[Zawgyi]

Galaxy Note 7 လို ၾကမၼာဆိုးမ်ိဳး Samsung အိမ္မက္ထဲ အစပ်ိဳးေနၿပီလား?

Samsung ရဲ႕ အသစ္စက္စက္ Galaxy Note 9 စမတ္ဖုန္းေလးက ေဈးကြက္ထဲေရာက္လာတာ မၾကာေသးပါဘူး၊ သူ႔ S Pen ေလးမွာ Bluetooth Function ပါလာတယ္၊ 4,000 mAh ဘက္ထရီ သုံးလာတယ္၊ ဒါေတြထက္ အေကာင္းဆုံး Display ပိုင္ဆိုင္ေနတယ္လို႔ ကြၽမ္းက်င္သူေတြ ေထာက္ျပထားတဲ့အထိ အရွိန္အဟုန္နဲ႔ ေအာင္ျမင္ေနတာကိုမွ ၾကမၼာဆိုးနဲ႔ Samsung ရင္ဆိုင္ေနရၿပီ ထင္ပါတယ္။

Samsung Galaxy Note 7

Note 9 ကို အထင္ႀကီးေစတဲ့အခ်က္တခ်က္က 4000 mAh ဘက္ထရီ ပါလာတာပါ၊ သူ႔လိုပဲ Note 7 တုန္းက ဘက္ထရီ တိုးလိုက္လို႔ ေပါက္ကြဲတယ္၊ မီးထေလာင္တယ္။ ဒီလို ျပႆနာဆက္ျဖစ္မွာ Samsung စိုးရိမ္ရေပမယ့္ CEO ႀကီး DJ Koh ကိုယ္တိုင္ “Note 9 ဘက္ထရီနဲ႔ ပတ္သက္လို႔ လုံးဝ စိတ္ခ်ထားလို႔ရပါတယ္လို႔” မိတ္ဆက္ပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း Future Proof ျဖစ္ရဲ႕လား ဆိုတဲ့ေမးခြန္းကို ဖုန္း Overheat ျဖစ္လို႔ ပိုက္ဆံအိတ္ထဲ ထည့္လိုက္႐ုံနဲ႔ မီးထေလာင္သြားတယ္ဆိုတဲ့ ျဖစ္ရပ္က သက္ေသျပေနလို႔ Note 7 အိမ္မက္ဆိုးေတြ Samsung ဆီမွာ ရွင္သန္ေနတုန္းပဲလား?

Samsung Factory

ျဖစ္စဥ္ကို အိမ္ၿခံေျမအက်ိဳးေဆာင္ Diane Chung ဆိုသူက “စက္တင္ဘာလ ၃ ရက္ေန႔က က်မ Galaxy Note 9 စကိုင္တယ္၊ အဲ့ဒီေန႔မွာပဲ အလုပ္ကိစၥတြက္ ဖုန္းေျပာတယ္၊ ဖုန္းသုံးတယ္၊ အဲ့မွာပဲ ႐ုတ္တရက္ ဖုန္းပူလာလို႔ ဖုန္းသုံးေနတာ ရပ္လိုက္တယ္၊ ဓာတ္ေလွကား ထဲေရာက္ေနတာဆိုေတာ့ လက္ထဲကိုင္မထားႏိုင္၊ ထားစရာေနရာလည္း မရွိဆိုေတာ့ ပိုက္ဆံအိတ္ထဲ ထည့္ထားမိလိုက္တယ္။ အဲ့မွာပဲ အိတ္ထဲက ေလခြၽန္သံလိုလို အသံၾကားလို႔ ပိုက္ဆံအိတ္ကို လွည့္အၾကည့္ မီးခိုးေတြ ထြက္လာလို႔ ခ်က္ခ်င္းပဲ ဓာတ္ေလွကားထဲက အျမန္ထြက္လိုက္တယ္၊ အိတ္ထဲ မီးစြဲေနတဲ့ ပစၥည္းေတြ ၾကမ္းျပင္ေပၚ သြန္ခ်ၿပီးၿငိမ္းဖို႔ႀကိဳးစားေပမယ့္ ဖုန္းက မီးဆက္ေလာင္ေနတုန္းပဲ။ အဲ့ဒါနဲ႔ အနီးက လူေတြ ျမန္ျမန္ပဲ Note 9 ကို အဝတ္ထူထူနဲ႔အုပ္၊ ေနာက္ဆုံး ေရဗုံးထဲပစ္ခ်လိုက္မွပဲ မီးၿငိမ္းတာရပ္သြားတယ္လို႔” New York ၿမိဳ႕ရဲ႕ Queens Supreme Court တရား႐ုံးမွာ သက္ေသထြက္ဆိုထားပါတယ္။

