[Zawgyi]

Samsung J7 Duo 2018 ရဲ႕ အခ်က္အလက္မ်ားထြက္ေပၚလာ

SaJmsung ဟာ ကံေကာင္းျခင္းလို႔ယူဆထားၾကတဲ့နံပါတ္ 7 ကိုအေတာ္ေလးသေဘာက်ပံုရပါတယ္။ ၄င္းတို႔ရဲ႕ တန္ဖိုးသင့္ စမတ္ဖုန္းတစ္မိ်ဳးျဖစ္တဲ့ Galaxy J7 ကိုႏွစ္တိုင္း Series အမ်ိဳးမ်ိဳးနဲ႔ထုတ္လာတာ အခု ၂၀၁၈ ခုႏွစ္တိုင္ေအာင္ပါပဲ။

၂၀၁၈ ခုႏွစ္အတြင္း Samsung ရဲ႕ J7 Series သစ္အျဖစ္ မၾကာခင္ေတြ႕ျမင္ရေတာ့မွာကေတာ့ Samsung Galaxy J7 Duo 2018 Model ျဖစ္ၿပီး ယခုအခါမွာေတာ့ အဆိုပါဖုန္းမွာပါဝင္မယ့္ Specification အခ်က္အလက္ေတာ္မ်ားမ်ားဟာ အျပင္ကိုေပါက္ၾကားလာၿပီျဖစ္ပါတယ္။J7 Duo 2018 မွာ Super AMOLED Display, Dual Cameras, ေနာက္ဆံုးေပၚ Android OS နဲ႔ 4G Network တို႔ပါဝင္မယ္လို႔ဆိုပါတယ္။

J7 Duo နဲ႔ပတ္သက္လို႔ Samsung က တရားဝင္ထုတ္ျပန္ထားျခင္းမရွိေသးေပမယ့္ လက္တေလာေပါက္ၾကားလာတဲ့ Specification List အရေတာ့ အဆိုပါဖုန္းဟာ
၅.၅ လက္မအရြယ္ HD Resolution ရွိတဲ့ Super AMOLED မ်က္ႏွာျပင္နဲ႔ထြက္လာမယ္လို႔ဆိုပါတယ္။မ်က္ႏွာျပင္ ၅.၅ လက္မဆိုေတာ့ အခုေခတ္စားေနတဲ့ 18:9 Full Screen Display အေနနဲ႔ေတာ့ ျမင္ရမွာမဟုတ္ပါဘူး။ ေက်ာဘက္မွာေတာ့ 13 MP(f/1.9) နဲ႔ 5MP Camera Sensors ၂လံုးကိုတပ္ဆင္ေပးထားမွာပါ။ စြမ္းေဆာင္ရည္ပိုင္းအတြက္ကိုေတာ့ Octa-Core 1.6 GHz Processor နဲ႔ Exynos 7870 Chipset ကိုထည့္သြင္းေပးထားပါတယ္။ Android Version ကေတာ့ 8.0(Oreo) ကို Samsung ရဲ႕Touchwiz 9.0 နဲ႔စတင္အသံုးျပဳရမွာျဖစ္ပါတယ္။
Battery ပမာဏကေတာ့ 3000mAh ျဖစ္ၿပီးထူးျခားခ်က္အေနနဲ႔ ၄င္း Battery ဟာ အလြယ္တကူ ျဖဳတ္/တပ္ လို႔ရမယ္ဆိုပါတယ္။ ရရွိႏိုင္မယ့္အေရာင္ေတြကေတာ့ Black, Blue နဲ႔ Gold တို႔ျဖစ္ၿပီး April လမကုန္ခင္မွာေတြ႕ျမင္ရမွာျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

Ref;GSMArena
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

Samsung J7 Duo 2018 ရဲ့ အချက်အလက်များထွက်ပေါ်လာ

SaJmsung ဟာ ကံကောင်းခြင်းလို့ယူဆထားကြတဲ့နံပါတ် 7 ကိုအတော်လေးသဘောကျပုံရပါတယ်။ ၎င်းတို့ရဲ့ တန်ဖိုးသင့် စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Galaxy J7 ကိုနှစ်တိုင်း Series အမျိုးမျိုးနဲ့ထုတ်လာတာ အခု ၂၀၁၈ ခုနှစ်တိုင်အောင်ပါပဲ။

၂၀၁၈ ခုနှစ်အတွင်း Samsung ရဲ့ J7 Series သစ်အဖြစ် မကြာခင်တွေ့မြင်ရတော့မှာကတော့ Samsung Galaxy J7 Duo 2018 Model ဖြစ်ပြီး ယခုအခါမှာတော့ အဆိုပါဖုန်းမှာပါဝင်မယ့် Specification အချက်အလက်တော်များများဟာ အပြင်ကိုပေါက်ကြားလာပြီဖြစ်ပါတယ်။J7 Duo 2018 မှာ Super AMOLED Display, Dual Cameras, နောက်ဆုံးပေါ် Android OS နဲ့ 4G Network တို့ပါဝင်မယ်လို့ဆိုပါတယ်။

J7 Duo နဲ့ပတ်သက်လို့ Samsung က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေမယ့် လက်တလောပေါက်ကြားလာတဲ့ Specification List အရတော့ အဆိုပါဖုန်းဟာ
၅.၅ လက်မအရွယ် HD Resolution ရှိတဲ့ Super AMOLED မျက်နှာပြင်နဲ့ထွက်လာမယ်လို့ဆိုပါတယ်။မျက်နှာပြင် ၅.၅ လက်မဆိုတော့ အခုခေတ်စားနေတဲ့ 18:9 Full Screen Display အနေနဲ့တော့ မြင်ရမှာမဟုတ်ပါဘူး။ ကျောဘက်မှာတော့ 13 MP(f/1.9) နဲ့ 5MP Camera Sensors ၂လုံးကိုတပ်ဆင်ပေးထားမှာပါ။ စွမ်းဆောင်ရည်ပိုင်းအတွက်ကိုတော့ Octa-Core 1.6 GHz Processor နဲ့ Exynos 7870 Chipset ကိုထည့်သွင်းပေးထားပါတယ်။ Android Version ကတော့ 8.0(Oreo) ကို Samsung ရဲ့Touchwiz 9.0 နဲ့စတင်အသုံးပြုရမှာဖြစ်ပါတယ်။
Battery ပမာဏကတော့ 3000mAh ဖြစ်ပြီးထူးခြားချက်အနေနဲ့ ၎င်း Battery ဟာ အလွယ်တကူ ဖြုတ်/တပ် လို့ရမယ်ဆိုပါတယ်။ ရရှိနိုင်မယ့်အရောင်တွေကတော့ Black, Blue နဲ့ Gold တို့ဖြစ်ပြီး April လမကုန်ခင်မှာတွေ့မြင်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref;GSMArena
Phone Hay Ko (Akhayar)
www.akhayar.com