
Galaxy Note 9




Galaxy Note 9


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Samsung ကနေ Flagship စမတ်ဖုန်းတွေကို ထုတ်တော့မယ်ဆိုတိုင်း အမြဲတမ်းလိုလိုကို Leak တွေ၊ Rumor တွေ ထွက်ပေါ်လာတတ်တာက ပုံမှန်လိုဖြစ်နေပါပြီ။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ တခြားသော Website တွေထက် Samsung ကိုယ်တိုင်ကနေ Leak ပြုလုပ်လာတာကို ပိုပြီးတွေ့လာရပါတယ်။

Galaxy Note 9

အခုအချိန်မှာလည်း Samsung ရဲ့ သတင်းတွေကို ဖော်ပြနေတတ်တဲ့ Sammobile Website မှာ Galaxy Note 9 နဲ့ ပတ်သတ်တဲ့ Leak Video တစ်ခုတက်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Leak လို့ပြောဖို့ထက် Samsung Galaxy Note 9 ရဲ့ Official Ads တစ်ခုဖြစ်တဲ့အတွက် Samsung ကနေပဲ တမင်များလုပ်နေသလားတောင် ယူဆရပါတယ်။

အခု ကြော်ငြာဗီဒီယိုက စက္ကန့် ၃၀ ကြာမြင့်ပြီးတော့ Samsung Galaxy Note 9 ရဲ့ S Pen နဲ့ MicroSD Card ကိုလည်း 1TB အထိ ထည့်သွင်းနိုင်တယ်ဆိုတာက အဓိကထားပြီး ကြော်ငြာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် All Day Battery လည်း ပါဝင်တယ်လို့ ပြောခဲ့ပါသေးတယ်။

Samsung Galaxy Note 9 ဟာ ယခုဒီဇိုင်းအရတော့ Galaxy Note 8 ကနေ သိသိသာသာပြောင်းလဲသွားတာကို မတွေ့ရဘဲ Storage မှာ Internal Storage ကို 512GB အထိ ထွက်လာမယ်လို့ ဆိုထားတဲ့အတွက် အခု MicroSD Card ကိုလည်း 1TB အထိ Support ပြုလုပ်လာမယ်ဆိုရင် လုပ်ငန်းရှင်တွေအတွက် အကြိုက်တွေ့စရာဖြစ်မှာပါ။

Galaxy Note 9

Samsung ဟာ ယခု Galaxy Note 9 စမတ်ဖုန်းကို သြဂုတ် ၉ ရက်နေ့မှာ တရားဝင်ကြေငြာသွားမှာဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com