[Zawgyi]

ပဲြပယ္ျပစ္ဒဏ္ကာလ တိုးျမႇင့္ခ်မွတ္ခံခဲ့ရတဲ့ အာဆင္နယ္နဲ႔ မန္စီးတီးကစားသမားေဟာင္း နာဆရီ Nasri

ဥေရာပေဘာလုံးအဖဲြ႕ခ်ဳပ္ (UEFA)ဟာ အာဆင္နယ္နဲ႔ မန္စီးတီး နာမည္ေက်ာ္ကစားသမားေဟာင္း နာဆရီ Nasri အေပၚ ခ်မွတ္ထားတဲ့ ပဲြပယ္ျပစ္ဒဏ္ကာလကုိ အရင္ခ်မွတ္ခဲ့တဲ့ (၆)လကေန (၁၈)လအထိ တိုးျမႇင့္ခဲ့ပါတယ္။ နာဆရီဟာ ၿပီးခဲ့တဲ့ေဖေဖာ္၀ါရီလတုန္းက ေလာ့စ္အန္ဂ်လိစ္မွာရွိတဲ့ ေဆးခန္းတစ္ခုမွာ အေၾကာေဆးသြင္းခဲ့ၿပီး အဲဒါက ကမၻာ႔တားျမစ္ေဆးတိုက္ဖ်က္ေရးအဖဲြ႕( World Anti-Doping Agency)ရဲ႕ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကုိ ခ်ိဳးေဖာက္သလုိျဖစ္ခဲ့တာေၾကာင့္ (၆)လပဲြပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတယ္။ ဒါေပမဲ့ UEFA ရဲ႕ စညး္ကမ္းထိန္းသိမ္းေရးေကာ္မတီတာ၀န္ရွိသူေတြက နာဆရီရဲ႕ပဲြပယ္ျပစ္ဒဏ္က ဒီထက္ပုိျပင္းထန္သင့္တယ္လုိ႔ ယူဆခဲ့တာေၾကာင့္ (၆)လကေန (၁၈)လအထိ တိုးျမႇင့္ခဲ့တာပဲျဖစ္ပါတယ္။

Nasri-was-banned-after-receiving-an-intravenous-treatment-at-a-Los-Angeles-clinic-in-2016

Nasri-was-banned-after-receiving-an-intravenous-treatment-at-a-Los-Angeles-clinic-in-2016

နာဆရီဟာ ၂၀၁၇၊ ၾသဂုတ္လအတြင္းက တူရကီကလပ္ Antalyaspor အသင္းကုိ ေျပာင္းေရႊ႕ခဲ့ေပမယ့္ (၈)ပဲြသာကစားခဲ့ရၿပီး ၿပီးခဲ့တဲ့ ဇန္န၀ါရီလတုနး္က အသင္းနဲ႔လမ္းခဲြခဲ့တာေၾကာင့္ အခု အသင္းလက္မဲ့ျဖစ္ေနသူပါ။ နာဆရီဟာ ပဲြပယ္ျပစ္ဒဏ္ေၾကာင့္ အခုေလာေလာဆယ္ အသင္းေျပာင္းေရႊ႕ခြင့္ရမွာမဟုတ္ဘဲ လာမယ့္ ႏုိ၀င္ဘာလက်မွသာ အသင္းတစ္သင္းနဲ႔ ေလ့က်င့္ခြင့္ရွိမွာျဖစ္ပါတယ္။ အသက္(၃၁)ႏွစ္အရြယ္ရွိၿပီျဖစ္သူ နာဆရီဟာ မာေဆးလ္အသင္းနဲ႔ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ စတင္ခဲ့ၿပီး အာဆင္နယ္၊ မန္စီးတီး၊ ဆီဗီလာ(အငွား)၊ Antalyaspor အသင္းတို႔မွာကစားခဲ့သလုိ မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္(၂)ႀကိမ္၊ လိဂ္ဖလား(၁)ႀကိမ္၊ ကြန္ျမဴနတီဒုိင္း(၁)ႀကိမ္ရရွိခဲ့တယ္။

REF:Daily Mail
Photo:Squawka,Medium
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပွဲပယ်ပြစ်ဒဏ်ကာလ တိုးမြှင့်ချမှတ်ခံခဲ့ရတဲ့ အာဆင်နယ်နဲ့ မန်စီးတီးကစားသမားဟောင်း နာဆရီ Nasri

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)ဟာ အာဆင်နယ်နဲ့ မန်စီးတီး နာမည်ကျော်ကစားသမားဟောင်း နာဆရီ Nasri အပေါ် ချမှတ်ထားတဲ့ ပွဲပယ်ပြစ်ဒဏ်ကာလကို အရင်ချမှတ်ခဲ့တဲ့ (၆)လကနေ (၁၈)လအထိ တိုးမြှင့်ခဲ့ပါတယ်။ နာဆရီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက လော့စ်အန်ဂျလိစ်မှာရှိတဲ့ ဆေးခန်းတစ်ခုမှာ အကြောဆေးသွင်းခဲ့ပြီး အဲဒါက ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့( World Anti-Doping Agency)ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်သလိုဖြစ်ခဲ့တာကြောင့် (၆)လပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်။ ဒါပေမဲ့ UEFA ရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီတာဝန်ရှိသူတွေက နာဆရီရဲ့ပွဲပယ်ပြစ်ဒဏ်က ဒီထက်ပိုပြင်းထန်သင့်တယ်လို့ ယူဆခဲ့တာကြောင့် (၆)လကနေ (၁၈)လအထိ တိုးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။

Nasri-was-banned-after-receiving-an-intravenous-treatment-at-a-Los-Angeles-clinic-in-2016

Nasri-was-banned-after-receiving-an-intravenous-treatment-at-a-Los-Angeles-clinic-in-2016

နာဆရီဟာ ၂၀၁၇၊ သြဂုတ်လအတွင်းက တူရကီကလပ် Antalyaspor အသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် (၈)ပွဲသာကစားခဲ့ရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အသင်းနဲ့လမ်းခွဲခဲ့တာကြောင့် အခု အသင်းလက်မဲ့ဖြစ်နေသူပါ။ နာဆရီဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် အခုလောလောဆယ် အသင်းပြောင်းရွှေ့ခွင့်ရမှာမဟုတ်ဘဲ လာမယ့် နိုဝင်ဘာလကျမှသာ အသင်းတစ်သင်းနဲ့ လေ့ကျင့်ခွင့်ရှိမှာဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ နာဆရီဟာ မာဆေးလ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ စတင်ခဲ့ပြီး အာဆင်နယ်၊ မန်စီးတီး၊ ဆီဗီလာ(အငှား)၊ Antalyaspor အသင်းတို့မှာကစားခဲ့သလို မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်(၂)ကြိမ်၊ လိဂ်ဖလား(၁)ကြိမ်၊ ကွန်မြူနတီဒိုင်း(၁)ကြိမ်ရရှိခဲ့တယ်။

REF:Daily Mail
Photo:Squawka,Medium
Naing Linn(Akhayar)
www.akhayar.com