[Zawgyi]

Gigi Hadid နဲ႔ Bella Hadid ညီအမရဲ႕ အႀကိဳက္တူတဲ့ Fashion မ်ား

Runway တစ္ခုလံုးရဲ႕ Angel ေတြျဖစ္တဲ့အျပင္ Model ေလာကတစ္ခုလံုးရဲ႕ အေဟာ့ဆံုးညီအမ ၂ေယာက္ျဖစ္တဲ့ Gigi Hadid နဲ႔ Bella Hadid ဆိုတာက ခႏၶာကိုယ္ေပၚတင္လိုက္တဲ့ အဝတ္အစားတိုင္း Fashion တိုင္းကို ရင္သပ္ရႈမွားအထာက်လြန္းေလာက္ေအာင္ ေျပာင္းလဲေစႏိုင္တဲ့သူေတြပါ။

ထသြားထလာပြဲေတြ၊ Party ေတြနဲ႔ Red Carpet ေပၚထိကို သူမတို႔ ညီအမ ၂ေယာက္ရဲ႕ ျပစ္မ်ိဳးမွဲ႕မထင္ ခႏၶာကိုယ္အလွေပၚက ႂကြႂကြရြရြ Fashion ေတြက ပရိသတ္ေတြတိုင္းရဲ႕ အာရံုစိုက္မႈအျပည့္အဝရထားသူေတြပါ။

ဒီလို ေသြးရင္းသားရင္း ညီအမ ၂ေယာက္လံုးဟာ Model ေလာကမွာ ေအာင္ျမင္မႈတူတူပိုင္ဆိုင္ထားၾကသလို ညီအမ ၂ေယာက္လံုးရဲ႕ Fashion Taste ေတြကလည္း ခပ္ဆင္ဆင္ပဲမို႔ ဘယ္သူ႔ဘယ္သူရဲ႕ Fashion ေတြက ကိုယ့္အႀကိဳက္ျဖစ္မလဲ? ဘယ္သူ႔ Fashion က္ု ပိုေႀကြသလဲဆိုတာ ၂ေယာက္လံုးရဲ႕ Fashion Theme ေတြကို တူတူယွဥ္တြဲေဖာ္ျပေပးလိုက္ပါတယ္။

(၁) Monochrome ဆန္ဆန္ အျဖဴနဲ႔ ႏို႔ႏွစ္ေရာင္ေဖ်ာ့ေတြကို ေရြးခ်ယ္တဲ့ေနရာမွာ Bella ကေတာ့ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္တဲ့ အထာမ်ိဳးနဲ႔ Boyish Type မ်ိဳးေပမယ့္ Gigi ကေတာ့ ေက်ာ့ရွင္းသန္႔ျပန္႔ Smart က်တဲ့ အသြင္ျပင္မ်ိဳးပါ။

(၂) အသားေရာင္ Nude Shade ေလးေတြဝတ္တဲ့အခါမွာလည္း Bella ကေတာ့ လံုးဝ အထာက်တဲ့ Cool Type ဝတ္ထားၿပီး Gigi ကေတာ့ Off-Shoulder Dress ေလးနဲ႔ အထက္တန္းဆန္ဆန္ ေက်ာ့ေက်ာ့ေမာ့ေမာ့ေလးမွ ႀကိဳက္တဲ့ပံုစံမ်ိဳးပါ။

(၃) Chilling Out လုပ္တဲ့အခါမ်ိဳးေတြမွာ ေပါ့ေပါ့ပါးပါး လြတ္လြတ္လပ္လပ္ နဲ႔ လူအမ်ားၾကားထဲထင္းေနဖို႔ဆို Bella လို Color-blocked Bomber ေလးနဲ႔ Gigi လို ပန္းဆီေရာင္ Coat ေလးကေတာ့ ၂ခါျပန္မၾကည့္ဘဲ မေနႏိုင္ေအာင္ပါ။

(၄) Blazer Coat ကို အထာက်က် Dress အေနနဲ႔ ဝတ္တဲ့ေနရာမွာလည္း Bella လို Sneaker နဲ႔ လန္းမလား? Gigi လို Heels ေလးနဲ႔ပဲ ေက်ာ့ေမာ့မလား။ ဘယ္လိုဝတ္ဝတ္ကို မိုက္ေနမွာေတာ့ အမွန္ပါ။

