Samsung ကနေ ယခုအချိန်မှာ 5G စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Samsung Galaxy S10 5G ဖုန်းကို တချို့သောနိုင်ငံတွေမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။ အခု Galaxy S10 5G ဖုန်းက S10 Plus ထက် Screen Size ပိုကြီးလာသလိုပဲ Camera အနေနဲ့ ToF Camera တစ်ခုပါ ထပ်မံထည့်သွင်းထားတဲ့အတွက် Back Camera အနေနဲ့ ၄ ခုအထိ ပါဝင်မှာပဲဖြစ်ပါတယ်။

Samsung Galaxy S10 5G

အဲ့ဒီအတွက် ဒီ Camera ပိုင်းကို ပုံမှန် Galaxy S10 Series ကနေ အနည်းငယ်ပြောင်းလဲထားတဲ့ Galaxy S10 5G ဖုန်းက အခုအချိန်မှာဆိုရင်တော့ Camera ပိုင်းကို စမ်းသပ်တဲ့ DxOMark Benchmark မှာ ထပ်ဆုံးနေရာကို ရယူလိုက်ပြီဖြစ်ပါတယ်။

DxOMark Mobile

အခု Galaxy S10 5G ဖုန်းက Back Camera အနေနဲ့ DxOMark ၁၁၂ မှတ်အထိ ရရရှိသွားတာဖြစ်ပြီးတော့ လက်ရှိမှာ နံပါတ် (၁) ဖြစ်နေတဲ့ Huawei P30 Pro စမတ်ဖုန်းနဲ့ တူညီသွားတာဖြစ်ပါတယ်။ အခုအမှတ်ဟာ Photo Score အနေနဲ့ ၁၁၇ မှတ်ရရှိထားပြီးတော့ Video Score အနေနဲ့ ၁၀၀ မှတ်ရရှိထားပြီးတော့ Video မှာဆိုရင်လည်း လက်ရှိ စမတ်ဖုန်းအားလုံးကို ကျော်တက်သွားတာပဲဖြစ်ပါတယ်။

Samsung Galaxy S10 5G

ဒါ့အပြင် Galaxy S10 5G စမတ်ဖုန်းရဲ့ Selfie Camera Score ကိုပါ ထုတ်ပြလိုက်ပြီးတော့ ရမှတ်အနေနဲ့ ၉၇ မှတ်ရရှိထားတဲ့အတွက် လက်ရှိမှာ အကောင်းဆုံး Selfie Camera လည်း ဖြစ်လာပြီဖြစ်ပါတယ်။ Galaxy S10+ ထက်တောင် ပိုကောင်းသွားတဲ့အချက်ကတော့ Samsung Galaxy 10 5G ဖုန်းရဲ့ Selfie Camera က Secondary Camera ကို Depth Sensor အစား ToF Sensor နဲ့ အစားထိုးလိုက်တာကြောင့်ဖြစ်နိုင်ပါတယ်။

Samsung Galaxy S10 5G

ဘာပဲဖြစ်ဖြစ် Samsung Galaxy S10 5G မှာ ပါဝင်လာတဲ့ ToF Camera စနစ်တွေက လက်တွေ့မှာ တကယ်ကို ပိုကောင်းတဲ့ရလဒ်ရရှိတယ်ဆိုတာကတော့ ငြင်းဖို့ခက်သွားပါပြီ။

Ref : GSMArena