[Zawgyi] 

မၾကာေသးခင္က Apple ရဲ႕ iPhone ေတြမွာျဖစ္သြားတဲ့ Battery ျပႆနာေတြကို သင္သိမွာပါ။ အသံုးျပဳတာသက္တမ္းၾကာလာတဲ့ iPhone ေတြမွာပါတဲ့ Battery ေတြကို Apple ကျပန္လည္လဲလွယ္ေပးတဲ့ အစီအစဥ္တစ္ခုလုပ္ေပးခဲ့ပါတယ္။ အဲ့ဒီအျပင္ iOS မွာလည္း Battery မေကာင္းေတာ့တဲ့ iPhone ေတြရဲ႕  CPU စြမ္းေဆာင္ရည္ကို ေလွ်ာ့ခ်ေပးမယ့္ Setting လည္းပါပါေသးတယ္။ 

အဲ့ဒီလို Battery နဲ႔ပတ္သက္လို႔ ျဖစ္သြားတဲ့ျပႆနာအားလံုးကို ဒီ Video ထဲမွာပါေအာင္ ထည့္႐ိုက္ထားပါတယ္။ Galaxy S9 နဲ႔ S9+ အသံုးျပဳသူူေတြကေတာ့ iPhone သံုးတဲ့သူေတြလို အဆင္မေျပတာ၊ စိတ္ပ်က္စရာ တစ္ခုမွမရွိဘူးဆိုတာမ်ိဳးကို အသားေပး႐ိုက္ထားတာပါ။ 

iPhone X ရဲ႕ Notch ကိုလည္း ဒုတိယအႀကိမ္အျဖစ္ ထပ္သေရာ္ထားတာကိုေတြ႕ရပါတယ္။ iPhone X ထြက္တဲ့အခ်ိန္တုန္းက လာဝယ္ဖို႔တန္းစီေနတဲ့လူေတြထဲက တစ္ေယာက္ကေတာ့ iPhone X ရဲ႕ Notch ပံုစံဆံပင္ၫွပ္ထားတာ ေတြ႕ရပါတယ္။ အခုေၾကာ္ျငာထဲမွာေတာ့ အဲ့ဒီ Notch ဆံပင္နဲ႔တစ္ေယာက္ ကေလးအေဖအျဖစ္နဲ႔ေတြ႕ရတဲ့အျပင္ ကေလးကိုပါ Notch ပံုဆံပင္ၫွပ္ေပးထားပါတယ္။ ေၾကာ္ျငာထဲမွာေတာ့ စကားေျပာခန္းေတြသိပ္မ်ားမ်ားထည့္မထားပဲ သ႐ုပ္ေဆာင္ေတြရဲ႕ အမူအရာေတြနဲ႔ပဲ ပရိတ္သတ္ကို ထိထိမိမိဖမ္းစားသြားပါတယ္။ 

အခုေၾကာ္ျငာကို YouTube မွာ ၁၄ နာရီအတြင္းမွာတင္ ၾကည့္႐ႈသူအေရအတြက္ေပါင္း ၃ သိန္းေက်ာ္ရွိသြားၿပီျဖစ္ပါတယ္။ Samsung ကေတာ့ Galaxy S9 ဖုန္းေတြက အေျခအေနအမ်ိဳးမ်ိဳးမွာ iPhone ေတြထက္ပို္သာတယ္ဆိုတဲ့အခ်က္ေတြနဲ႔ iPhone User ေတြကို ဆြဲေဆာင္သြားပါတယ္။ ဒီေၾကာ္ျငာကေတာ့ Apple Fan ေတြအတြက္ ေတာ္ေတာ္ေလးကို ေဒါသထြက္ခ်င္စရာေကာင္းပါတယ္။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

iPhone Battery ပြဿနာကို သရော်ထားတဲ့ Samsung ရဲ့ S9 ကြော်ငြာ

မကြာသေးခင်က Apple ရဲ့ iPhone တွေမှာဖြစ်သွားတဲ့ Battery ပြဿနာတွေကို သင်သိမှာပါ။ အသုံးပြုတာသက်တမ်းကြာလာတဲ့ iPhone တွေမှာပါတဲ့ Battery တွေကို Apple ကပြန်လည်လဲလှယ်ပေးတဲ့ အစီအစဉ်တစ်ခုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒီအပြင် iOS မှာလည်း Battery မကောင်းတော့တဲ့ iPhone တွေရဲ့  CPU စွမ်းဆောင်ရည်ကို လျှော့ချပေးမယ့် Setting လည်းပါပါသေးတယ်။ 

အဲ့ဒီလို Battery နဲ့ပတ်သက်လို့ ဖြစ်သွားတဲ့ပြဿနာအားလုံးကို ဒီ Video ထဲမှာပါအောင် ထည့်ရိုက်ထားပါတယ်။ Galaxy S9 နဲ့ S9+ အသုံးပြုသူူတွေကတော့ iPhone သုံးတဲ့သူတွေလို အဆင်မပြေတာ၊ စိတ်ပျက်စရာ တစ်ခုမှမရှိဘူးဆိုတာမျိုးကို အသားပေးရိုက်ထားတာပါ။ 

iPhone X ရဲ့ Notch ကိုလည်း ဒုတိယအကြိမ်အဖြစ် ထပ်သရော်ထားတာကိုတွေ့ရပါတယ်။ iPhone X ထွက်တဲ့အချိန်တုန်းက လာဝယ်ဖို့တန်းစီနေတဲ့လူတွေထဲက တစ်ယောက်ကတော့ iPhone X ရဲ့ Notch ပုံစံဆံပင်ညှပ်ထားတာ တွေ့ရပါတယ်။ အခုကြော်ငြာထဲမှာတော့ အဲ့ဒီ Notch ဆံပင်နဲ့တစ်ယောက် ကလေးအဖေအဖြစ်နဲ့တွေ့ရတဲ့အပြင် ကလေးကိုပါ Notch ပုံဆံပင်ညှပ်ပေးထားပါတယ်။ ကြော်ငြာထဲမှာတော့ စကားပြောခန်းတွေသိပ်များများထည့်မထားပဲ သရုပ်ဆောင်တွေရဲ့ အမူအရာတွေနဲ့ပဲ ပရိတ်သတ်ကို ထိထိမိမိဖမ်းစားသွားပါတယ်။ 

အခုကြော်ငြာကို YouTube မှာ ၁၄ နာရီအတွင်းမှာတင် ကြည့်ရှုသူအရေအတွက်ပေါင်း ၃ သိန်းကျော်ရှိသွားပြီဖြစ်ပါတယ်။ Samsung ကတော့ Galaxy S9 ဖုန်းတွေက အခြေအနေအမျိုးမျိုးမှာ iPhone တွေထက်ပိုသာတယ်ဆိုတဲ့အချက်တွေနဲ့ iPhone User တွေကို ဆွဲဆောင်သွားပါတယ်။ ဒီကြော်ငြာကတော့ Apple Fan တွေအတွက် တော်တော်လေးကို ဒေါသထွက်ချင်စရာကောင်းပါတယ်။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။