မနက္ျဖန္က်ရင္ အေမရိကန္ျပည္ေထာင္စုမွာ ျပဳလုပ္မယ့္ သတင္းစာရွင္းလင္းပြဲမွာ ပထမဆံုး Strechable display တစ္ခုကုိ ပထမဆံုးအေနနဲ႔ ျပသဖုိ႔ စီစဥ္ေနတယ္လုိ႔ Samsung Display က ဆုိပါတယ္။ Yonhap News ရဲ႕ ေဖာ္ျပခ်က္အရ အက်ယ္ ၉.၁လက္မ ရွိတဲ့ Strechable organic LED panel တစ္ခုကုိ အဂၤါေန႔မွာ LA Convention Center မွာ ျပဳလုပ္သြားမယ့္ မ်က္ႏွာျပင္အခ်က္အလက္မ်ားဆုိင္ရာအသင္း ျပပြဲမွာ ထုတ္ေဖာ္သြားမွာ ျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

ဒီဆန္႔ထုတ္မ်က္ႏွာျပင္ေတြဟာ Flexible မ်က္ႏွာျပင္ေစ်းကြက္ရဲ႕ မ်ိဳးဆက္သစ္တစ္ခု ျဖစ္ၿပီး ဒီအထဲမွာ မ်က္ႏွာျပင္ေကြးေတြနဲ႔ လိပ္ထားႏုိင္တဲ့ မ်က္ႏွာျပင္ေတြ ပါဝင္ၿပီး ေနာက္ပုိင္းမွာ အဆင္အျမွင့္ဆံုး ပံုစံေတြနဲ႔ ေတြ႔ရေတာ့မွာ ျဖစ္ပါတယ္။ “လက္ရွိ Flexible OLED ေတြဟာ မ်က္ႏွာျပင္ရဲ႕ တစ္ဖက္ေတြကုိသာ ေျပာင္းလဲႏုိင္ၿပီးေတာ့ Strechable OLED ေတြကေတာ့ ဘယ္လုိ ေကြးညြတ္မႈမ်ိဳး၊ ေခါက္ခ်ိဳးမႈမ်ိဳး၊ ကုိမဆုိ ဘက္ႏွစ္ခုလံုးကေန ခံႏုိင္ရည္ရွိပါတယ္” လုိ႔ Samsung Display ရဲ႕ ေျပာေရးဆုိခြင့္ရွိသူက Korea Herald ကုိ ဆုိခဲ့ပါတယ္။

Samsung က မ်က္ႏွာျပင္အေနနဲ႔ ေဘာလံုးတစ္လံးလုိမ်ိဳး နဂုိရွိရင္းစြဲအေနအထားကေန ၁၂မီလီမီတာအထိ ဆန္႔ထုတ္ႏုိင္ေသးတယ္လုိ႔လည္း ဆုိခဲ့ပါတယ္။ ဒီႀကံဳႏုိင္၊ ဆန္႔ႏုိင္တဲ့ နည္းပညာကုိ စမတ္ဖုန္းေတြမွာ ထည့္သြင္းလုိက္လုိ႔ရွိရင္ လက္ရွိဖုန္းေတြမွာ ျဖစ္ေပၚေနတဲ့ ေအာက္က်လုိ႔ မ်က္ႏွာျပင္ကြဲတာေတြျဖစ္ေတာ့မွာ မဟုတ္ေၾကာင္းလဲ Samsung ကဆုိပါတယ္။

Samsung နဲ႔ ျပည္တြင္းၿပိဳင္ဘက္ျဖစ္တဲ့ LG တုိ႔ဟာ လက္ရွိဖုန္းေတြမွာ ေကြးညႊတ္မ်က္ႏွာျပင္ နည္းပညာကုိ ထည့္သြင္းဖုိ႔အတြက္ အဆင္သင့္ ျဖစ္ေနၿပီလုိ႔လည္း ယံုၾကည္ေနၾကပါတယ္။ ဒါေၾကာင့္ ေနာက္ႏွစ္ပုိင္းေလာက္ေတြမွာ စမတ္ဖုန္းေတြရဲ႕ တုိးတက္လာတဲ့ နည္းပညာေတြထဲမွာ ေကြးညြတ္မ်က္ႏွာျပင္နည္းပညာဟာလည္း တစ္ခု အပါအဝင္ ျဖစ္လာဖုိ႔ အလားအလာေတြရွိေနေၾကာင္း သံုးသပ္သူေတြက ဆုိခဲ့ပါတယ္။

