Samsung ကတော့ စမတ်ဖုန်းတွေ မြန်သထက်မြန်အောင် အားသွင်းပေးနိုင်ဖို့ USB Power Delivery (PD) Type C Controller အသစ် ၂ မျိုးကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ Galaxy S10 လောက်ထိ 15W Charging နဲ့ ၂ ပါးသွားလာခဲ့တဲ့ Samsung တယောက် အခုထုတ်ကြွားလိုက်တဲ့ PD Controller တွေက အားအမြန်သွင်းနိုင်တယ်ဆိုတာထက် Safety ပိုင်းကို ဘယ်လိုကာကွယ်ထားလဲ လေ့လာကြည့်ရအောင်။

Samsung ကြေညာသွားတာကတော့ SE8A နဲ့ MM101 အမည်ရ PD Controller တွေပါ။ ဒီကောင်တွေဟာ Embedded Flash (အသေတပ်ဆင်ထားတဲ့ Memory) ပါဝင်လာတာဖြစ်ပြီး System တခုရဲ့ Firmware လို့လည်း ပြောလို့ရပါတယ်။ ဒီ eFlash က ဘာလုပ်ပေးမလဲဆိုရင် 100W အထိ အားသွင်းပေးနိုင်တယ်ဆိုတာထက် ဘယ်လို Standard ၊ Type မျိုးပဲ ထွက်လာထွက်လာ Self Up-to-Date လုပ်နိုင်တဲ့ Flexible Chip လို့လည်း ပြောနိုင်ပါတယ်။

SE8A မှာဆိုရင် Extra Security Layer ပါရှိဦးမှာဖြစ်ပြီး USB-PD 3.0 ကြောင့် ဘယ်လောက်နှုန်းနဲ့ အားသွင်းနေလဲ? တကယ်လို့ 100W Power Delivery လုပ်ရမယ်ဆိုရင် သတ်မှတ်ထားတဲ့ Charging စနစ်ဖြစ်ဖို့ လိုတာကြောင့် ပြောရမယ်ဆိုရင် OPPO ရဲ့ VOOC စနစ်နဲ့ အတူတူပါပဲ။ သူ့ကြိုး၊ သူ့ Adapter နဲ့ သူ့စမတ်ဖုန်းနဲ့မှပဲ 100W Potential ရနိုင်မယ်လို့ သီအိုရီအရ တွေးလို့ရတာပါ (လက်တွေ့မှာတော့ Influence တွေရှိနေနိုင်တာကြောင့် Stable 100W ကအမြဲမရနိုင်လောက်ပါဘူး)

MM101 ကတော့ Symmetric Encryption Algorithm နဲ့ Advanced Encryption Standard (AES) ဆိုတဲ့ Authentication နည်းပညာတွေ ပါဝင်တာမလို့ Saftey Charging အတွက် Moisture ရှိမရှိ စစ်ဆေးပေးနိုင်မှာဖြစ်ပါတယ်။ SE8A မှာတော့ CC EAL5+ အဆင့်ရှိတဲ့ Secure Element ပါရှိမှာဖြစ်ပြီး Security Key Storage ၊ Sensitive Data တွေကို Encoding ၊ Decoding လုပ်ပေးမှာဖြစ်တဲ့အတွက် Data Handling ပိုင်းတွက် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။

100W Power Delivery ဆိုတော့ (20V/ 5A) နှုန်းသွားနေတယ်လို့ ပြောနိုင်ပြီး မီးအား အတက်၊ အကျကြောင့် Voltage မငြိမ်တာမျိုးအတွက် Regulator ကိုလည်း Additional Security အတွက် ထည့်ပေးထားပါတယ်။ လက်ရှိအချိန်မှာတော့ SE8A ကို Mass Production ထုတ်လုပ်နေပြီး MM101 ကိုတော့ Sample အနေနဲ့ ပြသထားပြီလို့ သိရပါတယ်။

Source: Samsung Newsroom
2B (Akhayar)
www.akhayar.com