$15 Billion ကျော်ရင်းနှီးထားပေမယ့် တရုတ်ဈေးကွက်ကိုမတိုးနိုင်ခဲ့တဲ့ Apple နဲ့ Samsung

လက်လှမ်းမီသလောက် ပြောရရင် Flagship စမတ်ဖုန်း ကောင်းကောင်းဖြစ်လာဖို့ မလွယ်ပါဘူး။ နောက်ဆုံးပေါ် Hardware တွေနဲ့ စိတ်တိုင်းကျ ထုတ်နိုင်ပြီပဲထားဦး Marketing Research နဲ့ Strategy ပိုင်းလိုအပ်သေးသလို ဈေးကွက်ဖောက်ဖို့ နာမည်လိုသလား၊ စိတ်ဝင်စားမှုရော ဘယ်လောက်ရှိနေလဲ? ဒီအချက်တွေပြည့်စုံနေပြီဆိုရင်တောင် Price to Performance ကရော ကျေနပ်မှုပေးစွမ်းနိုင်ပါ့မလား၊ နောက်ပြီး Brand to Brand အပြိုင်ဆိုင်တွေက ဘယ်လိုလွမ်းမိုးလာဦးမလဲစသဖြင့် ခေါင်းစားလွန်းတဲ့ပြဿနာတစ်ခုလို ရင်ဘောင်တန်း ကျော်လွားနေကြရပါတယ်။

Apple iPhone

ဒီလို အပင်ပန်းခံ Perfect ဖြစ်သွားတဲ့ချိန်ကျမ မျှော်လင့်တကိုးနဲ့ ဈေးကွက်ထဲ ချရောင်းတာတောင် ထင်သလောက် အောင်မြင်ချင်မှအောင်မြင်တာပါ။ အနီးစပ်ဆုံး Galaxy S9 ၊ Note 9 စမတ်ဖုန်းတွေနဲ့ Samsung ဘယ်လိုရုန်းခဲ့ရသလဲ သိနိုင်သလို Mid-range တန်းမှာ OPPO ၊ Vivo ၊ Xiaomi တို့နဲ့ အပြိုင်ဖိုက်ရသေးလို့ Overall ပြန်ကြည့်မယ်ဆိုရင် Samsung ရဲ့ Marketing Strategy ၊ Business Plan က 2018 မှာ ထင်သလောက် အလုပ်မဖြစ်ခဲ့ဘူးဆိုရမှာပါ။ တရုတ်ကုမ္ပဏီတွေအနေနဲ့ ခန့်မှန်းထားတာထက်တောင် ဈေးကွက်လက်ဝါးကြီးအုပ်နိုင်ခဲ့လို့ နှစ်ကုန်ပိုင်းအထိ အခြေနေမလှသွားခဲ့ပါဘူး။

Galaxy Note 9

ဒုတိယလိုက်နေတဲ့ Apple တောင် မျိုးဆက်သစ် iPhone တွေကို စပယ်ရှယ်ပြင်ဆင်ပြီးထားကမှ ဝယ်လိုအားနည်း၊ အကျပ်ရိုက်နေတာမလို့ စမတ်ဖုန်းတစ်လုံး ဖန်တီးထုတ်လုပ်ရတာ တကယ့်မလွယ်တဲ့ကိစ္စတစ်ခုလို့ သတ်မှတ်ရမှာပါ။ Customer အကြိုက်လိုက်နိုင်ဖို့ရယ်၊ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရောင်းချနိုင်ဖို့ရယ်၊ ပြိုင်ဖက်တွေထက် နည်းပညာပိုင်းသာနေဖို့ရယ် စတဲ့အချက်တွေကို စုစည်းကြည့်လိုက်ရင် Samsung ၊ Apple ရောင်းနေတဲ့ ဖုန်းတွေ ဈေးဘယ်လောက်ပေါက်နိုင်မလဲဆိုတာလည်း ခန့်မှန်းကြည့်နိုင်ပါတယ်။

Samsung Galaxy Note 8

တစ်ခုရှိတာက နာမည်အရှိန်ဝါရယ်၊ တန်ကြေးမြင့်နေတဲ့ ကုမ္ပဏီတန်ဖိုးတွေကြောင့် ရှိသင့်တဲ့ ဈေးနှုန်းထက်ပိုမြင့်နိုင်ပါတယ်။ ဖုန်းတစ်လုံးချင်းစီအတွက် Marketing နဲ့ Production ပိုင်းပါထည့်တွက်ကြည့်မယ်ဆိုရင်လည်း ဒေါ်လာ ၁၀၀၀ ဝန်းကျင်ရောင်းတာ သဘာဝကျတယ်လို့ ပြောရမှာပါ။ တစ်ခုရှိတာက $1000 ပေးရလို့ အရင်မော်ဒယ်တွေနဲ့ ဘာမှသိပ်မကွာဘူးဆိုရင် Impression လည်း နည်းသွားနိုင်တယ်၊ ဒီအချက်ကြောင့်ပဲ Samsung ၊ Apple ဖုန်းတွေ ထင်သလောက် ရောင်းအားမကောင်းခဲ့သလို အောင်မြင်လာတဲ့ တရုတ်အင်အားကိုလည်း လျော့တွက်လို့မရပါဘူး။ ဒီလိုဆိုတော့ 2018 မှာ နည်းပညာကုမ္ပဏီကြီးတွေ ငွေကြေးဘယ်လောက်သုံးစွဲထားသလဲဆိုတာကို PwC Report အရ ဖော်ပြပေးလိုက်ပါတယ်။

Apple iPhone XR

Amazon: $22.6 Billion
Alphabet: $16.2 Billion
Samsung: $15.8 Billion
Intel: $13.1 Billion
Microsoft: $12.3 Billion
Apple: $11.6 Billion
Toyota: $10 Billion
Ford: $8 Billion
Facebook: $7.8 Billion

2B (Akhayar)
www.akhayar.com