Samsung Galaxy S9+
Galaxy S10+ Antutu
Samsung Galaxy S9+
Ref : GSMArena
Zawyè (Akhayar) 
www.akhayar.com
[UNICODE]
Samsung ကနေ လာမယ့် ၂၀၁၉ ခုနှစ်အစောပိုင်းမှာ Samsung Galaxy S10 စမတ်ဖုန်းတွေကို မိတ်ဆက်ပေးတော့မှာပါ။ အခုအချိန်မှာတော့ Samsung ရဲ့ နောက်နှစ်အတွက် Flagship ဖုန်းရဲ့ Benchmark တွေထွက်ပေါ်လာပြီဖြစ်ပါတယ်။
Samsung Galaxy S9+
အခုထွက်ပေါ်လာတဲ့သတင်းတွေအရ SM-G975F လို့ Codename ပေးထားတဲ့ Samsung Galaxy S10+ ဖုန်းက 6.4″ Display ရှိမှာဖြစ်ပြီး Android Version 9.0 ကို အသုံးပြုလာတာပဲဖြစ်ပါတယ်။ အဲ့ဒီထက် အားသာချက်တစ်ခုကတော့ Processor ပိုင်းမှာ Samsung ရဲ့ ကိုယ်ပိုင် Exynos 9820 Processor အသစ်ကို အသုံးပြုလာတာဖြစ်ပြီး 8nm Architecture အသုံးပြုထားတဲ့ ဒီ Processor ရဲ့ စွမ်းဆောင်ရည်က မကြာသေးခင်ကထွက်ထားတဲ့ 7nm Architecture ကို အခြေခံထားတဲ့ Huawei Mate 20 Pro ဖုန်းတွေရဲ့ Kirin 980 Processor ထက်တောင် သာနေတာဖြစ်ပါတယ်။
Galaxy S10+ Antutu
လက်ရှိပေါက်ကြားလာခဲ့တဲ့ Antutu Benchmark အရ Galaxy S10+ ဖုနး်က Benchmark Score 325,076 Marks ရရှိထားပြီးတော့ Kirin 980 Processor ထက် ပိုပြီးကောင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ A12 Bionic Chip နဲ့ Qualcomm Snapdragon 8150 Processor တွေရဲ့ စွမ်းဆောင်ရည်ကိုတော့မမှီသေးပါဘူး။
Samsung Galaxy S9+
ဘာပဲဖြစ်ဖြစ် နောက်နှစ်ရဲ့ Samsung Galaxy S10+ စမတ်ဖုန်းက စွမ်းဆောင်ရည်တော်တော်လေးကိုကောင်းတယ်လို့ ပြောနိုင်ပြီးတော့ လက်ရှိသိရတဲ့သတင်းတွေအရ Samsung က အမြင့်ဆုံး Galaxy S10 Version အနေနဲ့ 6.7″ Display နဲ့ 12GB RAM ပါတဲ့ Version တစ်ခုကိုပါ မိတ်ဆက်ပေးဖို့ရှိနေတယ်လို့ သိရပါတယ်။
Ref : GSMArena
Zawyè (Akhayar) 
www.akhayar.com