[Zawgyi]

Samsung Galaxy J6 (2018) ကို ေမလ ၂၅ ရက္ေန႔တြင္မိတ္ဆက္ဖြယ္ရွိ

Samsung Galaxy J Series ေတြဟာ ေစ်းႏႈန္းသင့္တင့္ၿပီးအသံုးျပဳရတာလည္း အဆင္ေျပတဲ့အတြက္ ႏိုင္ငံတကာေစ်းကြက္မွာ ေရာင္းအားေကာင္းတဲ့ Series တစ္မ်ိဳးပဲျဖစ္ပါတယ္။ J Series ေတြကို ႏွစ္အလိုက္ Upgrade Version အေနနဲ႔ ထပ္မံထုတ္ေပးခဲ့ၿပီး အခု ၂၀၁၈ ခုႏွစ္ ေမလ ၂၅ ရက္ေန႔မွာလည္း J6 (2018) ကို မိတ္ဆက္သြားႏိုင္တယ္ဆိုတဲ့သတင္းမ်ားထြက္ေပၚလာပါတယ္။

J6 (2018) ကို လာမယ့္ ၂၅ ရက္ေန႔မွာ အိႏၵိယႏိုင္ငံမွာ မိတ္ဆက္သြားဖြယ္ရွိၿပီး ရရွိႏိုင္မယ့္ အမ်ိဳးအစားေတြကေတာ့ Specification ေတြအရ $205 နဲ႔ $245 ဆိုၿပီးေစ်းႏႈန္း ၂မ်ိဳဳးျဖစ္မယ္လို႔ဆိုပါတယ္။ အခုပံုမွာျမင္ရတာကေတာ့ J6 နဲ႔ပတ္သက္ၿပီး ေပါက္ၾကားလာတဲ့ ပိုစတာပံုတစ္ပံုျဖစ္ပါတယ္။ ပိုစတာထဲမွာ Galaxy J6 ဆိုတဲ့စာသားနဲ႔အတူ ဖုန္းရဲ႕ မ်က္ႏွာျပင္ကို ဦးစားေပးပံုေဖာ္ထားတာကိုေတြ႕ျမင္ရမွာပါ။ ခန္႔မွန္းခ်က္ေတြအရ J6 (2018) မွာ ၅.၆ လက္မအရြယ္ရွိ Super AMOLED Infinity Display ကိုထည့္သြင္းတပ္ဆင္ေပးထားမွာျဖစ္ၿပီး Display Ratio အေနနဲ႔ 18.5:9 ရွိမွာျဖစ္ပါတယ္။ Resolution ကေတာ့ 720 x 1480 HD+ Quality ကိုရရွိမွာပါ။ Selfie Camera မွာေတာ့ Selfie Light ထည့္သြင္းေပးထားမွာျဖစ္တယ္လို႔ဆုိပါတယ္။ ဖုန္းမွာအသံုးျပဳမယ့္ CPU ကေတာ့ Samsung ရဲ႕ Exynos 7870 Processor ကိုအသံုးျပဳမွာျဖစ္ၿပီး Memory အေနနဲ႔ကေတာ့ RAM 3GB/32GB ROM နဲ႔ RAM 4GB/64GB ဆိုၿပီး၂မ်ိဳးရရွိႏိုင္မွာျဖစ္ပါတယ္။

Samsung Galaxy J6 Poster Leak

Samsung Galaxy J6(2018) Poster Leak

အျခားေဖာ္ျပခ်က္ေတြအေနနဲ႔ 13-MP ရွိတဲ့ Main ကင္မရာနဲ႔ 8-MP ရွိတဲ့ Selfie ကင္မရာတို႔အသီးသီးပါဝင္မွာျဖစ္ၿပီး Battery အေနနဲ႔ 300mAh၊ Home Key ႏွင့္အတူ တြဲဖက္တပ္ဆင္ထားမယ့္ Fingerprint Scanner နဲ႔ Android Oreo (8.0) တို႔ပါဝင္ႏိုင္တယ္လို႔ဆိုပါတယ္။ ဒ့ါအျပင္ Samsung အေနနဲ႔ J6 (2018) အျပင္ J4 (2018) ကိုပါ မိတ္ဆက္သြားႏိုင္တယ္လုိ႔လည္းခန္႔မွန္းသတင္းေတြထြက္ရွိေနပါေသးတယ္။