(၅) Top to Toe Jeans နဲ႔ ေဂၚလြန္းတဲ့ေနရာမွာလည္း Hadid ညီအမကေတာ့ တကယ့္ Pro ေတြပါ။ Bella ကေတာ့ Denim Jeans အသားေပးကိုမွ အေပၚက Leather Coat နဲ႔ ခပ္လန္းလန္းမိုက္ေနၿပီး Gigi ကေတာ့ အနီေရာင္ ဆြယ္တာေလးနဲ႔မို႔ လူငယ္ဆန္ၿပီး ခ်စ္ဖို႔ေကာင္းေနပါတယ္။

(၆) Sexy ဆန္တဲ့ အနီေရာင္ကို ဘယ္လိုမ်ား လြင့္ေနေအာင္ ဝတ္လို႔ရလဲဆိုတာ ဒီညီအမက ဥပမာျပလိုက္သလိုပါပဲ။ Bella အတြက္ေတာ့ အနီေရာင္ Turtleneck Dress ေလးက Comfy Type ျဖစ္ေနသလို Gigi ကေတာ့ Coat ရယ္၊ Crossbody Bag နဲ႔ ဖမ္းစားထားပါတယ္။

(၇) Jeans လား သားေမြးလား ဘယ္သူ႔ Crop ကို ပိုေႂကြမိႏိုင္မလဲ ေဝခြဲမရေအာင္ကို ၂ေယာက္လံုးက ဆြဲေဆာင္မႈရွိရွိ လန္းေနတာမ်ိဳးပါ။

(၈) လူတိုင္း Fashion မက်ႏိုင္တဲ့ Plaid Pants ေတြနဲ႔ေတာင္ ေဂၚလြန္းေနတဲ့ ညီအမပါ။

(၉) အဝါေရာင္ပိုးသား Dress ေလးလား။ ပန္းေရာင္ ဇာ Dress ေလးလား။ တစ္ေယာက္တမ်ိဳးဆီ အလွႂကြယ္ေနတဲ့ ညီအမပါပဲ။

Hadid ညီအမကေတာ့ ပိန္သြယ္သြယ္၊ ေက်ာ့ရွင္းတဲ့ ခႏၶာကိုယ္အလွနဲ႔ အလန္းဆံုးဆင္တူ Fashion ေတြဝတ္ေနက်မို႔ ဘယ္သူ႔ Fashion က ကိုယ့္အႀကိဳက္နဲ႔ ပိုလိုက္ဖက္မလဲဆိုတာ ေရြးခ်ယ္သြားဦးေနာ္။

EiEiKhineMinn (Akhayar)

[Unicode]

Gigi Hadid နဲ့ Bella Hadid ညီအမရဲ့ အကြိုက်တူတဲ့ Fashion များ

Runway တစ်ခုလုံးရဲ့ Angel တွေဖြစ်တဲ့အပြင် Model လောကတစ်ခုလုံးရဲ့ အဟော့ဆုံးညီအမ ၂ယောက်ဖြစ်တဲ့ Gigi Hadid နဲ့ Bella Hadid ဆိုတာက ခန္ဓာကိုယ်ပေါ်တင်လိုက်တဲ့ အဝတ်အစားတိုင်း Fashion တိုင်းကို ရင်သပ်ရှုမှားအထာကျလွန်းလောက်အောင် ပြောင်းလဲစေနိုင်တဲ့သူတွေပါ။

ထသွားထလာပွဲတွေ၊ Party တွေနဲ့ Red Carpet ပေါ်ထိကို သူမတို့ ညီအမ ၂ယောက်ရဲ့ ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ်အလှပေါ်က ကြွကြွရွရွ Fashion တွေက ပရိသတ်တွေတိုင်းရဲ့ အာရုံစိုက်မှုအပြည့်အဝရထားသူတွေပါ။

