Samsung ကနေအခုလာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ ဒီနှစ်အတွက် ကျန်ရှိနေသေးတဲ့ Flagship ဖုန်းတစ်ခုဖြစ်တဲ့ Galaxy Note 10 Series ဖုန်းတွေကို မိတ်ဆက်ွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ရဲ့ အဆိုပါ Note 10 ဖုန်းတွေနဲ့အတူမိတ်ဆက်လာမယ့် Galaxy Watch 2 အတွက် Wireless Charger နဲ့ ပတ်သတ်တဲ့ သတင်းတွေထွက်ပေါ်လာပါတယ်။

အခုသတင်းအရတော့ Samsung ရဲ့ Wireless Charger တွေက လက်ရှိအချိန်မှာ 10W ကနေ 15W ပဲရှိနေသေးတာကနေ 20W Wireless Charging ကို ပြောင်းလဲလာတော့မယ်လို့ သိရပါတယ်။ ယခု Wireless Charging Coil က FCC Listing အရတော့ EP-N5200 Model လို့ သိရပြီး ဒါက လက်ရှိ Galaxy S10 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်လာတဲ့ EP-P5200 ထက် ပိုပြီးအဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။

ဒါ့အပြင် Samsung ကနေ လက်ရှိ Galaxy S10 Series ဖုန်းမှာပါဝင်လာတဲ့ Reverse Wireless Charging ဖြစ်တဲ့ Wireless Powershare နည်းပညာကိုပါ 20W အထိ Support ပေးနိုင်တယ်ဆိုပြီး Samsung Booth တစ်ခုရဲ့ ဓါတ်ပုံပါ ပေါက်ကြားလာခဲ့တာပါ။

ပြီးတော့ Samsung ကနေ 45W USB PD Fast Charging စနစ်ကိုလည်း ပြသထားတဲ့အတွက် ဒီနည်းပညာတွေကရော လာမယ့် Samsung Galaxy Note 10 Series ဖုန်းတွေမှာ ပါဝင်လာနိုင်မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref : GSMArena