Battery Test

အခုလို ျဖစ္ပြားခဲ့တဲ့ Galaxy Note 9 မီးေလာင္မႈကို 4000 mAh ဘက္ထရီေၾကာင့္လို႔ ျပစ္တင္ေဝဖန္ ေနၾကပါတယ္။ Samsung အေနနဲ႔လည္း အရွက္တကြဲ အက်ိဳးနည္းရမယ့္ ျဖစ္ရပ္မ်ိဳးနဲ႔ ရင္ဆိုင္ေနရလို႔ တရား႐ုံးအေနနဲ႔ “Samsung Battery ေတြ ေသခ်ာဆန္းစစ္သြားဖို႔ လိုတယ္၊ လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းကလည္း ဒီလိုမ်ိဳး ျဖစ္ထားဖို႔လို႔ Galaxy Note 7 ထုတ္လုပ္မႈ ရပ္ဆိုင္းခဲ့ရတယ္၊ အဲ့တုန္းကေတာ့ ၁၂ လုံးေလာက္ ေပါက္ကြဲခဲ့တယ္၊ မီးေလာင္ခဲ့တယ္။ ဒါကို ဆန္းစစ္လိုက္ေတာ့ ဘက္ထရီေၾကာင့္ ျဖစ္ေနတယ္၊ သူ႔ကို ေသေသခ်ာခ်ာ မထုပ္ပိုးထားဘူး၊ Original Battery လို႔သာ ေျပာတယ္၊ ျခစ္ရာဗလပြနဲ႔၊ ေနာက္ၿပီး ျပန္အစားထိုးေပးတဲ့ ဘက္ထရီမွာေတာင္ Insulation Tape ပါမလာဘူး” စတဲ့ အခ်က္ေတြနဲ႔ Galaxy Note 7 ေပါက္ကြဲရျခင္းကို ျပန္ေထာက္ျပထားပါတယ္။

8 Steps Battery Testing

“ဒီအတြက္ Samsung ကလည္း ဘက္ထရီျပႆနာ ထပ္မျဖစ္ဖို႔ အဆင့္ ၈ ဆင့္နဲ႔ ပိုက္စိပ္တိုက္ စစ္ေဆးၿပီးထုတ္လုပ္တယ္၊ တျခား Manufacturer ေတြထက္စာရင္ Samsung Battery ထုတ္လုပ္မႈ ပိုအဆင့္ျမင့္တယ္၊ ပိုေသခ်ာတယ္လို႔” CEO ေျပာၾကားထားပါတယ္။
ေနာက္ၿပီး လွ်င္ျမန္တဲ့ Customer Care ဝန္ေဆာင္မႈနဲ႔ Samsung Fans ေတြ ႏွိမ္သိမ့္ထားၿပီး အေမရိကန္ ျပည္ေထာင္စုထဲ သန္းနဲ႔ခ်ီရွိေနတဲ့ Galaxy User ေတြ စိတ္မပ်က္ရေစဖို႔ Galaxy Note 9 မီးေလာင္မႈကိစၥကို အေသးစိတ္ စစ္ေဆးသြားမယ္၊ ေနာက္တစ္ခ်က္က အခုလို မီးေလာင္မႈျဖစ္စဥ္မ်ိဳး ထပ္မၾကားရေသးသလို စိတ္ပူစရာ မရွိဘူးလို႔လည္း Samsung ေျပာၾကားခဲ့ပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

Galaxy Note 7 လို ကြမ္မာဆိုးမျိုး Samsung အိမ်မက်ထဲ အစပျိုးနေပြီလား?

