Samsung ရဲ့ Upcoming Mobile Chip တွေကတော့ စွမ်းဆောင်ရည်ပိုင်း ကြမ်းပြတော့မယ်လို့ပဲ သုံးသပ်ရပါတော့မယ်။ အခု အတည်ပြုထားသလောက်ဆိုရင် Qualcomm ရဲ့ Snapdragon 865 Processor ကို Samsung ရဲ့ 7nm EUV (Extreme Ultraviolet) Lithography နဲ့ ထုတ်လုပ်ဖို့ ဆွေးနွေးတာ Final Stage ရောက်နေပြီလို့ သိရပါတယ်။

ဒီလို Samsung ရဲ့ သြဇာအာဏာ Qualcomm အပေါ်လွှမ်းမိုးလိုက်တာ TSMC (Taiwan Semiconductor Manufacturing Company) ရဲ့ 7nm Node ထက် ပိုကောင်းနေတာကြောင့်ဖြစ်ပါတယ်။ Twitter မှာတော့ Snapdragon 865 ၂ မျိုးရှိမယ်လို့ ဖော်ပြထားပြီး နောက်တခုမှာ X55 5G Modem ပါမယ်လို့ သိရပါတယ်။

5G Modem (Qualcomm)

Qualcomm အနေနဲ့လည်း Supplier Pickup လုပ်နေတာ ဘယ် Architecture ပိုကောင်းသလဲ အပေါ်မူတည်နေတဲ့သဘောဖြစ်နေပြီး Snapdragon 855 မှာ TSMC ရဲ့ 7nm သုံးတယ်၊ 845 နဲ့ 835 တို့မှာတော့ Samsung ရဲ့ 10nm သုံးခဲ့တယ်လို့ ခိုင်မာတဲ့ Source တွေအရသိရပါတယ်။

ခုနပြောသလို 7nm Based မှာ Samsung ရဲ့ Exynos AP (Qualcomm’s Application Processor) က TSMC ထက်ပိုသာနေတာကြောင့် လက်တွဲထားတဲ့ Partner တွေထဲမှာ Nvidia နဲ့ IBM တို့လည်း ပါဝင်လာပြီဖြစ်ပါတယ်။ ၂၀၂၀ မှာ မိတ်ဆက်ဖို့ရှိတဲ့ Ampere Architecture အခြေခံ Nvidia Graphics Card တွေမှာ ပထမဆုံး 7nm Process ကို အသုံးပြုလာမှာဖြစ်ပြီး RTX Turing ကတ်တွေကိုတော့ TSMC ရဲ့ 12nm Process နဲ့ ဖန်တီးထားတာဖြစ်ပါတယ်။

Photo: Nvidia

IBM အနေနဲ့လည်း Samsung ရဲ့ 7nm EUV Foundries တွေကို Power Processor အသစ်မှာ အသုံးပြုဖို့ ရွေးချယ်ထားပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် nm Process ပေါ်အခြေခံပြီး ထုတ်လုပ်နေတဲ့ Mobile Chip တွေထဲမှာ Samsung အသာစီးရတဲ့ အနေထားမှာရှိနေပြီး Exynos Processor အသစ်တွေမှာ AMD Graphics သုံးထားဦးမယ်ဆိုတော့ ပြောမရဘူးဆိုရင်တောင် Galaxy Note 10 နဲ့ ချပြပြီး စွမ်းဆောင်ရည်ပိုင်း ပိုကောင်းနေမယ်လို့ သုံးသပ်ရပါတယ်။

Photo: Samsung

နောက်ဖြစ်နိုင်ချေတခုက TSMC ဟာ US Ban ကြောင့် ပြဿနာတက်နေတဲ့ Huawei ကယ်တင်ရှင်ဖြစ်နေသလို ၂၀၁၉ ထဲမှာပဲ မိတ်ဆက်တော့မယ့် iPhone အသစ်တွက် 7nm A13 နဲ့ Kirin 985 Chip တို့အတွက် အလှုပ်ရှုပ်နေတာကြောင့် Skip လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲပြောပြော လာမယ့် ၃ လ အတွင်း Mobile Processor တိုက်ပွဲ ဘယ်လိုပြောင်းလဲလာမှာကတော့ ကျိန်းသေသလောက် ရှိနေပြီဆိုတာပါပဲ။

Source: GSMArenaGizmochina
2B (Akhayar)
www.akhayar.com