Samsung Myanmar ကနေ ပြည်တွင်း E-sports ပြိုင်ပွဲစီစဉ်သူတစ်ယောက်ဖြစ်တဲ့ Claw Esports နဲ့ ပူးပေါင်းပြီးတော့ “The Galaxy Challenge” အမည်ရှိတဲ့ နိုင်ငံတကာအဆင့်မှီ PUBG Mobile ဂိမ်းပြိုင်ပွဲကို ကျင်းပသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ အခု ပြိုင်ပွဲက Tencent နဲ့ PUBS Corporation တို့မှ တည်ထောင်ထားတဲ့ PUBG Mobile မှလည်း တရားဝင်အသိအမှတ်ပြုထောက်ခံပေးထားတယ်လို့ သိရပါတယ်။ ယခု PUBG Mobile ပြိုင်ပွဲကြီးမှာ စုစုပေါင်း ဆုကြေးငွေ သန်း ၁၀၀ အထက် ပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ အကြီးမားဆုံးသော PUBG Mobile ဂိမ်းပြိုင်ပွဲတစ်ခုလည်း ဖြစ်လာမှာပါ။

Samsung Galaxy Challenge

Claw Esports အား ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် Professional Esports Organization တစ်ခုအဖြစ်စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ လက်ရှိ PUBG Mobile ရဲ့ သတင်းအချက်အလက်များအရ မြန်မာနိုင်ငံမှာ အကောင်းဆုံး PUBG Mobile အသင်းအဖြစ် ရပ်တည်နေပါတယ်။

Samsung Galaxy Challenge

ဒီ Samsung Galaxy Challenge ရဲ့ ပွဲစဉ်တွေကို ၂၀၁၉ ခုနှစ် မေလကနေ ဇူလိုင်လအထိ ကျင်းပသွားမှာဖြစ်ပြီး အုပ်စုလိုက်ပြိုင်ပွဲတွေကို လာမယ့် မေလနဲ့ ဇွန်လအတွင်းမှာ Online ကနေ ကျင်းပသွားမှာပါ။ နောက်ဆုံးအဆင့်ပြိုင်ပွဲတွေကိုတော့ ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ရန်ကုန်မြို့မှာ ခမ်းခမ်းနားနားပြုလုပ်သွားမယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာရှိတဲ့ PUBG Mobile ကစားသူအရေအတွက်က အလျင်အမြန်တိုးလာပါတယ်။ ကျွန်ေတာ်တို့ကလည်း အခုအချိန်က မြန်မာ Mobile Game ကစားသူတွေကို နိုင်ငံတကာအတွေ့အကြုံကောင်းကောင်းရဖို့အတွက် ဒီလိုကြီးမားတဲ့ ဂိမ်းပြိုင်ပွဲကြီးကို ကျင်းပဖို့ အချိန်ကောင်းဖြစ်တယ်လို့ ယုံကြည်ပါတယ်။” ဟု Samsung Myanmar ရဲ့ Head of IT & Mobile Group ဖြစ်သူ ကိုဇာနည်ဝင်းထက်ကနေ ပြောကြားခဲ့ပါတယ်။

Samsung Galaxy Challenge

Samsung Galaxy Challenge ဂိမ်းပြိုင်ပွဲကို လာမယ့်မေလ ၁၇ ရက်နေ့မှ စတင်ပြီး စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီးတော့ အသေးစိတ်အချက်အလက်တွေကိုတော့ Samsung နဲ့ Claw Esports တို့ရဲ့ တရားဝင် Facebook Page တွေမှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။။ အုပ်စုအဆင့်မှာ အသင်းပေါင်း ၅၀၀ ပါဝင်မှာဖြစ်ပြီးတော့ အုပ်စုအဆင့်အပြီးမှာတော့ အနိုင်ရတဲ့ အသင်းပေါင်း ၁၀၀ ကနေ Final အဆင့်ကို အသင်း ၂၀ တက်ရောက်မှာဖြစ်ပါတယ်။

Samsung ကနေ အခု Samsung Galaxy Challenge ဂိမ်းပြိုင်ပွဲအပြင် Streamer တစ်ဦးဖြစ်တဲ့ AKGoLive ကိုပါ Mobile Game ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခဲ့ပါတယ်။ ဒါ့အပြင် အခု ဂိမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကစားသမားပေါင်း ၂,၅၀၀ အတွက် 1GB Internet Data အပြင် MyTel အချင်းချင်း မိနစ် ၁၀၀ ခေါ်ဆိုနိုင်တဲ့ MyTel SIM Card ၄ ကဒ်စီပေးအပ်ပေးသွားမယ်လို့လည်း သိရပါတယ်။