
Samsung Galaxy A8s



Samsung

အခု Galaxy A8s စမတ်ဖုန်းက ၂၀၁၉ မတိုင်ခင် ဒီဇင်ဘာလအတွင်းမှာ မိတ်ဆက်သွားဖို့ ရှိနေပြီးတော့ ရောင်းချမယ့်ဈေးနှုန်းအသေးစိတ်ကိုတော့ လက်ရှိအချိန်အထိ မသိရှိရသေးပါဘူး။

Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Samsung ကနေ အခုနောက်ပိုင်းမှာ Mid Range ဖုန်းတွေကို Feature အသစ်တွေကို စတင်ထည့်သွင်းလာပြီဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ Samsung ကနေ Mid Range ဖုန်းအသစ်ဖြစ်တဲ့ Galaxy A8s မှာလည်း ပထမဆုံး Selfie Camera အတွက် Display မှာ အပေါက်နဲ့ ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။

Samsung Galaxy A8s

ဒီ Samsung Galaxy A8s စမတ်ဖုန်းက Qualcomm Snapdragon 710 Processor ကို အသုံးပြုလာမယ့်အတွက် စွမ်းဆောင်ရည်ပိုင်းအရ တော်တော်လေးကို ကောင်းမယ်လို့ ယူဆရပြီးတော့ RAM 6GB နဲ့ Storage လည်း 128GB ပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအရလည်း 3500mAh Battery ပါဝင်မှာဖြစ်တဲ့အတွက် တော်တော်လေးကို မဆိုးဘူးလို့ ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း အခု Galaxy A8s စမတ်ဖုန်းမှာ အားနည်းချက်တစ်ခုရှိနေပြီးတော့ အဲ့ဒါကတော့ သီချင်းနားထောင်ဖို့အတွက် 3.5mm Headphone Jack ပါဝင်မှာမဟုတ်တော့တာပါ။ အဲ့ဒီအတွက် အခုထွက်ရှိလာမယ့် Galaxy A8s စမတ်ဖုန်းက Samsung ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Headphone Jack ပါဝင်မှာမဟုတ်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပြီးတော့ ဒါကနောက်ထွက်လာမယ့် Galaxy S10 လိုမျိုး စမတ်ဖုန်းတွေမှာ Headphone Jack မပါလာနိုင်တော့တာကိုပါ သက်သေပြနေတယ်လို့ ပြောရမှာပါ။

Samsung

အခု Galaxy A8s စမတ်ဖုနး်က ၂၀၁၉ မတိုင်ခင် ဒီဇင်ဘာလအတွင်းမှာ မိတ်ဆက်သွားဖို့ ရှိနေပြီးတော့ ရောင်းချမယ့်စျေးနှုန်းအသေးစိတ်ကိုတော့ လက်ရှိအချိန်အထိ မသိရှိရသေးပါဘူး။

Ref : PhoneArena

Zawyè (Akhayar) 

www.akhayar.com