This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အာဂ်င္တီးနား နည္းျပရာထူးကေန ထုတ္ပယ္ခံရဖုိ႔ရွိေနတဲ့ ဆမ္ပါအုိလီ Sampaoli

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ စိတ္ပ်က္စရာရလဒ္ေတြနဲ႔ ရင္ဆုိင္ခဲ့ရၿပီး ႐ႈံးထြက္(၁၆)သင္းအဆင့္ကေန ထြက္ခဲ့ရတဲ့အတြက္ အာဂ်င္တီးနားေဘာလုံးအဖဲြ႕ခ်ဳပ္ဟာ လက္ေရြးစင္အသင္းနညး္ျပဆမ္ပါအုိလီ Sampaoli ကုိ ရာထူးက ထုတ္ပယ္ဖုိ႔ စီစဥ္ေနၿပီျဖစ္ပါတယ္။ အသက္(၅၈)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အာဂ်င္တီးနားလူမ်ိဳးနညး္ျပ ဆမ္ပါအုိလီဟာ ၿပီးခဲ့တဲ့ႏွစ္၊ ဇြန္လကမွ အာဂ်င္တီးနားနည္းျပသစ္အျဖစ္ ခန္႔အပ္ခံခဲ့ရတာျဖစ္ၿပီး အသင္းကုိ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ခဲ့ေပမယ့္ လက္ရွိကမၻာ႔ဖလားၿပိဳင္ပဲြမွာ အာဂ်င္တီးနားအသင္းက ရလဒ္ဆုိးေတြနဲ႔ ရင္ဆုိင္ခ့ဲရသလုိ ဆမ္ပါအုိလီနဲ႔ ကစားသမားေတြၾကား ပဋိပကၡေတြေၾကာင့္ အသင္းတြင္းမတည္ၿငိမ္မႈေတြလည္းျဖစ္ခဲ့ရတယ္။

Jorge-Sampaoli

Jorge-Sampaoli

ဒါေၾကာင့္ အာဂ်င္တီးနားေဘာလုံးအဖဲြ႕ခ်ဳပ္(AFA)က ဆမ္ပါအုိလီရဲ႕စြမ္းေဆာင္ရည္ေတြအေပၚ စိတ္တိုင္းမက်ျဖစ္ေနၿပီး သူနဲ႔လမ္းခဲြဖုိ႔ စီစဥ္ေနတာလည္းျဖစ္ပါတယ္။ ဒါေပမဲ့ အာဂ်င္တီးနားေဘာလုံးအဖဲြ႕ခ်ဳပ္ဟာ ဆမ္ပါအုိလီကုိ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာျဖစ္လုိ႔ ရာထူးက ထုတ္ပယ္ခဲ့မယ္ဆုိရင္ ေလ်ာ္ေၾကးအျဖစ္ ယူ႐ုိ(၁၅)သန္းေပးေခ်ရဖုိ႔ရွိေနတယ္။ အာဂ်င္တီးနားေဒသတြင္း မီဒီယာေတြကေတာ့ ဆမ္ပါအုိလီရဲ႕ေနရာမွာ အစားထုိးခန္႔အပ္ခံရဖုိ႔ရွိေနတဲ့ နည္းျပသစ္စာရင္းကုိ ခန္႔မွန္းေဖာ္ျပေနၿပီး အဲဒီထဲမွာ အက္သလက္တီကုိနည္းျပ ဒီေယဂုိဆီျမြန္နီ Diego Simeone ၊ စပါးအသင္းနည္းျပပုိခ်က္တီႏုိ Pochettino တို႔လည္း ပါ၀င္ခဲ့တယ္။

REF:Marca
Photo:Stadium Astro,Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အာဂျင်တီးနား နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ရှိနေတဲ့ ဆမ်ပါအိုလီ Sampaoli

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်ပျက်စရာရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ရှုံးထွက်(၁၆)သင်းအဆင့်ကနေ ထွက်ခဲ့ရတဲ့အတွက် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းနည်းပြဆမ်ပါအိုလီ Sampaoli ကို ရာထူးက ထုတ်ပယ်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ အသက်(၅၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားလူမျိုးနည်းပြ ဆမ်ပါအိုလီဟာ ပြီးခဲ့တဲ့နှစ်၊ ဇွန်လကမှ အာဂျင်တီးနားနည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ခဲ့ပေမယ့် လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းက ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ဆမ်ပါအိုလီနဲ့ ကစားသမားတွေကြား ပဋိပက္ခတွေကြောင့် အသင်းတွင်းမတည်ငြိမ်မှုတွေလည်းဖြစ်ခဲ့ရတယ်။

Jorge-Sampaoli

Jorge-Sampaoli

ဒါကြောင့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA)က ဆမ်ပါအိုလီရဲ့စွမ်းဆောင်ရည်တွေအပေါ် စိတ်တိုင်းမကျဖြစ်နေပြီး သူနဲ့လမ်းခွဲဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ ဆမ်ပါအိုလီကို (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်လို့ ရာထူးက ထုတ်ပယ်ခဲ့မယ်ဆိုရင် လျော်ကြေးအဖြစ် ယူရို(၁၅)သန်းပေးချေရဖို့ရှိနေတယ်။ အာဂျင်တီးနားဒေသတွင်း မီဒီယာတွေကတော့ ဆမ်ပါအိုလီရဲ့နေရာမှာ အစားထိုးခန့်အပ်ခံရဖို့ရှိနေတဲ့ နည်းပြသစ်စာရင်းကို ခန့်မှန်းဖော်ပြနေပြီး အဲဒီထဲမှာ အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီ Diego Simeone ၊ စပါးအသင်းနည်းပြပိုချက်တီနို Pochettino တို့လည်း ပါဝင်ခဲ့တယ်။

REF:Marca
Photo:Stadium Astro,Twitter
Naing Linn(Akhayar)
www.akhayar.com