Ref;Phone Arena
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

Samsung Galaxy J6 (2018) ကို မေလ ၂၅ ရက်နေ့တွင်မိတ်ဆက်ဖွယ်ရှိ

Samsung Galaxy J Series တွေဟာ ဈေးနှုန်းသင့်တင့်ပြီးအသုံးပြုရတာလည်း အဆင်ပြေတဲ့အတွက် နိုင်ငံတကာဈေးကွက်မှာ ရောင်းအားကောင်းတဲ့ Series တစ်မျိုးပဲဖြစ်ပါတယ်။ J Series တွေကို နှစ်အလိုက် Upgrade Version အနေနဲ့ ထပ်မံထုတ်ပေးခဲ့ပြီး အခု ၂၀၁၈ ခုနှစ် မေလ ၂၅ ရက်နေ့မှာလည်း J6 (2018) ကို မိတ်ဆက်သွားနိုင်တယ်ဆိုတဲ့သတင်းများထွက်ပေါ်လာပါတယ်။

J6 (2018) ကို လာမယ့် ၂၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားဖွယ်ရှိပြီး ရရှိနိုင်မယ့် အမျိုးအစားတွေကတော့ Specification တွေအရ $205 နဲ့ $245 ဆိုပြီးဈေးနှုန်း ၂မျိုုးဖြစ်မယ်လို့ဆိုပါတယ်။ အခုပုံမှာမြင်ရတာကတော့ J6 နဲ့ပတ်သက်ပြီး ပေါက်ကြားလာတဲ့ ပိုစတာပုံတစ်ပုံဖြစ်ပါတယ်။ ပိုစတာထဲမှာ Galaxy J6 ဆိုတဲ့စာသားနဲ့အတူ ဖုန်းရဲ့ မျက်နှာပြင်ကို ဦးစားပေးပုံဖော်ထားတာကိုတွေ့မြင်ရမှာပါ။ ခန့်မှန်းချက်တွေအရ J6 (2018) မှာ ၅.၆ လက်မအရွယ်ရှိ Super AMOLED Infinity Display ကိုထည့်သွင်းတပ်ဆင်ပေးထားမှာဖြစ်ပြီး Display Ratio အနေနဲ့ 18.5:9 ရှိမှာဖြစ်ပါတယ်။ Resolution ကတော့ 720 x 1480 HD+ Quality ကိုရရှိမှာပါ။ Selfie Camera မှာတော့ Selfie Light ထည့်သွင်းပေးထားမှာဖြစ်တယ်လို့ဆိုပါတယ်။ ဖုန်းမှာအသုံးပြုမယ့် CPU ကတော့ Samsung ရဲ့ Exynos 7870 Processor ကိုအသုံးပြုမှာဖြစ်ပြီး Memory အနေနဲ့ကတော့ RAM 3GB/32GB ROM နဲ့ RAM 4GB/64GB ဆိုပြီး၂မျိုးရရှိနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy J6 Poster Leak

Samsung Galaxy J6(2018) Poster Leak

အခြားဖော်ပြချက်တွေအနေနဲ့ 13-MP ရှိတဲ့ Main ကင်မရာနဲ့ 8-MP ရှိတဲ့ Selfie ကင်မရာတို့အသီးသီးပါဝင်မှာဖြစ်ပြီး Battery အနေနဲ့ 300mAh၊ Home Key နှင့်အတူ တွဲဖက်တပ်ဆင်ထားမယ့် Fingerprint Scanner နဲ့ Android Oreo (8.0) တို့ပါဝင်နိုင်တယ်လို့ဆိုပါတယ်။ ဒ့ါအပြင် Samsung အနေနဲ့ J6 (2018) အပြင် J4 (2018) ကိုပါ မိတ်ဆက်သွားနိုင်တယ်လို့လည်းခန့်မှန်းသတင်းတွေထွက်ရှိနေပါသေးတယ်။

Ref;Phone Arena
Phone Hay Ko (Akhayar)
www.akhayar.com