[Zawgyi]

Display အေကာင္းဆုံး စမတ္ဖုန္း ျဖစ္လာတဲ့ Samsung Galaxy Note 9

ႏွစ္စဥ္ႏွစ္တိုင္း မိုဘိုင္း Display ဘယ္ေလာက္ ေကာင္းသလဲဆိုတာ စမ္းသပ္စစ္ေဆးေနတဲ့ DisplayMate ကေတာ့ အသစ္စက္စက္ မိတ္ဆက္ထားတဲ့ Galaxy Note 9 ဟာ အေကာင္းဆုံး Display ပိုင္ဆိုင္ထားတယ္လို႔ ေၾကညာေပးလိုက္ပါၿပီ။ အရင္ႏွစ္တုန္းကလည္း Galaxy Note 8 ပဲ အေကာင္းဆုံးဆိုတဲ့ Display ေနရာသိမ္းပိုက္ခဲ့သလို အသစ္ထြက္လာတဲ့ Note 9 က ၂၇ ရာခိုင္ႏႈန္း ပိုမိုေတာက္ပတဲ့ အလင္းအား၊ ၃၂ ရာခိုင္ႏႈန္း Contrast ပိုေကာင္းတဲ့အခ်က္နဲ႔ ထပ္ေလာင္း သရဖူေဆာင္းခဲ့ပါၿပီ။

Note 9

DisplayMate ေျပာၾကားခ်က္တိုင္းဆိုရင္ Galaxy Note 9 Display ဟာ ထြက္ထားၿပီးသမွ် စမတ္ဖုန္းအားလုံးထဲမွာ အေရာင္ထြက္ အေကာင္းဆုံး ျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒါထက္ Note 9 ကို စမတ္ဖုန္းထဲမွာေတာင္ မဟုတ္ဘဲ TV ေတြ၊ Tablet ေတြနဲ႔ Laptop ေတြ နဲ႔ယွဥ္လိုက္ရင္လည္း အေကာင္းဆုံး Display ပိုင္ဆိုင္ထားတယ္လို႔ ေၾကြးေၾကာ္ထားပါတယ္။ အဲ့ဒီလို Samsung ပဲ အေကာင္းဆုံး မိုဘိုင္း Display ပိုင္ဆိုင္ေနလို႔ DisplayMate ကိုမ်ား Sponsor ေပးထားလို႔ တမင္လုပ္ေျပာေနသလားလို႔ေတာင္ အထင္မွားသြားေစႏိုင္ပါေသးတယ္။

Display Looks as good as it is

တကယ့္လက္ေတြ႕မွာလည္း Note 9 Display ကို ဘယ္ Viewing Angle ကပဲ ၾကည့္ၾကည့္ အေရာင္ထြက္ စိုေျပမႈနဲ႔ တိက်ျပတ္သားမႈက သတ္မွတ္ထားတဲ့ စံႏႈန္းအတိုင္း ထြက္ေနတာမလို႔ DisplayMate ကေတာင္ အေကာင္းဆုံးဆိုတာထက္ Samsung လက္ရာကို ခ်ီးမြမ္းေနတာပါ။ အခုခ်ိန္ Galaxy Note 9 လို  sAMOLED Screen သုံးထားတဲ့ Flagship စမတ္ဖုန္းေတြ ရွိေနတယ္ဆိုမယ့္ DisplayMate အဆိုအရ အေရာင္ထြက္ ဘယ္ေနရာကပဲၾကည့္ၾကည့္ Note 9 Display ေလာက္ ဘယ္ဖုန္းမွ တသမတ္ထဲ ျဖစ္မေနပါဘူး။

Note 9 Display [Outdoor]

DisplayMate ကြၽမ္းက်င္သူေတြ အေနနဲ႔လည္း Note 9 Display ကို စမ္းသပ္တဲ့အခါမွာ အေရာင္ထြက္မွန္ကန္မႈနဲ႔ တိက်ျပတ္သားမႈစတဲ့ အခ်က္ေတြနဲ႔ပဲ စမ္းသပ္ခဲ့တာ မဟုတ္သလို တစ္ျခား Display နည္းပညာေတြနဲ႔ တိုင္းတာဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီ နည္းပညာေတြကေတာ့ HDR လို အရည္အေသြးျမင့္ UltraHD ႐ုပ္ရွင္နဲ႔ ဓာတ္ပုံေတြ ၾကည့္ရႈတဲ့အခါ အေရာင္ထြက္ က်မသြားကိုၾကည့္ျပီး စမ္းသပ္ခဲ့တာပါ။ ေနာက္ၿပီး Note 9 Display ရဲ႕ အေရွ႕၊ အေနာက္ အလင္းေရာင္ အာ႐ုံခံစနစ္ေတြကို Peronalized လုပ္ၿပီးသား Auto Brightness Setting Control ေတြနဲ႔ လည္း စမ္းသပ္ခဲ့ပါေသးတယ္။ ဒါေတြၿပီးသြားလို႔ အေမွာင္ထဲမွာ Night Mode ဒါမွမဟုတ္ Low-brightness Mode စတဲ့ စမ္းသပ္မႈေတြ အားလုံးမွာ Note 9 Display က A+ အဆင့္နဲ႔ ေက်ာ္ျဖတ္ခဲ့လို႔ ၂၀၁၈ ရဲ႕ အေကာင္းဆုံး Display ကို ပိုင္ဆိုင္သြားတာပါ။

