[Zawgyi] 

Apple ကေတာ့ ဖုန္းကုမၸဏီအခ်င္းခ်င္း နာမည္တပ္ၿပီး တိုက္ခိုက္ေလ့မရွိေပမယ့္ Samsung ကေတာ့ Apple ကို တိုက္႐ိုက္တိုက္ခိုက္တာမ်ိဳးလုပ္ရတာကို သေဘာက်ပံုပါပဲ။ အရင္ကတည္းက Apple ကို YouTube ေၾကာ္ျငာေတြနဲ႔ ေတာက္ေလွ်ာက္တိုက္ခို္က္ေနတာ Samsung ပါ။ iPhone X ထြက္လာၿပီးေနာက္ပိုင္း ထပ္တိုက္ခိုက္ထားသလို ေနာက္ဆံုးထြက္ထားတဲ့ Galaxy S9 နဲ႔လည္း iPhone X ကိုပဲ ထပ္တိုက္ခိုက္ထားပါေသးတယ္။ 

ဒါကေတာ့ iPhone ရဲ႕ သိမိုင္းကို ျပန္ေကာက္ထားၿပီး iPhone X ထြက္တဲ့အခ်ိန္မွာ သေရာ္ထားတဲ့ Samsung ရဲ႕ ေၾကာ္ျငာပါ။ iPhone X မွာပါတဲ့ Notch ကို တိုက္ခိုက္ထားတဲ့အျပင္ အရင္က iPhone ေတြက Screen Size ေသးတာေတြကို ေတာက္ေလွ်ာက္တိုက္ခိုက္ထားပါေသးတယ္။ 

အဲ့ဒီ Samsung ရဲ႕ ေၾကာ္ျငာကို အစအနေကာက္ၿပီး Motorola က Samsung ကို ျပန္သေရာ္ထားပါေသးတယ္။ Screen Size ႀကီးတာထက္ ပိုႀကီးတဲ့ Projector Screen အျဖစ္သံုးလို႔ရတဲ့ Moto Z2 Play ကို Moto Mods နဲ႔တြဲၿပီး ေၾကာ္ျငာသြားပါတယ္။ Samsung ကေတာ့ အခုအခ်ိန္အထိ အဲ့ဒီ ေၾကာ္ျငာကို ျပန္လည္ေခ်ပထားတာ မရွိေသးပါဘူး။ 

Samsung ကေတာ့ Galaxy S9 ထြက္ၿပီးေနာက္ပိုင္းမွာ Apple ရဲ႕ iPhone X ကို မနားတမ္းတိုက္ခိုက္ေနတာ အခုဆိုရင္ YouTube မွာ ေၾကာ္ျငာႏွစ္ခုရွိသြားၿပီျဖစ္ပါတယ္။ ပထမတစ္ခုကေတာ့ iPhone ေတြမွာျဖစ္ေနတဲ့ Battery ျပႆနာ အပါအဝင္အဆင္မေျပျဖစ္သြားတာေတြကို ပံုႀကီးခ်ဲ႕ျပထားသလို iPhone X ရဲ႕ Notch ကိုလည္း သားအဖႏွစ္ေယာက္ကိုသ႐ုပ္ေဆာင္အျဖစ္ထားၿပီး တိုက္ခိုက္ထားပါေသးတယ္။ 

ေနာက္ဆံုးတစ္ခုကေတာ့ Apple ရဲ႕ iPhone X က အနာဂတ္ရဲ႕ စမတ္ဖုန္းျဖစ္တယ္ဆိုတာကို ေလွာင္ေျပာင္ထားတဲ့ Video ပါ။ Galaxy S9 ကို iPhone X နဲ႔ယွဥ္ၿပီးေျပာဖို႔အတြက္ Apple Store ထဲကို ဝင္လာတဲ့ Customer တစ္္ေယာက္အေနနဲ႔ ဇာတ္လမ္းဆင္ထားပါတယ္။ 

Samsung က အခုလို တိုက္ခိုက္ေနတာ အခုမွမဟုတ္ပါဘူး။ ဟိုးအရင္ Galaxy Tab Pro ေလာက္ကတည္းက iPad Air ေတြကို လိုက္တိုက္ခိုက္ေနခဲ့တာပါ။ Apple ပရိသတ္အတြက္ေတာ့ ဒီလိုတိုက္ခိုက္ခံရတဲ့ Video ေတြဟာ အသည္းယားခ်င္စရာျဖစ္ေနမယ္ဆိုတာ ေသခ်ာပါတယ္။ သင္ေရာ ဒီ Video ေတြအေပၚ ဘယ္လိုျမင္ပါသလဲ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Samsung ရဲ့ မပြီးဆုံးနိုင်မယ့် Apple ကိုတိုက်ခိုက်တဲ့ ကြော်ငြာအသစ်

