Samsung ရဲ့ ပထမဆုံးသော Foldable Phone ဖြစ်လာမယ့် Galaxy Fold က မကြာခင်မှာ ဒေါ်လာ ၁၉၈၀ နဲ့ ရောင်းချသွားတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Gallaxy Fod ဖုန်းတစ်ခုထဲတင်ဈေးများနေတာမဟုတ်ပြန်ပါဘူး။

Samsung Galaxy Fold

ဘာကြောင့်လဲဆိုရင် အခု Galaxy Fold နဲ့ အတူတွဲဖက်အသုံးပြုနိုင်မယ့် Official Genuine Leather Case အတွက်ဈေးနှုန်းထွက်ပေါ်လာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီသတင်းကို UK Online Retailer တစ်ယောက်ဖြစ်တဲ့ MobileFun ကနေ ဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါ Official Case တွေဟာ ဈေးအနေနဲ့ ၁၁၉.၉၉ ဒေါ်လာ ကျသင့်မှာပဲဖြစ်ပါတယ်။

Samsung Galaxy Fold

အခု Galaxy Fold လိုမျိုး Foldable Phone တွေဟာ လက်ရှိအချိန်မှာ ရှားပါးနေသေးပေမယ့် လာမယ့် ၂ နှစ်အတွင်းမှာအခုထက်ပိုပြီး ဈေးသက်သာလာနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ Samsung Galaxy Fold ကို Case အပါဝယ်ယူမယ်ဆိုရင်တောင်မှာ Huawei ရဲ့ Foldable Phone တစ်ခုဖြစ်တဲ့ Huawei Mate X ရဲ့ ဒေါ်လာ ၂၆၀၀ ဝန်းကျင်ဈေးနှုန်းထက် သက်သာနေပါသေးတယ်။

Ref : GSMArena