It is now the King of all display

အဲ့ဒါထက္ ၿပီးခဲ့တဲ့ သုံးႏွစ္တာကာလလုံးမွာလည္း အေကာင္းဆုံး မိုဘိုင္း Display ကို Samsung ပဲ သိမ္းပိုက္ေနသလို အခုလို စမ္းသပ္မႈ အဆင့္ဆင့္တိုင္းမွာ ျပတ္ျပတ္သားသား အႏိုင္ရထားတဲ့ Note 9 လို Display မ်ိဳး ဘယ္ စမတ္ဖုန္းထုတ္လုပ္သူမဆို လိုခ်င္ၾကမွာ အမွန္ပါပဲ။ အခုခ်ိန္ OPPO Find X နဲ႔ iPhone X လို  မတ္ဖုန္းေတြမွာ Samsung ထုတ္ OLED Panel အသုံးျပဳေနတယ္ဆိုမယ့္ ဆရာစား ခ်န္ထားမယ္ ထင္ပါတယ္။ အဲ့ဒါထက္ အသစ္ထုတ္မယ့္ iPhone ေမာ္ဒယ္အတြက္ OLED Panel  ေထာက္ပံ့ေပးႏိုင္မယ့္ Supplier လိုက္ရွာေနတယ့္ Apple အတြက္ ဝမ္းနည္းစရာ ျဖစ္လာခဲ့ပါၿပီ။ ဘာလို႔လဲဆိုေတာ့ အရင္ႏွစ္တုန္းကလည္း iPhone X ထြက္မလာခင္ ႏွစ္လအလိုမွာ Note 8 က အေကာင္းဆုံး Display သိမ္းပိုက္သြားခဲ့သလို အခုဆိုရင္လည္း Note 9 ထပ္ရသြားခဲ့တာေၾကာင့္ Samsung ထက္သာရင္သာ မသာရင္ တန္းတူက်မယ့္ Display မ်ိဳး Apple သုံးလာႏိုင္မလားဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

2B (Akhayar)

www.akhyar.com

[Unicode]

Display အကောင်းဆုံး စမတ်ဖုန်း ဖြစ်လာတဲ့ Samsung Galaxy Note 9

နှစ်စဉ်နှစ်တိုင်း မိုဘိုင်း Display ဘယ်လောက် ကောင်းသလဲဆိုတာ စမ်းသပ်စစ်ဆေးနေတဲ့ DisplayMate ကတော့ အသစ်စက်စက် မိတ်ဆက်ထားတဲ့ Galaxy Note 9 ဟာ အကောင်းဆုံး Display ပိုင်ဆိုင်ထားတယ်လို့ ကြေညာပေးလိုက်ပါပြီ။ အရင်နှစ်တုန်းကလည်း Galaxy Note 8 ပဲ အကောင်းဆုံးဆိုတဲ့ Display နေရာသိမ်းပိုက်ခဲ့သလို အသစ်ထွက်လာတဲ့ Note 9 က ၂၇ ရာခိုင်နှုန်း ပိုမိုတောက်ပတဲ့ အလင်းအား၊ ၃၂ ရာခိုင်နှုန်း Contrast ပိုကောင်းတဲ့အချက်နဲ့ ထပ်လောင်း သရဖူဆောင်းခဲ့ပါပြီ။

Note 9

DisplayMate ပြောကြားချက်တိုင်းဆိုရင် Galaxy Note 9 Display ဟာ ထွက်ထားပြီးသမျှ စမတ်ဖုန်းအားလုံးထဲမှာ အရောင်ထွက် အကောင်းဆုံး ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါထက် Note 9 ကို စမတ်ဖုန်းထဲမှာတောင် မဟုတ်ဘဲ TV တွေ၊ Tablet တွေနဲ့ Laptop တွေ နဲ့ယှဉ်လိုက်ရင်လည်း အကောင်းဆုံး Display ပိုင်ဆိုင်ထားတယ်လို့ ကြွေးကြော်ထားပါတယ်။ အဲ့ဒီလို Samsung ပဲ အကောင်းဆုံး မိုဘိုင်း Display ပိုင်ဆိုင်နေလို့ DisplayMate ကိုများ Sponsor ပေးထားလို့ တမင်လုပ်ပြောနေသလားလို့တောင် အထင်မှားသွားစေနိုင်ပါသေးတယ်။

