Samsung ကေန Galaxy A Series စမတ္ဖုန္းေတြအေပၚမွာ အာရုံစိုက္ေတာ့မယ္လုိ႔ ေျပာၾကားခဲ့ျပီး အခုအခ်ိန္မွာေတာ့ တကယ္ကို Mid-Range Galaxy A Series ဖုန္းေတြမွာ Feature အေကာင္းစားေတြထည့္ေပးဖို႔ ရွိေနပါတယ္။

Samsung Galaxy A9

ဒါကေတာ့ Samsung ကေန Galaxy A Series စမတ္ဖုန္းေတြအတြက္ Under-Display Fingerprint Sensor ကို ထည့္သြင္းေပးေတာ့မွာျဖစ္ျပီးေတာ့ အခုအခ်ိန္မွာ Samsung ကေန တရုတ္ႏုိင္ငံမွာရွိတဲ့ Aegis Technology နဲ႔ Under-Display Fingerprint Sensor အတြက္ စာခ်ဴပ္ခ်ဴပ္ဆုိျပီးျပီလုိ႔ သိရပါတယ္။

ဒါေပမယ့္ အခု Samsung Galaxy A Series စမတ္ဖုန္းေတြမွာပါလာမယ့္ Under-Display Fingerprint Sensor က လက္ရွိအခ်ိန္အထိ တျခားေသာ Under-Display Fingerprint ပါတဲ့ဖုန္းေတြလုိမ်ိဳးပဲ Optical နည္းပညာကို အသံုးျပဳထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Samsung ကေန Galaxy S10 Series ဖုန္းေတြမွာ အသံုးျပဳလာမယ့္ Qualcomm ရဲ႕ Ultrasonic Under-Display Fingerprint Sensor ေတြနဲ႔ ယွဥ္ရင္ေတာ့ အနည္းငယ္ေႏွးေနဦးမွာပါ။

Samsung Galaxy A9

အခု Samsung ရဲ႕ Under-Display Fingerprint Sensor ပါဝင္တဲ့ Galaxy A Series ဖုန္းေတြကို ဘယ္အခ်ိန္မွာ ျမင္ေတြ႕ရမလဲဆိုတာကိုေတာ့ ခန္႔မွန္းလုိ႔မရေသးေပမယ့္ ပံုမွန္အားျဖင့္ Galaxy S Series ဖုန္းေတြမတုိင္ခင္ Galaxy A Series ဖုန္းေတြ ထြက္လာတတ္တဲ့အတြက္ ဒီႏွစ္မကုန္ခင္ ျမင္ေတြ႕ရမယ္လုိ႔ ယူဆရပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Samsung ကနေ Galaxy A Series စမတ်ဖုန်းတွေအပေါ်မှာ အာရုံစိုက်တော့မယ်လို့ ပြောကြားခဲ့ပြီး အခုအချိန်မှာတော့ တကယ်ကို Mid-Range Galaxy A Series ဖုန်းတွေမှာ Feature အကောင်းစားတွေထည့်ပေးဖို့ ရှိနေပါတယ်။

Samsung Galaxy A9

ဒါကတော့ Samsung ကနေ Galaxy A Series စမတ်ဖုန်းတွေအတွက် Under-Display Fingerprint Sensor ကို ထည့်သွင်းပေးတော့မှာဖြစ်ပြီးတော့ အခုအချိန်မှာ Samsung ကနေ တရုတ်နိုင်ငံမှာရှိတဲ့ Aegis Technology နဲ့ Under-Display Fingerprint Sensor အတွက် စာချူပ်ချူပ်ဆိုပြီးပြီလို့ သိရပါတယ်။

ဒါပေမယ့် အခု Samsung Galaxy A Series စမတ်ဖုန်းတွေမှာပါလာမယ့် Under-Display Fingerprint Sensor က လက်ရှိအချိန်အထိ တခြားသော Under-Display Fingerprint ပါတဲ့ဖုန်းတွေလိုမျိုးပဲ Optical နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Samsung ကနေ Galaxy S10 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် Qualcomm ရဲ့ Ultrasonic Under-Display Fingerprint Sensor တွေနဲ့ ယှဉ်ရင်တော့ အနည်းငယ်နှေးနေဦးမှာပါ။

Samsung Galaxy A9

အခု Samsung ရဲ့ Under-Display Fingerprint Sensor ပါဝင်တဲ့ Galaxy A Series ဖုန်းတွေကို ဘယ်အချိန်မှာ မြင်တွေ့ရမလဲဆိုတာကိုတော့ ခန့်မှန်းလို့မရသေးပေမယ့် ပုံမှန်အားဖြင့် Galaxy S Series ဖုန်းတွေမတိုင်ခင် Galaxy A Series ဖုန်းတွေ ထွက်လာတတ်တဲ့အတွက် ဒီနှစ်မကုန်ခင် မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com