Samsung Galaxy Note 9
Samsung Galaxy Note 9
Ref : Android Police
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Samsung ရဲ့ Galaxy Note 9 စမတ်ဖုန်းဟာ လက်ရှိ Samsung ကနေ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေအားလုံးထဲမှာ Camera ပိုင်းအကောင်းဆုံးသော စမတ်ဖုန်းတစ်ခုအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ DxOMark ကလည်း Galaxy Note 9 ကို 103 Marks ပေးထားတဲ့အတွက် လက်ရှိဖုန်းတွေထဲမှာ ကင်မရာတော်တေ်ာကောင်းတဲ့ဖုန်းတစ်ခုလည်းဖြစ်ပါတယ်။
Samsung Galaxy Note 9
အခုအချိန်မှာတော့ အဆိုပါ Galaxy Note 9 ရဲ့ ကင်မရာက ယခင်တုန်းကထက်တောင် ပိုပြီးကောင်းလာဖို့ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ Samsung ကနေ Galaxy Note 9 အတွက် ယခင်ကထက်ပိုပြီး Camera ပိုင်းပိုကောင်းလာစေမယ့် Software Update ကို ထုတ်ပေးလိုက်တာကြောင့်ဖြစ်ပါတယ်။
Samsung Galaxy Note 9 Update
အခု Software Update ဟာ File Size အနေနဲ့ 300MB ဝန်းကျင်လောက်ရှိနေပြီးတော့ Camera ပိုင်းတွေဖြစ်တဲ့ အလင်းရောင်နောက်ခံရိုက်တဲ့အချိန်မှာ မျက်နှာရဲ့ Brightness Level တွေ၊ Day/Night HDR Control Accuracy တွေလည်း တိုးတက်လာပြီး Low Light Brightness နဲ့ SNR (Signal Noise Reduction) စနစ်တွေလည်း ပိုပြီး တိုးတက်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် Security Patch Level ကိုလည်း September 1, 2018 ကို Update ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။
Samsung Galaxy Note 9
အခု Galaxy Note 9 ရဲ့ Update ဟာ လက်ရှိအချိန်မှာ အသုံးပြုသူတွေဆီကို ရောက်ရှိနေပြီဖြစ်ပြီးတော့ တကယ်လို့ Galaxy Note 9 ကို အသုံးပြုနေတဲ့သူဆိုရင်တော့ မဖြစ်မနေ Update ပြုလုပ်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။
Ref : Android Police
Zawyè (Akhayar) 
www.akhayar.com