Samsung ဟာ ဒီႏွစ္အတြက္ေတာ့ ထုတ္ရမယ့္ Galaxy S9 ေရာ၊ Note 9 စမတ္ဖုန္းေတြေရာ ထုတ္ျပီးတဲ့အတြက္ ေနာက္ထပ္ Flagship ဖုန္းေတြ ဒီႏွစ္ကို ဆက္ရွိလာမွာမဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္ ေနာက္ႏွစ္မွာ ထြက္ရွိလာမယ့္ Galaxy S10 စမတ္ဖုန္းအတြက္ အခုထဲက ၾကိဳတင္ျပီး သတင္းေတြထြက္ေနျပီျဖစ္ပါတယ္။

Samsung Galaxy S9+

ေနာက္လာမယ့္ႏွစ္ ၂၀၁၉ ခုႏွစ္ဟာ နည္းပညာပိုင္းမွာ ၾကီးမားတဲ့အေျပာင္းအလဲရွိလာႏုိင္ျပီးေတာ့ အဲ့ဒါကလည္း 5G Network ကို စတင္အသံုးျပဳလာမွာေၾကာင့္ျဖစ္ပါတယ္။ အဲ့ဒီအတြက္ စမတ္ဖုန္းေတြမွာလည္း ၾကီးမားတဲ့ေျပာင္းလဲမႈရွိလာမွာျဖစ္ျပီး အင္တာနက္အျမန္ႏႈန္းေတြတင္မဟုတ္ဘဲ တျခားေသာ နည္းပညာပိုင္းတုိးတက္မႈေတြပါ အမ်ားၾကီးရွိလာႏုိင္တဲ့ ႏွစ္တစ္ႏွစ္လုိ႔ ေျပာလုိ႔ရပါတယ္။

ဒါေပမယ့္ အခုလုိမ်ိဳး 5G Network ကို စတင္ရရွိလာေပမယ့္ Samsung ကေန ထုတ္လုပ္မယ့္ ႏွစ္စပိုင္း Flagship ဖုန္းတစ္ခုျဖစ္လာမယ့္ Galaxy S10 ဖုန္းကေတာ့ 5G ကို Update ျပဳလုပ္ႏုိင္မွာ မဟုတ္တဲ့ပံုပါပဲ။ အခု သတင္းကို Samsung သတင္းေတြကို အျမဲ Leak ျပဳလုပ္ေနတတ္တဲ့ Ice Universe ကေန ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Ice Universe ရဲ႕ ေျပာၾကားခ်က္အရ Samsung ဟာ Galaxy S10 ဖုန္းကို ထုတ္လုပ္မွာျဖစ္ေပမယ့္ 5G နည္းပညာကို ထည့္သြင္းထားမွာမဟုတ္ေသးဘဲ ေနာက္ပိုင္းမွာ 5G Support ျပဳလုပ္တဲ့ စမတ္ဖုန္းတစ္ခုကို သီးသန္႔ ထုတ္လုပ္သြားမယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ Samsung ရဲ႕ CEO DJ Koh ကိုယ္တိုင္က Galaxy S10 ဟာ Galaxy Note ရဲ႕ ေပါင္းစပ္သြားမွာမဟုတ္ဘဲ S Series သပ္သပ္၊ Note Series သပ္သပ္ျဖစ္ေနဦးမွာလုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Samsung Galaxy S9+

Samsung ဟာ Foldable ဖုန္းကိုလည္း ထုတ္လုပ္ဦးမွာျဖစ္ျပီးေတာ့ အခုအခ်ိန္မွာ Huawei ရဲ႕ တတိယေနရာကေန ဒုတိယေနရာကို တက္လာျပီး Samsung ကို ျခိမ္းေျခာက္ေနတာကိုလည္း ကာကြယ္သြားမယ္လုိ႔ သိရပါတယ္။