Samsung ရဲ့ အသစ်စက်စက် Galaxy Note 9 စမတ်ဖုန်းလေးက ဈေးကွက်ထဲရောက်လာတာ မကြာသေးပါဘူး၊ သူ့ S Pen လေးမှာ Bluetooth Function ပါလာတယ်၊ 4,000 mAh ဘက်ထရီ သုံးလာတယ်၊ ဒါတွေထက် အကောင်းဆုံး Display ပိုင်ဆိုင်နေတယ်လို့ ကျွမ်းကျင်သူတွေ ထောက်ပြထားတဲ့အထိ အရှိန်အဟုန်နဲ့ အောင်မြင်နေတာကိုမှ ကြမ္မာဆိုးနဲ့ Samsung ရင်ဆိုင်နေရပြီ ထင်ပါတယ်။

Samsung Galaxy Note 7

Note 9 ကို အထင်ကြီးစေတဲ့အချက်တချက်က 4000 mAh ဘက်ထရီ ပါလာတာပါ၊ သူ့လိုပဲ Note 7 တုန်းက ဘက်ထရီ တိုးလိုက်လို့ ပေါက်ကွဲတယ်၊ မီးထလောင်တယ်။ ဒီလို ပြဿနာဆက်ဖြစ်မှာ Samsung စိုးရိမ်ရပေမယ့် CEO ကြီး DJ Koh ကိုယ်တိုင် “Note 9 ဘက်ထရီနဲ့ ပတ်သက်လို့ လုံးဝ စိတ်ချထားလို့ရပါတယ်လို့” မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း Future Proof ဖြစ်ရဲ့လား ဆိုတဲ့မေးခွန်းကို ဖုန်း Overheat ဖြစ်လို့ ပိုက်ဆံအိတ်ထဲ ထည့်လိုက်ရုံနဲ့ မီးထလောင်သွားတယ်ဆိုတဲ့ ဖြစ်ရပ်က သက်သေပြနေလို့ Note 7 အိမ်မက်ဆိုးတွေ Samsung ဆီမှာ ရှင်သန်နေတုန်းပဲလား?

Samsung Factory

ဖြစ်စဉ်ကို အိမ်ခြံမြေအကျိုးဆောင် Diane Chung ဆိုသူက “စက်တင်ဘာလ ၃ ရက်နေ့က ကျမ Galaxy Note 9 စကိုင်တယ်၊ အဲ့ဒီနေ့မှာပဲ အလုပ်ကိစ္စတွက် ဖုန်းပြောတယ်၊ ဖုန်းသုံးတယ်၊ အဲ့မှာပဲ ရုတ်တရက် ဖုန်းပူလာလို့ ဖုန်းသုံးနေတာ ရပ်လိုက်တယ်၊ ဓာတ်လှေကား ထဲရောက်နေတာဆိုတော့ လက်ထဲကိုင်မထားနိုင်၊ ထားစရာနေရာလည်း မရှိဆိုတော့ ပိုက်ဆံအိတ်ထဲ ထည့်ထားမိလိုက်တယ်။ အဲ့မှာပဲ အိတ်ထဲက လေချွန်သံလိုလို အသံကြားလို့ ပိုက်ဆံအိတ်ကို လှည့်အကြည့် မီးခိုးတွေ ထွက်လာလို့ ချက်ချင်းပဲ ဓာတ်လှေကားထဲက အမြန်ထွက်လိုက်တယ်၊ အိတ်ထဲ မီးစွဲနေတဲ့ ပစ္စည်းတွေ ကြမ်းပြင်ပေါ် သွန်ချပြီးငြိမ်းဖို့ကြိုးစားပေမယ့် ဖုန်းက မီးဆက်လောင်နေတုန်းပဲ။ အဲ့ဒါနဲ့ အနီးက လူတွေ မြန်မြန်ပဲ Note 9 ကို အဝတ်ထူထူနဲ့အုပ်၊ နောက်ဆုံး ရေဗုံးထဲပစ်ချလိုက်မှပဲ မီးငြိမ်းတာရပ်သွားတယ်လို့” New York မြို့ရဲ့ Queens Supreme Court တရားရုံးမှာ သက်သေထွက်ဆိုထားပါတယ်။

