






Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လာမယ့် ၂၀၁၉ ခုနှစ်က 5G နည်းပညာကို ဆောင်ရွက်လာတော့မယ့်နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ Qualcomm နဲ့ Intel လိုမျိုး ကုမ္ပဏီကြီးတွေက 5G Modem တွေကို ထုတ်ပြပြီးဖြစ်သလို အခုအချိန်မှာလည်း Samsung ကနေ Exynos 5100 5G Modem ကိုထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Samsung Exynos 5100 5G Modem

အခု Samsung ကနေ ထုတ်လုပ်လိုက်တဲ့ Exynos 5100 Modem က ကုမ္ပဏီရဲ့ ပထမဆုံးသော 5G Modem ဖြစ်ပြီးတော့ အခု Modem က 3GPP Standard တွေနဲ့ ကိုက်ညီတယ်လို့လည်း ပြောထားပါတယ်။

အခု Exynos 5100 Modem ဟာ လက်ရှိ Samsung Galaxy S9 ၊ S9+ နဲ့ Galaxy Note 9 စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Exynos 9810 Processor လိုမျိုးပဲ 10nm Architecture ကို အသုံးပြုထားမှာဖြစ်ပြီးတော့ ယခင် Network နည်းပညာတွေဖြစ်တဲ့ 2G GSM/CDMA ၊ 3G WCDMA ၊ TD-SCDMA ၊ HSPA နဲ့ 4G LTE နည်းပညာတွေကိုလည်း Support ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Samsung Exynos 5100 5G Modem

Exynos 5100 Modem က sub-6GHz နဲ့ mmWave Spectrum ကို Support ပြုလုပ်ပြီးတော့ 2Gbps Speeed အထိ sub-6GHz မှာ ရရှိပြီးတော့ mmWave မှာဆိုရင် 6Gbps အထိကို ရရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင် Modem တွေထက် ၁.၇ ဆ နဲ့ ၅ ဆ လောက်အထိကို တိုးတက်လာတာပဲဖြစ်ပါတယ်။

Samsung ဟာ အခု Exynos 5100 Modem ကို ဒီနှစ်ကုန်ပိုင်းမှာ သူ့ရဲ့ Device တွေမှာ အသုံးပြုလာမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com