Samsung က ထုတ္လုပ္ထားတဲ့ Galaxy J Series စမတ္ဖုန္းေတြက လက္ရွိအခ်ိန္မွာ Samsung ရဲ႕ ေရာင္းအားေကာင္းတဲ့ စမတ္ဖုန္းေတြလုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။ ဒါကလည္း ေစ်းႏႈန္းသက္သာျပီးေတာ့ အသံုးျပဳသူေတြၾကိဳက္ႏွစ္သက္တဲ့ Design နဲ႔ Feature ေတြေၾကာင့္ျဖစ္ပါတယ္။

Samsung Galaxy J6+ & J4+ Event

Samsung Myanmar က အခုအခ်ိန္မွာလည္း Galaxy J Series ဖုန္းသစ္ေတြျဖစ္တဲ့ Galaxy J6+ နဲ႔ J4+ ေတြကို ျမန္မာႏုိင္ငံေစ်းကြက္ကို မိတ္ဆက္လုိက္ျပီျဖစ္ပါတယ္။ အခု Galaxy J Series ဖုန္းသစ္ေတြဟာ ေစ်းႏႈန္းအေနနဲ႔ ျမန္မာေငြ ၂ သိန္းဝန္းက်င္နဲ႔ ၃ သိန္းဝန္းက်င္မွာပဲ ေရာင္းခ်သြားမွာျဖစ္တဲ့အတြက္ ေရာင္းအားသြက္စမတ္ဖုန္းေတြျဖစ္လာႏုိင္ပါတယ္။

Samsung Galaxy J6+ & J4+ Event

Samsung Galaxy J4+ နဲ႔ Galaxy J6+ စမတ္ဖုန္း ၂ မ်ိဳးစလံုးမွာ 6″ HD+ LCD Display ကို အသံုးျပဳထားျပီး Qualcomm Snapdragon 425 Processor နဲ႔ 3300mAh Battery ပါဝင္မွာျဖစ္ပါတယ္။

Samsung Galaxy J6+ & J4+ Event

ဒါေပမယ့္ ကင္မရာပုိင္းမွာေတာ့ Galaxy J6+ ဖုန္းမွာ Dual Back Camera ပါဝင္မွာျဖစ္ျပီးေတာ့ 13MP + 8MP Camera ေတြပါဝင္မွာျဖစ္တဲ့အျပင္ Front Selfie Camera ကလည္း 8MP ပါဝင္မွာပါ။ Galaxy J4+ မွာေတာ့ Single 13MP Back Camera ပဲတပ္ဆင္ထားျပီးေတာ့ Front Selfie Camera ကေတာ့ 5MP ပဲပါဝင္မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ကင္မရာပိုင္းကေတာ့ Galaxy J6+ က ပိုျပီးေကာင္းမြန္တယ္လုိ႔ ေျပာလို႔ရပါတယ္။

Samsung Galaxy J6+ & J4+ Event

ဒါ့အျပင္ Galaxy J6+ နဲ႔ Galaxy J4+ ဖုန္းေတြက RAM နဲ႔ Storage ပိုင္းလည္း ကြာျခားျပီး Galaxy J6+ မွာ RAM 3GB + ROM 32GB ပါဝင္မွာျဖစ္ေပမယ့္ Galaxy J4+ မွာေတာ့ RAM 2GB နဲ႔ ROM 16GB ပဲပါဝင္မွာပါ။ ဒါေပမယ့္ ဖုန္း ၂ မ်ိဳးစလံုးမွာ MicroSD Card ကေန 512GB အထိ Storage ကို ထပ္တိုးလုိ႔ရဦးမွာျဖစ္ပါတယ္။

Samsung Galaxy J6+ & J4+ Event

အခုလုိမ်ိဳး ကြာျခားခ်က္ေတြအျပင္ Galaxy J6+ မွာ ဖုန္းရဲ႕ ေဘးဘက္ Power Button မွာ Fingerprint Sensor ကိုပါ ျမဳပ္ထားတဲ့အတြက္ ပံုမွန္ Face Recognition အျပင္ Fingerprint ကိုပါ Galaxy J6+ မွာ အသံုးျပဳႏုိင္မွာပါ။

Samsung Galaxy J6+ & J4+ Event

အခု Samsung Galaxy J6+ နဲ႔ Galaxy J4+ စမတ္ဖုန္းေတြကို လာမယ့္ေအာက္တုိဘာလ ၁၂ ရက္ေန႔မွစတင္ျပီးေတာ့ ဝယ္ယူရရွိႏုိင္ျပီျဖစ္ျပီး Galaxy J6+ ကို အနက္ေရာင္၊ မီးခုိးေရာင္ နဲ႔ အနီေရာင္ဆုိျပီး ေရြးခ်ယ္ႏုိင္မွာျဖစ္သလုိ Galaxy J4+ ဖုန္းကိုေတာ့ အနက္ေရာင္၊ ေရႊေရာင္နဲ႔ ပန္းေရာင္ဆိုျပီး ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ MyTel Myanmar ႏွင့္ပူးေပါင္းထားတဲ့အတြက္ Galaxy J6+ သို႔မဟုတ္ Galaxy J4+ ဝယ္ယူသူမ်ားအား လစဥ္ တစ္ႀကိမ္ သုိ႔မဟုတ္ ႏွစ္ႀကိမ္ အနည္းဆံုး ၃၀၀၀ က်ပ္ျဖည့္သြင္းသည့္အခ်ိန္တိုင္း ေဒတာလက္ေဆာင္ 1GB၊ SMS အေစာင္ေရ ၁၀၀ ႏွင့္ MyTel ဖုန္းအခ်င္းခ်င္းေခၚဆိုခြင့္ မိနစ္ ၅၀၀ အား ၁၂ လဆက္တိုက္ အထူးလက္ေဆာင္မ်ား ေပးအပ္သြားမည္ျဖစ္တယ္လုိ႔လည္း သိရပါတယ္။