Battery Test

အခုလို ဖြစ်ပွားခဲ့တဲ့ Galaxy Note 9 မီးလောင်မှုကို 4000 mAh ဘက်ထရီကြောင့်လို့ ပြစ်တင်ဝေဖန် နေကြပါတယ်။ Samsung အနေနဲ့လည်း အရှက်တကွဲ အကျိုးနည်းရမယ့် ဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်နေရလို့ တရားရုံးအနေနဲ့ “Samsung Battery တွေ သေချာဆန်းစစ်သွားဖို့ လိုတယ်၊ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း ဒီလိုမျိုး ဖြစ်ထားဖို့လို့ Galaxy Note 7 ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရတယ်၊ အဲ့တုန်းကတော့ ၁၂ လုံးလောက် ပေါက်ကွဲခဲ့တယ်၊ မီးလောင်ခဲ့တယ်။ ဒါကို ဆန်းစစ်လိုက်တော့ ဘက်ထရီကြောင့် ဖြစ်နေတယ်၊ သူ့ကို သေသေချာချာ မထုပ်ပိုးထားဘူး၊ Original Battery လို့သာ ပြောတယ်၊ ခြစ်ရာဗလပွနဲ့၊ နောက်ပြီး ပြန်အစားထိုးပေးတဲ့ ဘက်ထရီမှာတောင် Insulation Tape ပါမလာဘူး” စတဲ့ အချက်တွေနဲ့ Galaxy Note 7 ပေါက်ကွဲရခြင်းကို ပြန်ထောက်ပြထားပါတယ်။

8 Steps Battery Testing

“ဒီအတွက် Samsung ကလည်း ဘက်ထရီပြဿနာ ထပ်မဖြစ်ဖို့ အဆင့် ၈ ဆင့်နဲ့ ပိုက်စိပ်တိုက် စစ်ဆေးပြီးထုတ်လုပ်တယ်၊ တခြား Manufacturer တွေထက်စာရင် Samsung Battery ထုတ်လုပ်မှု ပိုအဆင့်မြင့်တယ်၊ ပိုသေချာတယ်လို့” CEO ပြောကြားထားပါတယ်။
နောက်ပြီး လျှင်မြန်တဲ့ Customer Care ဝန်ဆောင်မှုနဲ့ Samsung Fans တွေ နှိမ်သိမ့်ထားပြီး အမေရိကန် ပြည်ထောင်စုထဲ သန်းနဲ့ချီရှိနေတဲ့ Galaxy User တွေ စိတ်မပျက်ရစေဖို့ Galaxy Note 9 မီးလောင်မှုကိစ္စကို အသေးစိတ် စစ်ဆေးသွားမယ်၊ နောက်တစ်ချက်က အခုလို မီးလောင်မှုဖြစ်စဉ်မျိုး ထပ်မကြားရသေးသလို စိတ်ပူစရာ မရှိဘူးလို့လည်း Samsung ပြောကြားခဲ့ပါတယ်။

2B (Akhayar)
www.akhayar.com