Samsung ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ထုတ်လုပ်ပြီး မီးလောင် ပေါက်ကွဲမှု ပြသနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Galaxy Note 7 စမတ်ဖုန်းရဲ့ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးထားတဲ့ ရလဒ်တွေကို ထုတ်ဖော်သွားတော့ မယ်လို့ သိရပါတယ်။ ဒီသတင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က JoongAng Ilbo သတင်းစာကနေ ထုတ်ဖော်ပြောကြားခဲ့တာပါ။

တောင်ကိုရီးယားတွေရဲ့ အတည်ပြုချက်အရ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဖုန်းတွေကို ပြန်လည် သိမ်းဆည်ခဲ့ပြီး ဒါဟာဆိုရင် နည်းပညာသမိုင်းမှာ အကုန်အကျအများဆုံး ထုတ်ကုန်သိမ်းဆည်းမှု အဖြစ် မှတ်တမ်း ဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

အဲ့ဒီအပြင် ကမ္ဘာ့ထိပ်သီး စမတ်ဖုန်း ထုတ်လုပ်သူအနေနဲ့ Galaxy Note 7 ရောင်းချမှုကို အပြီးတိုင် ဆိုင်းငံ့လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် အကျိုးအမြတ် ဒေါ်လာသန်းပေါင်း ၅၁၀၀ ကျော်နစ်နာ ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ရင်းနှီးမြုတ်နှံသူတွေနဲ့ ကျွမ်းကျင်သူတွေကတော့ Samsung ဟာ မီးလောင်ရတဲ့ အကြောင်း အရင်းခံကို အတည်ပြုပြီး နောက်ထပ် ဒီလိုအမှားမျိုး မဖြစ်ပွားစေဖို့အတွက် အသုံးပြုသူရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်သွားမှာ ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။

ဒီသတင်းအပေါ် မှတ်ချက်တစ်စုံတစ်ရာ ပေးဖို့အတွက် Samsung Electronic ရဲ့ပြောရေးဆိုခွင့် ရှိသူက ငြင်းဆန်ခဲ့ပါတယ်။

Ref: Reuters