လောလောဆယ်မှာ Samsung ကနေ ကြေညာထားသမျှဖုန်းတွေထဲမှာ 25W Fast Charging ကို Support ပြုလုပ်တာဆိုလို့ Samsung Galaxy S10 5G Edition နဲ့ Galaxy A70 ဖုန်းတွေပဲရှိသေးတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ တခြားသော Galaxy S10 ဖုန်းတွေ ကိုင်ဆောင်ထားတဲ့သူတွေအတွက်ပါ သတင်းကောင်းတစ်ခုထွက်ပေါ်လာပါပြီ။

Galaxy S10 5G

ဒါကတော့ အခုအချိန်မှာ Samsung ကနေ ထုတ်ပေးမယ့် 25W Charger ရဲ့ Detail အသေးစိတ်ထွက်ပေါ်လာပြီဖြစ်ပြီးတော့ Galaxy S10 ဖုန်းတွေပါ အသုံးပြုလာနိုင်ဖို့ရှိနေတာပါ။ ဒီ Samsung ရဲ့ 25W Charger က Model No. EP-TA800 လို့ နာမည်ပေးထားပြီးတော့ USB-C to USB-C Power Delivery Charger အမျိုးအစားဖြစ်ပြီး Programmable Power Supply (PPS) Mode ပါဝင်လာမှာပါ။ ဒီလိုမျိုး PPS Mode က Charger အစား အားသွင်းတဲ့ စမတ်ဖုန်းကနေ လိုအပ်တဲ့ Charging Speed ကို လိုအပ်သလောက်ပဲ အလိုအလျောက်ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။

အခုသတင်းကို နာမည်ကြီး Leaker တစ်ယောက် ဖြစ်တဲ့ Ice Universe ကနေ ဖော်ပြထားခဲ့တာဖြစ်ပြီး Galaxy S10 5G ၊ Galaxy A70 ၊ A90 နဲ့ Galaxy S10 ဖုန်းတွေပါ Upgrade ပြုလုပ်ရုံနဲ့တင် အသုံးပြုလို့ရနိုင်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Galaxy S10 အသုံးပြုသူတွေအနေနဲ့ ဒီ 25W Charger ထွက်လာတဲ့အချိန်ကြရင် Update ပြုလုပ်တာ ဒါမှမဟုတ် အဆိုပါ Charger အသစ်ကို ဝယ်ယူလိုက်တာနဲ့ ပိုမြန်တဲ့ Charging Speed ကို ရရှိမှာပါ။

Ref : GSMArena