Joker (Akhayar)

Ref: Android Authority

=================

[Unicode]

ပထမဆုံး ‘ဆန့်ထုတ်နိုင်တဲ့’ မျက်နှာပြင်ကို Samsung ထုတ်လုပ်မယ်

မနက်ဖြန်ကျရင် အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ ပထမဆုံး Strechable display တစ်ခုကို ပထမဆုံးအနေနဲ့ ပြသဖို့ စီစဉ်နေတယ်လို့ Samsung Display က ဆိုပါတယ်။ Yonhap News ရဲ့ ဖော်ပြချက်အရ အကျယ် ၉.၁လက်မ ရှိတဲ့ Strechable organic LED panel တစ်ခုကို အင်္ဂါနေ့မှာ LA Convention Center မှာ ပြုလုပ်သွားမယ့် မျက်နှာပြင်အချက်အလက်များဆိုင်ရာအသင်း ပြပွဲမှာ ထုတ်ဖော်သွားမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဒီဆန့်ထုတ်မျက်နှာပြင်တွေဟာ Flexible မျက်နှာပြင်စျေးကွက်ရဲ့ မျိုးဆက်သစ်တစ်ခု ဖြစ်ပြီး ဒီအထဲမှာ မျက်နှာပြင်ကွေးတွေနဲ့ လိပ်ထားနိုင်တဲ့ မျက်နှာပြင်တွေ ပါဝင်ပြီး နောက်ပိုင်းမှာ အဆင်အမြှင့်ဆုံး ပုံစံတွေနဲ့ တွေ့ရတော့မှာ ဖြစ်ပါတယ်။ “လက်ရှိ Flexible OLED တွေဟာ မျက်နှာပြင်ရဲ့ တစ်ဖက်တွေကိုသာ ပြောင်းလဲနိုင်ပြီးတော့ Strechable OLED တွေကတော့ ဘယ်လို ကွေးညွတ်မှုမျိုး၊ ခေါက်ချိုးမှုမျိုး၊ ကိုမဆို ဘက်နှစ်ခုလုံးကနေ ခံနိုင်ရည်ရှိပါတယ်” လို့ Samsung Display ရဲ့ ပြောရေးဆိုခွင့်ရှိသူက Korea Herald ကို ဆိုခဲ့ပါတယ်။

Samsung က မျက်နှာပြင်အနေနဲ့ ဘောလုံးတစ်လံးလိုမျိုး နဂိုရှိရင်းစွဲအနေအထားကနေ ၁၂မီလီမီတာအထိ ဆန့်ထုတ်နိုင်သေးတယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒီကြုံနိုင်၊ ဆန့်နိုင်တဲ့ နည်းပညာကို စမတ်ဖုန်းတွေမှာ ထည့်သွင်းလိုက်လို့ရှိရင် လက်ရှိဖုန်းတွေမှာ ဖြစ်ပေါ်နေတဲ့ အောက်ကျလို့ မျက်နှာပြင်ကွဲတာတွေဖြစ်တော့မှာ မဟုတ်ကြောင်းလဲ Samsung ကဆိုပါတယ်။

Samsung နဲ့ ပြည်တွင်းပြိုင်ဘက်ဖြစ်တဲ့ LG တို့ဟာ လက်ရှိဖုန်းတွေမှာ ကွေးညွှတ်မျက်နှာပြင် နည်းပညာကို ထည့်သွင်းဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့လည်း ယုံကြည်နေကြပါတယ်။ ဒါကြောင့် နောက်နှစ်ပိုင်းလောက်တွေမှာ စမတ်ဖုန်းတွေရဲ့ တိုးတက်လာတဲ့ နည်းပညာတွေထဲမှာ ကွေးညွတ်မျက်နှာပြင်နည်းပညာဟာလည်း တစ်ခု အပါအဝင် ဖြစ်လာဖို့ အလားအလာတွေရှိနေကြောင်း သုံးသပ်သူတွေက ဆိုခဲ့ပါတယ်။

Joker (Akhayar)

Ref: Android Authority