Samsung ကနေ အခုအချိန်မှာ လက်ရှိမှာပထမဆုံးဖြစ်လာမယ့် 12GB LPDDR5 Memory ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Memory က 5G အပြင် AI Feature တွေကိုပါ အနာဂတ်စမတ်ဖုန်းတွေအတွက် ပိုပြီးအဆင်ပြေလာမှာပါ။ \

Samsung ရဲ့ ဒီ 12GB LPDDR5 RAM ဟာ ယခင်တုန်းက 12GB LPDDR4X ထက် ၃၀ ရာခိုင်နှုန်းမြန်ဆန်လာမှာဖြစ်ပြီးတော့ Read Speed က ယခင်တုန်းက 4266Mb/s ကနေ 5500Mb/s အထိရှိလာမှာပါ။ ဒါ့အပြင် တစ်ချိန်ထဲမှာလည်း ပါဝါစားသုံးမှုက ၃၀ ရာခိုင်နှုန်းပိုပြီး သက်သာလာမှာပါ။ အခုလိုမျိုး Performance Boost ကိုရရှိစေဖို့လည်း Samsung ကနေ Higher Clock rate တွေမှာ ပို Stable ဖြစ်အောင် Circuit Design ကို ပြောင်းလဲခဲ့ရတယ်လို့ သိရပါတယ်။

အခုလိုမျိုး အလွန်မြန်ဆန်တဲ့ LPDRR5 Memory ကြောင့် File Transfer Speed က တစ်စက္ကန့်ကို 44GB လောက်အထိရှိနေမှာပါ။ ဒါက မတရားကိုမြန်ဆန်နေတာဖြစ်ပြီး 4K Recording လိုမျိုးပါ သိသိသာသာ Improve ဖြစ်လာမှာပါ။

ဒါ့အပြင် Samsung ကနေ ဒီ 12GB LPDDR5 Memory ကို လာမယ့် Galaxy Note 10 စမတ်ဖုန်းမှာ သုံးလာမယ့်အပြင် Samsung ရဲ့ Roadmap ထဲမှာဆိုရင် လာမယ့်နှစ် Galaxy S11 မှာ 16GB LPDDR5 Memory ကိုပါ သုံးလာဖို့ရှိနေတာဖြစ်ပါတယ်။

Ref : Phone Arena