Samsung ရဲ့ Galaxy Fold စမတ်ဖုန်းက လက်ရှိအချိန်မှာ ပထမဆုံးဖြစ်သလို အထူးခြားဆုံးဖုန်းတစ်ခုလည်းဖြစ်နေပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ Galaxy Fold စမတ်ဖုန်းကို အနီးကပ်လေ့လာနိုင်မယ့် Video တစ်ခုကို ထုတ်ပေးလိုက်ပါပြီ။

အခု Video ကိုတော့ Samsung Newsroom ရဲ့ YouTube Channel မှာ တင်ထားခဲ့တာဖြစ်ပြီးတော့ Galaxy Fold စမတ်ဖုန်းရဲ့ Angle မျိုးစုံကို မြင်တွေ့ရတာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ Galaxy Fold စမတ်ဖုန်းကို Launch Event မှာလည်း သေချာပြသသွားခြင်းမရှိတဲ့အပြင် အခုအချိန်အထိ Hands-on Video တွေလည်း မထွက်ရှိသေးတဲ့အတွက် ဒီ Video က လက်ရှိမှာ Galaxy Fold အကြောင်း သိရှိနိုင်တဲ့ တစ်ခုထဲသော Video လို့ ပြောလို့ရပါတယ်။

Samsung Galaxy Fold

Samsung Galaxy Fold ကို ယခု Video မှာ ဖုန်းကို ကင်မရာပိုင်း၊ Application တွေ အသုံးပြုပြတာအပြင် Cover နဲ့ပါ တွဲဖက်ပြီးပြသသွားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Samsung Dex Feature တွေ၊ Wireless PowerShare Feature တွေကိုပါ ပြသသွားတာပါ။

Samsung Galaxy Fold

ဘာပဲဖြစ်ဖြစ် ဒီလာမယ့် April လထဲမှာ ဒေါ်လာ ၁၉၈၀ နဲ့ ရောင်းချမယ့် Galaxy Fold ဖုန်းကို နည်းနည်းပိုပြီး မြင်လာရပါပြီ။