Samsung ကေန ျပီးခဲ့တဲ့ရက္သတၱပတ္ပိုင္းတုန္းက ေခါက္သိမ္းႏုိင္တဲ့ Foldable Galaxy စမတ္ဖုန္းအသစ္ကို Samsung Developer Conference မွာ ျပသသြားခဲ့ပါတယ္။ အဆုိပါ ေခါက္ထားႏုိင္တဲ့ Foldable ဖုန္းက ျဖန္႔လုိက္ရင္ Tablet တစ္ခုလုိမ်ိဳးျဖစ္သြားမွာျဖစ္ျပီးေတာ့ ေနာက္ႏွစ္ထဲမွာမွ ေရာင္းခ်ႏိုင္မွာျဖစ္ပါတယ္။

Samsung Foldable Phone

ဒါေပမယ့္ အခုေနာက္ဆံုးသိရတဲ့သတင္းေတြအရ အဆုိပါ ေခါက္ခ်ိဳးႏုိင္တဲ့ Foldable ဖုန္းက ေစ်းႏႈန္းအေနနဲ႔ ေဒၚလာ ၂၅၀၀ ေလာက္အထိက်သင့္ႏုိင္တဲ့အတြက္ ေစ်းက ထင္ထားတာထက္ေတာင္ၾကီးေနျပီးေတာ့ ေရာင္းအားေကာင္းဖုိ႔က ထင္သေလာက္ျဖစ္ႏုိင္မွာမဟုတ္တဲ့ပံုစံပါပဲ။ အဲ့ဒီအတြက္ Samsung ကေန အခု Foldable ဖုန္းမဟုတ္တဲ့ တျခားေသာ Flagship ဖုန္းတစ္ခုကို မွီခိုဖို႔ လုိအပ္လာပါတယ္။

ဒါကေတာ့ Samsung ရဲ႕ Galaxy S Series စမတ္ဖုန္းေတြထဲမွာ ၁၀ ႏွစ္ျပည့္ဖုန္းျဖစ္လာမယ့္ Galaxy S10 ပဲျဖစ္ပါတယ္။ Samsung ဟာ အခုလာမယ့္ ၂၀၁၉ ခုႏွစ္အေစာပိုင္းမွာေရာင္းခ်ေတာ့မယ့္ Galaxy S10 ဖုန္းမွာ က်ိန္းေသေပါက္ေအာင္ျမင္ေအာင္ေဆာင္ရြက္ဖုိ႔လုိအပ္မွာျဖစ္ျပီးေတာ့ တကယ္လုိ႔သာမေအာင္ျမင္ခဲ့ရင္ Samsung အေနနဲ႔ ဆံုးရႈံးမႈေတြေတာ္ေတာ္မ်ားမ်ားၾကံဳေတြ႔ရေတာ့မယ့္ပံုပါပဲ။ အခုဆံုးရႈံးမႈေတြက Samsung အတြက္ ေစ်းကြက္ရွယ္ယာဆံုးရႈံးတာတင္မဟုတ္ဘဲ Samsung ရဲ႕ CEO ျဖစ္တဲ့ DJ Koh ကပါ အလုပ္ထြက္ရဖုိ႔ရွိေနတာပါ။

Samsung CEO DJ Koh

ဘာေၾကာင့္လည္းဆုိရင္ ကုိရီးယားႏုိင္ငံမွာရွိတဲ့ သတင္းဌာနတစ္ခုျဖစ္တဲ့ Korea Herald ရဲ႕ ေျပာၾကားခ်က္အရ CEO ျဖစ္တဲ့ DJ Koh ဟာ ကုမၸဏီတြင္းမွာ ဆိုးရြားစြာေဝဖန္ခံေနရျပီးေတာ့ အဆိုပါေဝဖန္မႈေတြက ကုမၸဏီရဲ႕ Vice Chairman Lee Jae-yong ကိုယ္တုိင္ ဥေရာပမွာရွိတဲ့ Smartphone Store ေတြကို သြားေရာက္ေလ့လာျပီးေနာက္ပိုင္းမွာ ပိုဆိုးရြားေနတယ္လုိ႔ သိရပါတယ္။ အခုလုိမ်ိဳး Samsung ရဲ႕ Product ေတြကို ေဝဖန္ခံေနရတာေတြက ကုမၸဏီျပင္ပကလူေတြတင္မဟုတ္ဘဲ ကုမၸဏီတြင္းမွာပါ စတင္ျဖစ္ပြားေနတာလည္းျဖစ္ပါတယ္။

Samsung ဟာ ေလာေလာဆယ္မွာ တတိယ ၃ လပတ္ေရာင္းအားေတြအရ ထင္သေလာက္ေရာင္းအားကို မရရွိထားဘဲ ျပီးခဲ့တဲ့ ၃ လပတ္ေရာင္းအားေတြနဲ႔ယွဥ္ရင္ေတာင္ ၃၀ ရာခိုင္ႏႈန္းေလာက္ ေရာင္းအားက်ဆင္းေနတာျဖစ္ပါတယ္။ ႏွစ္စကထြက္ထားတဲ့ Galaxy S9 နဲ႔ S9+ ဖုန္းေတြက ေရာင္းအားမေကာင္းခဲ့သလုိပဲ မၾကာခင္က ထြက္ရွိထားတဲ့ Galaxy Note 9 စမတ္ဖုန္းကလည္း ထင္ထားသေလာက္မေရာင္းခ်ရတဲ့ပံုပါပဲ။

