Samsung Galaxy Fold စမတ်ဖုန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက Galaxy S10 Series စမတ်ဖုန်းတွေနဲ့အတူ မိတ်ဆက်ထားခဲ့ပြီးတော့ အခုလာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ ရောင်းချဖို့ စီစဉ်ထားတာပဲဖြစ်ပါတယ်။

Samsung Galaxy Fold

ဒါပေမယ့် မကြာသေးခင်က Samsung ကနေ ယခု Galaxy Fold စမတ်ဖုန်းကို Reviewer တွေဆီကို ပေးထားပြီးတော့ အခုအချိန်မှာ Reviewer တော်တော်များများဆီမှာ Display က ပျက်စီးတဲ့ Error ဖြစ်နေတာဖြစ်ပါတယ်။ အချို့သော Reviewer တွေရဲ့ Galaxy Fold တွေက Screen အပေါ်မှာ ကပ်ထားတဲ့ Protective Layer ကို ခွာလိုက်တာကြောင့်ဖြစ်ပေမယ့် တချို့သော Reviewer တွေရဲ့ Galaxy Fold ကတော့ ဘာမှမလုပ်ဘဲ Display က ပျက်သွားတာဖြစ်ပါတယ်။

အစောပိုင်းကတော့ Samsung ကနေ ဒီ Display ပျက်သွားတဲ့ Galaxy Fold စမတ်ဖုန်းတွေကို အသစ်ပြန်လည်လဲလှယ်ပေးသွားပြီးတော့ အခုကိစ္စကိုလည်း Samsung ကနေ အသေးစိတ်လေ့လာစစ်ဆေးသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး Galaxy Fold အနည်းဆုံး ၅ လုံးထက်မနည်း Display Error တက်တဲ့အတွက် အစောပိုင်းရလဒ်ကတော့ Samsung အတွက် တော်တော်လေးကို မကောင်းဖြစ်လာတာပါ။

Samsung Galaxy Fold

အခုအချိန်မှာတော့ Samsung ကိုယ်တိုင်ကနေ Newsroom Website မှာ Samsung ကနေ Galaxy Fold ကို ရောင်းချမယ့်အချိန်ကို ဧပြီလ ၂၆ ရက်နေ့မှာ ရောင်းချဖို့ကို ရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ Samsung ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Display ပြဿနာဖြစ်သွားတဲ့အကြောင်းကို အသေးစိတ်စုံစမ်းပြီးတော့ ပြင်ဆင်ပြီးတဲ့အချိန်အထိ အခုလိုမျိုး Galaxy Fold ကို ရောင်းချမယ့်အချိန်ကို ဆိုင်းငံ့ထားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် ပြောရရင် Samsung အနေနဲ့ Galaxy Fold ကို တရားဝင်ရောင်းချနိုင်မယ့်အချိန်ကို လောလောဆယ်မှာ ပြောကြားနိုင်ခြင်းမရှိသေးဘဲ လာမယ့် ရက်သတ္တပတ်တွေမှ ရောင်းချမယ့်အချိန်ကို ကြေညာမယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Samsung Galaxy Fold

ဘာပဲဖြစ်ဖြစ် Samsung အတွက်ကတော့ Galaxy S10 Series ဖုန်းတွေ အောင်မြင်ခဲ့ပေမယ့် Galaxy Fold မှာတော့ ကံဆိုးခဲ့တယ်လို့ ပြောရမှာပါ။

Ref : The Verge