[Zawgyi]

Snapdragon 850 အသုံးျပဳထားတဲ့ Galaxy Book 2 ကို Samsung မိတ္ဆက္

Samsung ကေတာ့ အလန္းစား Specs ေတြ ပိုင္ဆိုင္ထားတဲ့ Galaxy Book 2 Tablet အသစ္ကို မိတ္ဆက္ထားလိုက္ပါျပီ။ တန္ဖိုးအားျဖင့္ ေဒၚလာ ၁၀၀၀ ပဲရွိတယ္၊ Gigabit အမ်ိဳးစား LTE စနစ္လည္းပါတယ္၊ Laptop Display ထဲမွာေတာင္ ျမင္ရခဲတဲ့ OLED Panel ပိုင္ဆိုင္ထားတာမလို႔ Samsung Tablet က ေက်ာင္းသုံး၊ ရုံးသုံးနဲ႔ Business သမားေတြ မ်က္စိၾကစရာ ျဖစ္လာခဲ့ျပီလား?

Galaxy Book 2

မွန္တယ္လို႔ပဲေျပာရမွာပါ။ ဘာလို႔လဲဆိုရင္ Microsoft ေၾကညာထားတဲ့ Surface Pro 6 ထက္ေတာင္ ပိုေစ်းသက္သာေနသလို Tablet တစ္လုံး လိုအပ္ခ်က္၊ Function ပိုင္းခ်င္း ယွဥ္လိုက္မယ္ဆိုရင္ Samsung ပိုျပည့္စုံေနတဲ့ အေနထားမွာရွိပါတယ္။

Along with S Pen

Windows 10 S သုံးထားတယ္၊ ဘက္ထရီကလည္း နာရီ ၂၀ ဆက္တိုက္အသုံးခံတယ္၊ အသံပိုင္းမွာဆိုရင္လည္း Dolby Atmos ေထာက္ပံ့ထားတယ္။ ေနာက္ျပီး Galaxy Smartphone ေတြလို Speaker ေတြကို AKG နဲ႔ ခ်ိန္ညွိေပးထားတယ္၊ Fingerprint Reader လည္းပါတယ္။

Small & Slim

ဒါေတြျပီးသြားရင္ အထင္ၾကီးစရာျဖစ္လာတာက Stand အသစ္၊ သူ႔ပုံစံက Surface Stand လို ေထာက္ကန္ေပးႏိုင္ျပီး Angle ကို လိုသလို Adjust လုပ္ႏိုင္မယ္။ ေနာက္ျပီး  Tablet နဲ႔ တြဲသုံးႏိုင္မယ့္ Magnetic Keyboard လည္းပါလာခဲ့တယ္။ ဒီ ၂ ခ်က္က Galaxy Book 2 မွာ သိသာတဲ့ ေျပာင္းလဲမႈေတြလို႔ ေျပာရမွာပါ။

Removable Magnetic Keyboard

ဒီ Galaxy Book 2 ကို အားမရဆုံးတစ္ခ်က္က 4GB RAM ပဲ ထည့္သြင္းေပးထားတာပါ။ ေဒၚလာ ၁၀၀၀ တန္ Tablet တစ္လုံးကို Powerhouse PC လို မစြမ္းေဆာင္ႏိုင္ဘူးဘဲထားဦး Bottleneck ျဖစ္မွာကေတာ့ က်ိန္းေသသေလာက္ရွိေနပါတယ္။

Along with the Fingerprint Reader

Specification
Display : 12” sAMOLED with 2160×1440 Resolution
Processor: Qualcomm Snapdragon 850
RAM 4GB :
Storage : 128GB SSD
Ports : 2 USB Type-C, microSD, 3.5mm Headphone Jack
Cameras : 8MP Rear, 5MP Front

2B (Akhayar)
www.akhayar.com

[Unicode]

Snapdragon 850 အသုံးပြုထားတဲ့ Galaxy Book 2 ကို Samsung မိတ်ဆက်

Samsung ကတော့ အလန်းစား Specs တွေ ပိုင်ဆိုင်ထားတဲ့ Galaxy Book 2 Tablet အသစ်ကို မိတ်ဆက်ထားလိုက်ပါပြီ။ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀၀၀ ပဲရှိတယ်၊ Gigabit အမျိုးစား LTE စနစ်လည်းပါတယ်၊ Laptop Display ထဲမှာတောင် မြင်ရခဲတဲ့ OLED Panel ပိုင်ဆိုင်ထားတာမလို့ Samsung Tablet က ကျောင်းသုံး၊ ရုံးသုံးနဲ့ Business သမားတွေ မျက်စိကြစရာ ဖြစ်လာခဲ့ပြီလား?

Galaxy Book 2

မှန်တယ်လို့ပဲပြောရမှာပါ။ ဘာလို့လဲဆိုရင် Microsoft ကြေညာထားတဲ့ Surface Pro 6 ထက်တောင် ပိုဈေးသက်သာနေသလို Tablet တစ်လုံး လိုအပ်ချက်၊ Function ပိုင်းချင်း ယှဉ်လိုက်မယ်ဆိုရင် Samsung ပိုပြည့်စုံနေတဲ့ အနေထားမှာရှိပါတယ်။

Along with S Pen

Windows 10 S သုံးထားတယ်၊ ဘက်ထရီကလည်း နာရီ ၂၀ ဆက်တိုက်အသုံးခံတယ်၊ အသံပိုင်းမှာဆိုရင်လည်း Dolby Atmos ထောက်ပံ့ထားတယ်။ နောက်ပြီး Galaxy Smartphone တွေလို Speaker တွေကို AKG နဲ့ ချိန်ညှိပေးထားတယ်၊ Fingerprint Reader လည်းပါတယ်။

Small & Slim

ဒါတွေပြီးသွားရင် အထင်ကြီးစရာဖြစ်လာတာက Stand အသစ်၊ သူ့ပုံစံက Surface Stand လို ထောက်ကန်ပေးနိုင်ပြီး Angle ကို လိုသလို Adjust လုပ်နိုင်မယ်။ နောက်ပြီး  Tablet နဲ့ တွဲသုံးနိုင်မယ့် Magnetic Keyboard လည်းပါလာခဲ့တယ်။ ဒီ ၂ ချက်က Galaxy Book 2 မှာ သိသာတဲ့ ပြောင်းလဲမှုတွေလို့ ပြောရမှာပါ။

Removable Magnetic Keyboard

ဒီ Galaxy Book 2 ကို အားမရဆုံးတစ်ချက်က 4GB RAM ပဲ ထည့်သွင်းပေးထားတာပါ။ ဒေါ်လာ ၁၀၀၀ တန် Tablet တစ်လုံးကို Powerhouse PC လို မစွမ်းဆောင်နိုင်ဘူးဘဲထားဦး Bottleneck ဖြစ်မှာကတော့ ကျိန်းသေသလောက်ရှိနေပါတယ်။

Along with the Fingerprint Reader

Specification
Display : 12” sAMOLED with 2160×1440 Resolution
Processor: Qualcomm Snapdragon 850
RAM 4GB :
Storage : 128GB SSD
Ports : 2 USB Type-C, microSD, 3.5mm Headphone Jack
Cameras : 8MP Rear, 5MP Front

2B (Akhayar)
www.akhayar.com