Samsung ဟာ ယခင္တုနး္က အိႏၵိယႏုိင္ငံမွာ ေရာင္းအားအေကာင္းဆံုး ပထမေနရာကို ရရွိခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ Xiaomi က ေက်ာ္တက္သြားခဲ့ျပီး အခုအခ်ိန္အထိ ပထမေနရာကို ျပန္လည္ရယူႏုိင္ျခင္းမရွိေသးပါဘူး။ တရုတ္ႏုိင္ငံမွာဆုိရင္လည္း ၾကီးမားတဲ့ေစ်းကြက္တစ္ခုျဖစ္ေနေပမယ့္ Samsung ဟာ ေစ်းကြက္ရွယ္ယာပိုင္ဆိုင္မႈက ၁ ရာခုိင္ႏႈန္းအထိ ဆိုးရြားစြာေရာက္ရွိေနျပီး Local စမတ္ဖုန္းကုမၸဏီ ၅ ခုရဲ႕ ေအာက္မွာ ျပားျပားဝပ္ေနရတာျဖစ္ပါတယ္။

Samsung CEO DJ Koh

ဒီလုိ Samsung ရဲ႕ ဆိုးရြားလာတဲ့အေျခအေနေတြကို Vice Chairman ျဖစ္တဲ့ Lee Jae-yong ကေတာ့ DJ Koh ကို Samsung ရဲ႕ ဖုန္းေတြက တျခားေသာ ယွဥ္ျပိဳင္ဘက္စမတ္ဖုန္းေတြနဲ႔ ေကာင္းေကာင္းယွဥ္ျပိဳင္ႏုိင္တဲ့ စြမ္းရည္မရွိတာေၾကာင့္လုိ႔ အျပစ္တင္ထားျပီး ဒါကလည္း လက္ရွိ Galaxy Note 9 နဲ႔ Huawei ရဲ႕ Mate 20 Pro ဖုန္းေတြကို ယွဥ္ၾကည့္ရင္ ထင္ရွားေနတဲ့အခ်က္လုိ႔ေျပာလုိ႔ရပါတယ္။

ဘာပဲျဖစ္ျဖစ္ DJ Koh အေနနဲ႔ ေလာေလာဆယ္မွာ Samsung ရဲ႕ Mid Range ဖုန္းေတြေရာ Galaxy S10 ဖုန္းေတြလုိ Flagship ဖုန္းေတြမွာ တကယ္ Innovative ျဖစ္တဲ့ Feature ေတြကို ထည့္ေပးဖုိ႔လုိအပ္ေနပါျပီ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက ခေါက်သိမ်းနိုင်တဲ့ Foldable Galaxy စမတ်ဖုန်းအသစ်ကို Samsung Developer Conference မှာ ပြသသွားခဲ့ပါတယ်။ အဆိုပါ ခေါက်ထားနိုင်တဲ့ Foldable ဖုန်းက ဖြန့်လိုက်ရင် Tablet တစ်ခုလိုမျိုးဖြစ်သွားမှာဖြစ်ပြီးတော့ နောက်နှစ်ထဲမှာမှ ရောင်းချနိုင်မှာဖြစ်ပါတယ်။

Samsung Foldable Phone

ဒါပေမယ့် အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ အဆိုပါ ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းက စျေးနှုန်းအနေနဲ့ ဒေါ်လာ ၂၅၀၀ လောက်အထိကျသင့်နိုင်တဲ့အတွက် စျေးက ထင်ထားတာထက်တောင်ကြီးနေပြီးတော့ ရောင်းအားကောင်းဖို့က ထင်သလောက်ဖြစ်နိုင်မှာမဟုတ်တဲ့ပုံစံပါပဲ။ အဲ့ဒီအတွက် Samsung ကနေ အခု Foldable ဖုန်းမဟုတ်တဲ့ တခြားသော Flagship ဖုန်းတစ်ခုကို မှီခိုဖို့ လိုအပ်လာပါတယ်။