Apple ကတော့ ဖုန်းကုမ္ပဏီအချင်းချင်း နာမည်တပ်ပြီး တိုက်ခိုက်လေ့မရှိပေမယ့် Samsung ကတော့ Apple ကို တိုက်ရိုက်တိုက်ခိုက်တာမျိုးလုပ်ရတာကို သဘောကျပုံပါပဲ။ အရင်ကတည်းက Apple ကို YouTube ကြော်ငြာတွေနဲ့ တောက်လျှောက်တိုက်ခိုက်နေတာ Samsung ပါ။ iPhone X ထွက်လာပြီးနောက်ပိုင်း ထပ်တိုက်ခိုက်ထားသလို နောက်ဆုံးထွက်ထားတဲ့ Galaxy S9 နဲ့လည်း iPhone X ကိုပဲ ထပ်တိုက်ခိုက်ထားပါသေးတယ်။ 

ဒါကတော့ iPhone ရဲ့ သိမိုင်းကို ပြန်ကောက်ထားပြီး iPhone X ထွက်တဲ့အချိန်မှာ သရော်ထားတဲ့ Samsung ရဲ့ ကြော်ငြာပါ။ iPhone X မှာပါတဲ့ Notch ကို တိုက်ခိုက်ထားတဲ့အပြင် အရင်က iPhone တွေက Screen Size သေးတာတွေကို တောက်လျှောက်တိုက်ခိုက်ထားပါသေးတယ်။ 

အဲ့ဒီ Samsung ရဲ့ ကြော်ငြာကို အစအနကောက်ပြီး Motorola က Samsung ကို ပြန်သရော်ထားပါသေးတယ်။ Screen Size ကြီးတာထက် ပိုကြီးတဲ့ Projector Screen အဖြစ်သုံးလို့ရတဲ့ Moto Z2 Play ကို Moto Mods နဲ့တွဲပြီး ကြော်ငြာသွားပါတယ်။ Samsung ကတော့ အခုအချိန်အထိ အဲ့ဒီ ကြော်ငြာကို ပြန်လည်ချေပထားတာ မရှိသေးပါဘူး။ 

Samsung ကတော့ Galaxy S9 ထွက်ပြီးနောက်ပိုင်းမှာ Apple ရဲ့ iPhone X ကို မနားတမ်းတိုက်ခိုက်နေတာ အခုဆိုရင် YouTube မှာ ကြော်ငြာနှစ်ခုရှိသွားပြီဖြစ်ပါတယ်။ ပထမတစ်ခုကတော့ iPhone တွေမှာဖြစ်နေတဲ့ Battery ပြဿနာ အပါအဝင်အဆင်မပြေဖြစ်သွားတာတွေကို ပုံကြီးချဲ့ပြထားသလို iPhone X ရဲ့ Notch ကိုလည်း သားအဖနှစ်ယောက်ကိုသရုပ်ဆောင်အဖြစ်ထားပြီး တိုက်ခိုက်ထားပါသေးတယ်။ 

နောက်ဆုံးတစ်ခုကတော့ Apple ရဲ့ iPhone X က အနာဂတ်ရဲ့ စမတ်ဖုန်းဖြစ်တယ်ဆိုတာကို လှောင်ပြောင်ထားတဲ့ Video ပါ။ Galaxy S9 ကို iPhone X နဲ့ယှဉ်ပြီးပြောဖို့အတွက် Apple Store ထဲကို ဝင်လာတဲ့ Customer တစ်ယောက်အနေနဲ့ ဇာတ်လမ်းဆင်ထားပါတယ်။ 

Samsung က အခုလို တိုက်ခိုက်နေတာ အခုမှမဟုတ်ပါဘူး။ ဟိုးအရင် Galaxy Tab Pro လောက်ကတည်းက iPad Air တွေကို လိုက်တိုက်ခိုက်နေခဲ့တာပါ။ Apple ပရိသတ်အတွက်တော့ ဒီလိုတိုက်ခိုက်ခံရတဲ့ Video တွေဟာ အသည်းယားချင်စရာဖြစ်နေမယ်ဆိုတာ သေချာပါတယ်။ သင်ရော ဒီ Video တွေအပေါ် ဘယ်လိုမြင်ပါသလဲ။ 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။