA

Galaxy S8 ဖုန်းသစ်မှာ ဓာတ်ပုံတွေရိုက်ကူးဖို့ ကင်မရာလုပ်ဆောင်ချက်တွေကို တိုးမြှင့်ထားပါတယ်။ အဲ့ဒီအပြင် ရှင်းလင်းပြတ်သားတဲ့ Selfie ပုံတွေရိုက်ကူးနိုင်ဖို့ ကင်မရာမှာ Smart Auto Focus ပါဝင်ပြီး ရိုက်ကူးမှုအမျိုးမျိုးကို Shooting Modes အမျိုးမျိုး၊ Filter အမျိုးမျိုးနဲ့ ရိုက်ကူးနိုင်မှာပါ။

 

အခြားအချက်အလက်များ

Samsung Pay – ဒါကတော့ Credit ၊ Debit ပုံစံတွေနဲ့ Samsung ကနေ ပေးချေမှုတွေပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ပါ။

Samsung DeX – Samsung DeX ကတော့ အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ သင့်စမတ်ဖုန်းကို တခြား ကွန်ပျူတာတွေ အပါအဝင် တီဗီတွေ၊ မော်နီတာတွေလို External Display တွေနဲ့ ချိတ်ဆက်နိုင်မယ့်လုပ်ဆောင်ချက်ပါ။ သင့်အနေနဲ့ ဒီလုပ်ဆောင်ချက်အသုံးပြုလိုက်ရင် External Display မှာ ကီးဘုတ်တွေ၊ Mouse တွေနဲ့ ချိတ်ဆက်သွားပြီး ခွင်ကျယ်ကျယ်နဲ့ အသုံးပြုနိုင်မှာပါ။

Samsung Connect – အနီးအနားက ပစ္စည်းတွေကို ချိတ်ဆက်နိုင်မှာပါ။ အထူးသဖြင့် Bluetooth Headset တွေနဲ့ အခြားစမတ်ဖုးတွေပါပဲ။ လွယ်ကူ၊ လျှင်မြန်ပါတယ်။ သင့်အနေနဲ့ TV နဲ့ အိမ်သုံးပစ္စည်းတွေကိုလည်း ထိန်းချုပ်နိုင်မယ့်အပြင်၊ IoT ပစ္စည်းတွေကိုလည်း စမတ်ဖုန်းကနေ လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

Samsung Cloud – ဓာတ်ပုံ၊ ဗီဒီယိုနဲ့ App တွေစတဲ့ အရေးကြီးတဲ့ ဒေတာတွေကို သိမ်းဆည်းနိုင်မယ့် Store တစ်ခုပါ။ လုံခြုံပြီး Samsung Cloud ကို တခြား ပစ္စည်းတွေကနေလည်း ကြည့်ရှုနိုင်ပါတယ်။

Bluetooth Dual audio – ဒီဖုန်းမှာမှ အသစ်ပါဝင်လာမယ့် လုပ်ဆောင်ချက်ပါ။ စမတ်ဖုန်းက Audio တွေကို Bluetooth Headset နှစ်ခု ဒါမှမဟုတ် စပီကတွေကို ထုတ်လွှင့်ပေးနိုင်မှာပါ။ သင့်အနေနဲ့ ချိတ်ဆက်ပစ္စည်းတစ်ခုစီက အသံတွေကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်တာကြောင့် သင့်ကောင်မလေးနဲ့သင့် “နားကြပ်တစ်ခုကိုတစ်ဖက်စီတပ်ရင်း သီချင်းနားထောင်ဖူးတယ်”  လို့ပြောစရာမလိုတော့ပါဘူး။ ?

External Memory Card (microSD card) – microSD ကတ်ကိုလည်း Galaxy S8 မှာ ဆက်လက်အသုံးပြုနိုင်ဦးမှာပါ။ သတင်းတွေကတော့ 1TB အထိဆန့်တဲ့ ကတ်ကိုတောင် ထည့်နိုင်အောင် Samsung ကပြုလုပ်ပေးသွားမယ်လို့ ဆိုကြပါတယ်။

Water resistant – သင့်အနေနဲ့ Galaxy S8 မှာ IP68 အဆင့်ရှိတဲ့ ရေစိမ်ခံနိုင်စွမ်းကိုတွေ့ရမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ စမတ်ဖုန်းကို စိုရွှဲတဲ့ပတ်ဝန်းကျင်နဲ့ အခြေအနေတွေမှာ ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။

 

ကဲဖော်ပြခဲ့တဲ့ အချက်အလက်တွေကတော့ Galaxy S8 မှာ ပါဝင်မယ့် အသေးစိတ်အချက်အချို့ပါပဲ။ တကယ်ဖြစ်လာမလာဆိုတာကတော့ ထွက်လာမှ သေချာသိရမှာပါ။ စျေးနှုန်းတွေဘာတွေတော့ သတင်းထွက်ထားခြင်းမရှိသေးပါဘူး။

ဒီနေ့ည ၉နာရီခွဲမှာ ထွက်လာမယ့် ဖုန်းကတော့ ရင်ခုန်စရာပါ။ ကျွန်တော်တို့ Akhayar ကလည်း ထုတ်ဖော်တဲ့အချိန်ကျရင် Update အချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီတင်ပေးနိုင်ဖို့ ကြိုးပမ်းပေးသွားပါမယ်။ ?

Joker (Akhayar)

Ref: The Verge