ဒါကတော့ Samsung ရဲ့ Galaxy S Series စမတ်ဖုန်းတွေထဲမှာ ၁၀ နှစ်ပြည့်ဖုန်းဖြစ်လာမယ့် Galaxy S10 ပဲဖြစ်ပါတယ်။ Samsung ဟာ အခုလာမယ့် ၂၀၁၉ ခုနှစ်အစောပိုင်းမှာရောင်းချတော့မယ့် Galaxy S10 ဖုန်းမှာ ကျိန်းသေပေါက်အောင်မြင်အောင်ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပြီးတော့ တကယ်လို့သာမအောင်မြင်ခဲ့ရင် Samsung အနေနဲ့ ဆုံးရှုံးမှုတွေတော်တော်များများကြုံတွေ့ရတော့မယ့်ပုံပါပဲ။ အခုဆုံးရှုံးမှုတွေက Samsung အတွက် စျေးကွက်ရှယ်ယာဆုံးရှုံးတာတင်မဟုတ်ဘဲ Samsung ရဲ့ CEO ဖြစ်တဲ့ DJ Koh ကပါ အလုပ်ထွက်ရဖို့ရှိနေတာပါ။

Samsung CEO DJ Koh

ဘာကြောင့်လည်းဆိုရင် ကိုရီးယားနိုင်ငံမှာရှိတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ Korea Herald ရဲ့ ပြောကြားချက်အရ CEO ဖြစ်တဲ့ DJ Koh ဟာ ကုမ္ပဏီတွင်းမှာ ဆိုးရွားစွာဝေဖန်ခံနေရပြီးတော့ အဆိုပါဝေဖန်မှုတွေက ကုမ္ပဏီရဲ့ Vice Chairman Lee Jae-yong ကိုယ်တိုင် ဥရောပမှာရှိတဲ့ Smartphone Store တွေကို သွားရောက်လေ့လာပြီးနောက်ပိုင်းမှာ ပိုဆိုးရွားနေတယ်လို့ သိရပါတယ်။ အခုလိုမျိုး Samsung ရဲ့ Product တွေကို ဝေဖန်ခံနေရတာတွေက ကုမ္ပဏီပြင်ပကလူတွေတင်မဟုတ်ဘဲ ကုမ္ပဏီတွင်းမှာပါ စတင်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

Samsung ဟာ လောလောဆယ်မှာ တတိယ ၃ လပတ်ရောင်းအားတွေအရ ထင်သလောက်ရောင်းအားကို မရရှိထားဘဲ ပြီးခဲ့တဲ့ ၃ လပတ်ရောင်းအားတွေနဲ့ယှဉ်ရင်တောင် ၃၀ ရာခိုင်နှုန်းလောက် ရောင်းအားကျဆင်းနေတာဖြစ်ပါတယ်။ နှစ်စကထွက်ထားတဲ့ Galaxy S9 နဲ့ S9+ ဖုန်းတွေက ရောင်းအားမကောင်းခဲ့သလိုပဲ မကြာခင်က ထွက်ရှိထားတဲ့ Galaxy Note 9 စမတ်ဖုန်းကလည်း ထင်ထားသလောက်မရောင်းချရတဲ့ပုံပါပဲ။

Samsung ဟာ ယခင်တုနး်က အိန္ဒိယနိုင်ငံမှာ ရောင်းအားအကောင်းဆုံး ပထမနေရာကို ရရှိခဲ့ပေမယ့် အခုအချိန်မှာတော့ Xiaomi က ကျော်တက်သွားခဲ့ပြီး အခုအချိန်အထိ ပထမနေရာကို ပြန်လည်ရယူနိုင်ခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံမှာဆိုရင်လည်း ကြီးမားတဲ့စျေးကွက်တစ်ခုဖြစ်နေပေမယ့် Samsung ဟာ စျေးကွက်ရှယ်ယာပိုင်ဆိုင်မှုက ၁ ရာခိုင်နှုန်းအထိ ဆိုးရွားစွာရောက်ရှိနေပြီး Local စမတ်ဖုန်းကုမ္ပဏီ ၅ ခုရဲ့ အောက်မှာ ပြားပြားဝပ်နေရတာဖြစ်ပါတယ်။

Samsung CEO DJ Koh

ဒီလို Samsung ရဲ့ ဆိုးရွားလာတဲ့အခြေအနေတွေကို Vice Chairman ဖြစ်တဲ့ Lee Jae-yong ကတော့ DJ Koh ကို Samsung ရဲ့ ဖုန်းတွေက တခြားသော ယှဉ်ပြိုင်ဘက်စမတ်ဖုန်းတွေနဲ့ ကောင်းကောင်းယှဉ်ပြိုင်နိုင်တဲ့ စွမ်းရည်မရှိတာကြောင့်လို့ အပြစ်တင်ထားပြီး ဒါကလည်း လက်ရှိ Galaxy Note 9 နဲ့ Huawei ရဲ့ Mate 20 Pro ဖုန်းတွေကို ယှဉ်ကြည့်ရင် ထင်ရှားနေတဲ့အချက်လို့ပြောလို့ရပါတယ်။

ဘာပဲဖြစ်ဖြစ် DJ Koh အနေနဲ့ လောလောဆယ်မှာ Samsung ရဲ့ Mid Range ဖုန်းတွေရော Galaxy S10 ဖုန်းတွေလို Flagship ဖုန်းတွေမှာ တကယ် Innovative ဖြစ်တဲ့ Feature တွေကို ထည့်ပေးဖို့လိုအပ်နေပါပြီ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com