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Samsung က ထုတ်လုပ်ထားတဲ့ Galaxy J Series စမတ်ဖုန်းတွေက လက်ရှိအချိန်မှာ Samsung ရဲ့ ရောင်းအားကောင်းတဲ့ စမတ်ဖုန်းတွေလို့တောင် ပြောလို့ရပါတယ်။ ဒါကလည်း စျေးနှုန်းသက်သာပြီးတော့ အသုံးပြုသူတွေကြိုက်နှစ်သက်တဲ့ Design နဲ့ Feature တွေကြောင့်ဖြစ်ပါတယ်။

Samsung Galaxy J6+ & J4+ Event

Samsung Myanmar က အခုအချိန်မှာလည်း Galaxy J Series ဖုန်းသစ်တွေဖြစ်တဲ့ Galaxy J6+ နဲ့ J4+ တွေကို မြန်မာနိုင်ငံစျေးကွက်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Galaxy J Series ဖုန်းသစ်တွေဟာ စျေးနှုန်းအနေနဲ့ မြန်မာငွေ ၂ သိန်းဝန်းကျင်နဲ့ ၃ သိန်းဝန်းကျင်မှာပဲ ရောင်းချသွားမှာဖြစ်တဲ့အတွက် ရောင်းအားသွက်စမတ်ဖုန်းတွေဖြစ်လာနိုင်ပါတယ်။

Samsung Galaxy J6+ & J4+ Event

Samsung Galaxy J4+ နဲ့ Galaxy J6+ စမတ်ဖုန်း ၂ မျိုးစလုံးမှာ 6″ HD+ LCD Display ကို အသုံးပြုထားပြီး Qualcomm Snapdragon 425 Processor နဲ့ 3300mAh Battery ပါဝင်မှာဖြစ်ပါတယ်။

Samsung Galaxy J6+ & J4+ Event

ဒါပေမယ့် ကင်မရာပိုင်းမှာတော့ Galaxy J6+ ဖုန်းမှာ Dual Back Camera ပါဝင်မှာဖြစ်ပြီးတော့ 13MP + 8MP Camera တွေပါဝင်မှာဖြစ်တဲ့အပြင် Front Selfie Camera ကလည်း 8MP ပါဝင်မှာပါ။ Galaxy J4+ မှာတော့ Single 13MP Back Camera ပဲတပ်ဆင်ထားပြီးတော့ Front Selfie Camera ကတော့ 5MP ပဲပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကင်မရာပိုင်းကတော့ Galaxy J6+ က ပိုပြီးကောင်းမွန်တယ်လို့ ပြောလို့ရပါတယ်။

Samsung Galaxy J6+ & J4+ Event

ဒါ့အပြင် Galaxy J6+ နဲ့ Galaxy J4+ ဖုန်းတွေက RAM နဲ့ Storage ပိုင်းလည်း ကွာခြားပြီး Galaxy J6+ မှာ RAM 3GB + ROM 32GB ပါဝင်မှာဖြစ်ပေမယ့် Galaxy J4+ မှာတော့ RAM 2GB နဲ့ ROM 16GB ပဲပါဝင်မှာပါ။ ဒါပေမယ့် ဖုန်း ၂ မျိုးစလုံးမှာ MicroSD Card ကနေ 512GB အထိ Storage ကို ထပ်တိုးလို့ရဦးမှာဖြစ်ပါတယ်။

Samsung Galaxy J6+ & J4+ Event

အခုလိုမျိုး ကွာခြားချက်တွေအပြင် Galaxy J6+ မှာ ဖုန်းရဲ့ ဘေးဘက် Power Button မှာ Fingerprint Sensor ကိုပါ မြုပ်ထားတဲ့အတွက် ပုံမှန် Face Recognition အပြင် Fingerprint ကိုပါ Galaxy J6+ မှာ အသုံးပြုနိုင်မှာပါ။

Samsung Galaxy J6+ & J4+ Event

အခု Samsung Galaxy J6+ နဲ့ Galaxy J4+ စမတ်ဖုန်းတွေကို လာမယ့်အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်ပြီးတော့ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး Galaxy J6+ ကို အနက်ရောင်၊ မီးခိုးရောင် နဲ့ အနီရောင်ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်သလို Galaxy J4+ ဖုန်းကိုတော့ အနက်ရောင်၊ ရွှေရောင်နဲ့ ပန်းရောင်ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ MyTel Myanmar နှင့်ပူးပေါင်းထားတဲ့အတွက် Galaxy J6+ သို့မဟုတ် Galaxy J4+ ဝယ်ယူသူများအား လစဉ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အနည်းဆုံး ၃၀၀၀ ကျပ်ဖြည့်သွင်းသည့်အချိန်တိုင်း ဒေတာလက်ဆောင် 1GB၊ SMS အစောင်ရေ ၁၀၀ နှင့် MyTel ဖုန်းအချင်းချင်းခေါ်ဆိုခွင့် မိနစ် ၅၀၀ အား ၁၂ လဆက်တိုက် အထူးလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်တယ်လို့လည်း သိရပါတယ်။

Zawyè (Akhayar) 

www.akhayar.com