Samsung ဟာ ျပီးခဲ့တဲ့ ရက္သတၱပတ္ကမွ 5G နဲ႔ AI အေပၚကို ေဒၚလာ ၂၂ ဘီလီယံ ရင္းႏွီးျမဳပ္ႏွံထားတဲ့အတြက္ 5G အသံုးျပဳလာမယ့္ဖုန္းကို ထုတ္လုပ္တဲ့အခ်ိန္ၾကရင္ ပုိျပီး Stable ျဖစ္ျပီး ျမန္ဆန္လာမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Samsung ဟာ ဒီနှစ်အတွက်တော့ ထုတ်ရမယ့် Galaxy S9 ရော၊ Note 9 စမတ်ဖုန်းတွေရော ထုတ်ပြီးတဲ့အတွက် နောက်ထပ် Flagship ဖုန်းတွေ ဒီနှစ်ကို ဆက်ရှိလာမှာမဟုတ်တော့ပါဘူး။ ဒါပေမယ့် နောက်နှစ်မှာ ထွက်ရှိလာမယ့် Galaxy S10 စမတ်ဖုန်းအတွက် အခုထဲက ကြိုတင်ပြီး သတင်းတွေထွက်နေပြီဖြစ်ပါတယ်။

Samsung Galaxy S9+

နောက်လာမယ့်နှစ် ၂၀၁၉ ခုနှစ်ဟာ နည်းပညာပိုင်းမှာ ကြီးမားတဲ့အပြောင်းအလဲရှိလာနိုင်ပြီးတော့ အဲ့ဒါကလည်း 5G Network ကို စတင်အသုံးပြုလာမှာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် စမတ်ဖုန်းတွေမှာလည်း ကြီးမားတဲ့ပြောင်းလဲမှုရှိလာမှာဖြစ်ပြီး အင်တာနက်အမြန်နှုန်းတွေတင်မဟုတ်ဘဲ တခြားသော နည်းပညာပိုင်းတိုးတက်မှုတွေပါ အများကြီးရှိလာနိုင်တဲ့ နှစ်တစ်နှစ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် အခုလိုမျိုး 5G Network ကို စတင်ရရှိလာပေမယ့် Samsung ကနေ ထုတ်လုပ်မယ့် နှစ်စပိုင်း Flagship ဖုန်းတစ်ခုဖြစ်လာမယ့် Galaxy S10 ဖုန်းကတော့ 5G ကို Update ပြုလုပ်နိုင်မှာ မဟုတ်တဲ့ပုံပါပဲ။ အခု သတင်းကို Samsung သတင်းတွေကို အမြဲ Leak ပြုလုပ်နေတတ်တဲ့ Ice Universe ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

Ice Universe ရဲ့ ပြောကြားချက်အရ Samsung ဟာ Galaxy S10 ဖုန်းကို ထုတ်လုပ်မှာဖြစ်ပေမယ့် 5G နည်းပညာကို ထည့်သွင်းထားမှာမဟုတ်သေးဘဲ နောက်ပိုင်းမှာ 5G Support ပြုလုပ်တဲ့ စမတ်ဖုန်းတစ်ခုကို သီးသန့် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Samsung ရဲ့ CEO DJ Koh ကိုယ်တိုင်က Galaxy S10 ဟာ Galaxy Note ရဲ့ ပေါင်းစပ်သွားမှာမဟုတ်ဘဲ S Series သပ်သပ်၊ Note Series သပ်သပ်ဖြစ်နေဦးမှာလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Samsung Galaxy S9+

Samsung ဟာ Foldable ဖုန်းကိုလည်း ထုတ်လုပ်ဦးမှာဖြစ်ပြီးတော့ အခုအချိန်မှာ Huawei ရဲ့ တတိယနေရာကနေ ဒုတိယနေရာကို တက်လာပြီး Samsung ကို ခြိမ်းခြောက်နေတာကိုလည်း ကာကွယ်သွားမယ်လို့ သိရပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ 5G နဲ့ AI အပေါ်ကို ဒေါ်လာ ၂၂ ဘီလီယံ ရင်းနှီးမြုပ်နှံထားတဲ့အတွက် 5G အသုံးပြုလာမယ့်ဖုန်းကို ထုတ်လုပ်တဲ့အချိန်ကြရင် ပိုပြီး Stable ဖြစ်ပြီး မြန်ဆန်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com