ကမ္ဘာ့ Storage အများဆုံး 30TB SSD ကို ထုတ်ပြလိုက်တဲ့ Samsung






Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Samsung ကနေ အခုအချိန်မှာ Storage အများဆုံးဖြစ်လာတဲ့ SSD ကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်ပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ SSD ဟာ ဆိုရင် 30.72 Terabytes ပါဝင်တဲ့အတွက် 2.5″ Form Factor ထဲမှာ Storage အများဆုံးဖြစ်လာပြီးတော့ သာမန် Consumer Level ထက် Enterprise Customers တွေကို ဦးစားပေးသွားမယ့် SSD တစ်ခုပဲဖြစ်ပါတယ်။

အခု Samsung ရဲ့ SSD ကို PM1643 လို့ ခေါ်ဆိုပြီးတော့ 1TB NAND Flash Packages ၃၂ ခုကို ပေါင်းစပ်ထားဖြစ်ပြီး 512Gb V-NAND Chips Layer ၁၆ ခုပါဝင်တာပဲဖြစ်ပါတယ်။ ဒီပမာဏဟာ HD ရုပ်ရှင် ၅၇၀၀ လောက်ကို သိမ်းထားနိုင်မှာဖြစ်ပါတယ်။

အခု Samsung ရဲ့ 30TB SSD ဟာ Samsung ရဲ့ ၂၀၁၆ တုန်းက ထုတ်လုပ်ခဲ့တဲ့ 16TB SSD ကို ကျော်လွန်သွားတာဖြစ်ပြီးတော့ 3.5 Inch Form Factor ကို မလိုအပ်ပဲ ဒီလိုများပြားတဲ့ Storage ကို အသုံးပြုနိုင်တယ်ဆိုတာကို သက်သေပြခဲ့တာပဲဖြစ်ပါတယ်။

Samsung က အခု PM1643 SSD တွေကို 30TB SSD တွေအပြင် 16.36TB ၊ 7.68TB ၊ 3.84TB ၊ 1.92TB ၊ 960GB နဲ့ 800GB Versions တွေကိုပါ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Samsung Executive VP ဖြစ်တဲ့ Jaesoo Han ကတော့ နောက်ပိုင်းမှာ Samsung ဟာ 10TB နဲ့ အထက် SSD တွေကိုပဲ ထုတ်လုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Samsung ရဲ့ အခုလိုမျိုး Storage များပြားလှတဲ့ SSD တွေဟာ ပုံမှန်အသုံးပြုသူတွေ လက်ထဲကို ဈေးနှုန်းသက်သက်သာသာနဲ့ ရောက်ရှိလာဖို့ မလွယ်ကူသေးပေမယ့် နောက်ပိုင်းမှာတော့ ဒါကပြောင်းလဲသွားတော့မှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com