Samsung ဟာ နောက်ဆုံးမှာတော့ ကြိုတင်ကြေငြာထားတဲ့အတိုင်း ဘာကြောင့် Galaxy Note 7 ဖုန်းတွေ မီးလောင်ပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းမှန်ကို ထုတ်ဖော်လိုက်ပြီဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ပြောကြားချက်အရ Galaxy Note 7 ဖုန်းတွေကို ဘက်ထရီ အမျိုးအစား နှစ်မျိုးနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးဘက်ထရီမှာ ဘက်ထရီရဲ့ ညာဘက် အပေါ်ထောင့်နားကို အကွေးပုံစံနဲ့ပြုလုပ်ထားတာကြောင့် အတွင်းပိုင်းမှာ Short Circuit တစ်ခု ဖြစ်လာနိုင်တဲ့ ပုံစံဖြစ်နေတာဖြစ်ကြောင်း သိရပါတယ်။

ဒီအချိန်မှာပဲ အစားထိုးဖုန်းတွေအတွက် ထုတ်လုပ်ခဲ့တဲ့ ဒုတိယဘက်ထရီမှာလည်း ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာ ပြသနာတွေရှိခဲ့တာကြောင့် မီးလောင်မှုတွေ ထပ်မံဖြစ်ပေါ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒုတိယမြောက်ဘက်ထရီတွေရဲ့ ယူနစ်အချို့ကို အရည်အသွေးပိုင်းဆိုင်ရာမှာ စစ်ဆေးဖို့အတွက် ကျန်ရှိခဲ့တာလည်းဖြစ်ကြောင်း သိရပါတယ်။

Samsung ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဝန်ထမ်း အယောက်၇၀၀ကျော်နဲ့အတူ ဖုန်းအလုံးရေ ၂၀၀,၀၀၀ ကျော်နဲ့ ဘက်ထရီအပို ၃၀,၀၀၀ ကျော် ပါဝင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က The Wall Street Journal ရဲ့ သတင်းတစ်ရပ်အရ ဘက်ထရီတွေဟာ Samsung ပိုင်ဆိုင်တဲ့ Samsung SDI ကနေ ထုတ်လုပ်ခဲ့တာဖြစ်ပြီး Replacement ဖုန်းတွေမှာ ပြသနာ ကြုံတွေ့ခဲ့ရတဲ့ ဘက်ထရီတွေကိုတော့ Amperex Technology ကနေ ထုတ်လုပ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ဒီလအစောပိုင်းသတင်းအရ Samsung Electronics ဟာ သုံးနှစ်အတွင်းမှာ အဆိုးရွားဆုံး အကျိုးအမြတ်ပြသနာကို ကြုံတွေ့ခဲ့ရကြောင်း ဆိုခဲ့ကြပြီး မကြာခင်မှာ အသေးစိတ်ကို ကုမ္ပဏီက ထပ်မံပြောကြားသွားမယ်လို့ ဆိုပါတယ်။

Samsung ရဲ့ သတင်းစာရှင်းလင်းပွဲက ထုတ်ပြန်ခဲ့တဲ့ Infographic တွေကို အောက်ပါပုံတွေမှာ ကြည့်ရှုနိုင်ပါတယ်။

Ref: The Verge