Display Looks as good as it is

တကယ့်လက်တွေ့မှာလည်း Note 9 Display ကို ဘယ် Viewing Angle ကပဲ ကြည့်ကြည့် အရောင်ထွက် စိုပြေမှုနဲ့ တိကျပြတ်သားမှုက သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း ထွက်နေတာမလို့ DisplayMate ကတောင် အကောင်းဆုံးဆိုတာထက် Samsung လက်ရာကို ချီးမွမ်းနေတာပါ။ အခုချိန် Galaxy Note 9 လို  sAMOLED Screen သုံးထားတဲ့ Flagship စမတ်ဖုန်းတွေ ရှိနေတယ်ဆိုမယ့် DisplayMate အဆိုအရ အရောင်ထွက် ဘယ်နေရာကပဲကြည့်ကြည့် Note 9 Display လောက် ဘယ်ဖုန်းမှ တသမတ်ထဲ ဖြစ်မနေပါဘူး။

Note 9 Display [Outdoor]

DisplayMate ကျွမ်းကျင်သူတွေ အနေနဲ့လည်း Note 9 Display ကို စမ်းသပ်တဲ့အခါမှာ အရောင်ထွက်မှန်ကန်မှုနဲ့ တိကျပြတ်သားမှုစတဲ့ အချက်တွေနဲ့ပဲ စမ်းသပ်ခဲ့တာ မဟုတ်သလို တစ်ခြား Display နည်းပညာတွေနဲ့ တိုင်းတာဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ နည်းပညာတွေကတော့ HDR လို အရည်အသွေးမြင့် UltraHD ရုပ်ရှင်နဲ့ ဓာတ်ပုံတွေ ကြည့်ရှုတဲ့အခါ အရောင်ထွက် ကျမသွားကိုကြည့်ပြီး စမ်းသပ်ခဲ့တာပါ။ နောက်ပြီး Note 9 Display ရဲ့ အရှေ့၊ အနောက် အလင်းရောင် အာရုံခံစနစ်တွေကို Peronalized လုပ်ပြီးသား Auto Brightness Setting Control တွေနဲ့ လည်း စမ်းသပ်ခဲ့ပါသေးတယ်။ ဒါတွေပြီးသွားလို့ အမှောင်ထဲမှာ Night Mode ဒါမှမဟုတ် Low-brightness Mode စတဲ့ စမ်းသပ်မှုတွေ အားလုံးမှာ Note 9 Display က A+ အဆင့်နဲ့ ကျော်ဖြတ်ခဲ့လို့ ၂၀၁၈ ရဲ့ အကောင်းဆုံး Display ကို ပိုင်ဆိုင်သွားတာပါ။

It is now the King of all display

အဲ့ဒါထက် ပြီးခဲ့တဲ့ သုံးနှစ်တာကာလလုံးမှာလည်း အကောင်းဆုံး မိုဘိုင်း Display ကို Samsung ပဲ သိမ်းပိုက်နေသလို အခုလို စမ်းသပ်မှု အဆင့်ဆင့်တိုင်းမှာ ပြတ်ပြတ်သားသား အနိုင်ရထားတဲ့ Note 9 လို Display မျိုး ဘယ် စမတ်ဖုန်းထုတ်လုပ်သူမဆို လိုချင်ကြမှာ အမှန်ပါပဲ။ အခုချိန် OPPO Find X နဲ့ iPhone X လို  မတ်ဖုန်းတွေမှာ Samsung ထုတ် OLED Panel အသုံးပြုနေတယ်ဆိုမယ့် ဆရာစား ချန်ထားမယ် ထင်ပါတယ်။ အဲ့ဒါထက် အသစ်ထုတ်မယ့် iPhone မော်ဒယ်အတွက် OLED Panel  ထောက်ပံ့ပေးနိုင်မယ့် Supplier လိုက်ရှာနေတယ့် Apple အတွက် ဝမ်းနည်းစရာ ဖြစ်လာခဲ့ပါပြီ။ ဘာလို့လဲဆိုတော့ အရင်နှစ်တုန်းကလည်း iPhone X ထွက်မလာခင် နှစ်လအလိုမှာ Note 8 က အကောင်းဆုံး Display သိမ်းပိုက်သွားခဲ့သလို အခုဆိုရင်လည်း Note 9 ထပ်ရသွားခဲ့တာကြောင့် Samsung ထက်သာရင်သာ မသာရင် တန်းတူကျမယ့် Display မျိုး Apple သုံးလာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

2B (Akhayar)

www.akhyar.com