Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက ပထမဆုံးသော စမတ်ဖုန်းတွေအတွက် 64MP Camera Sensor ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ 64MP Camera Sensor ကို ပထမဆုံးအနေနဲ့ အသုံးပြုလာမယ့်ဖုန်းတစ်ခုထွက်ပေါ်လာတော့မှာပါ။

Samsung Galaxy A70

အခု 64MP Sensor ကို အသုံးပြုလာမယ့်ဖုန်းကတော့ Samsung Galaxy A70S ဖြစ်လာမှာဖြစ်ပြီးတော့ Samsung ရဲ့ GW1 64MP Camera Sensor ကို အသုံးပြုလာမှာဖြစ်ပါတယ်။

အခု Samsung Galaxy A70S စမတ်ဖုန်းက လာမယ့် ၂၀၁၉ ခုနှစ်ရဲ့ ပထမနှစ်ဝက်အပြီးမှာ မိတ်ဆက်လာနိုင်ပြီးတော့ ဘယ်လိုမျိုး Specification တွေပါဝင်လာမလဲဆိုတာက စိတ်ဝင်စားစရာပါ။ လက်ရှိအချိန်မှာ ထွက်ရှိထားတဲ့ Samsung Galaxy A70 စမတ်ဖုန်းကလည်း စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးကို မဆိုးဘူးလို့ ပြောလို့ရတဲ့အတွက် Samsung Galaxy A70S ကလည်း စွမ်းဆောင်ရည်ပိုင်းမှာ ညံ့မှာတော့မဟုတ်လောက်ပါဘူး။

Samsung Galaxy A70

ဘာပဲဖြစ်ဖြစ် Samsung အနေနဲ့ အခုလိုမျိုး Galaxy A Series ဖုန်းတွေမှာ စွမ်းဆောင်ရည်ပိုင်းကို အာရုံစိုက်လာတာက Mid Range ဈေးကွက်မှာ Samsung က ပိုပြီး အောင်မြင်လာနိုင်ပါတယ်။

Ref : GSMArena