ဒီလို သွေးရင်းသားရင်း ညီအမ ၂ယောက်လုံးဟာ Model လောကမှာ အောင်မြင်မှုတူတူပိုင်ဆိုင်ထားကြသလို ညီအမ ၂ယောက်လုံးရဲ့ Fashion Taste တွေကလည်း ခပ်ဆင်ဆင်ပဲမို့ ဘယ်သူ့ဘယ်သူရဲ့ Fashion တွေက ကိုယ့်အကြိုက်ဖြစ်မလဲ? ဘယ်သူ့ Fashion က်ု ပိုကြွေသလဲဆိုတာ ၂ယောက်လုံးရဲ့ Fashion Theme တွေကို တူတူယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။

(၁) Monochrome ဆန်ဆန် အဖြူနဲ့ နို့နှစ်ရောင်ဖျော့တွေကို ရွေးချယ်တဲ့နေရာမှာ Bella ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ အထာမျိုးနဲ့ Boyish Type မျိုးပေမယ့် Gigi ကတော့ ကျော့ရှင်းသန့်ပြန့် Smart ကျတဲ့ အသွင်ပြင်မျိုးပါ။

(၂) အသားရောင် Nude Shade လေးတွေဝတ်တဲ့အခါမှာလည်း Bella ကတော့ လုံးဝ အထာကျတဲ့ Cool Type ဝတ်ထားပြီး Gigi ကတော့ Off-Shoulder Dress လေးနဲ့ အထက်တန်းဆန်ဆန် ကျော့ကျော့မော့မော့လေးမှ ကြိုက်တဲ့ပုံစံမျိုးပါ။

(၃) Chilling Out လုပ်တဲ့အခါမျိုးတွေမှာ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နဲ့ လူအများကြားထဲထင်းနေဖို့ဆို Bella လို Color-blocked Bomber လေးနဲ့ Gigi လို ပန်းဆီရောင် Coat လေးကတော့ ၂ခါပြန်မကြည့်ဘဲ မနေနိုင်အောင်ပါ။

(၄) Blazer Coat ကို အထာကျကျ Dress အနေနဲ့ ဝတ်တဲ့နေရာမှာလည်း Bella လို Sneaker နဲ့ လန်းမလား? Gigi လို Heels လေးနဲ့ပဲ ကျော့မော့မလား။ ဘယ်လိုဝတ်ဝတ်ကို မိုက်နေမှာတော့ အမှန်ပါ။

(၅) Top to Toe Jeans နဲ့ ဂေါ်လွန်းတဲ့နေရာမှာလည်း Hadid ညီအမကတော့ တကယ့် Pro တွေပါ။ Bella ကတော့ Denim Jeans အသားပေးကိုမှ အပေါ်က Leather Coat နဲ့ ခပ်လန်းလန်းမိုက်နေပြီး Gigi ကတော့ အနီရောင် ဆွယ်တာလေးနဲ့မို့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းနေပါတယ်။

(၆) Sexy ဆန်တဲ့ အနီရောင်ကို ဘယ်လိုများ လွင့်နေအောင် ဝတ်လို့ရလဲဆိုတာ ဒီညီအမက ဥပမာပြလိုက်သလိုပါပဲ။ Bella အတွက်တော့ အနီရောင် Turtleneck Dress လေးက Comfy Type ဖြစ်နေသလို Gigi ကတော့ Coat ရယ်၊ Crossbody Bag နဲ့ ဖမ်းစားထားပါတယ်။

(၇) Jeans လား သားမွေးလား ဘယ်သူ့ Crop ကို ပိုကြွေမိနိုင်မလဲ ဝေခွဲမရအောင်ကို ၂ယောက်လုံးက ဆွဲဆောင်မှုရှိရှိ လန်းနေတာမျိုးပါ။

(၈) လူတိုင်း Fashion မကျနိုင်တဲ့ Plaid Pants တွေနဲ့တောင် ဂေါ်လွန်းနေတဲ့ ညီအမပါ။

(၉) အဝါရောင်ပိုးသား Dress လေးလား။ ပန်းရောင် ဇာ Dress လေးလား။ တစ်ယောက်တမျိုးဆီ အလှကြွယ်နေတဲ့ ညီအမပါပဲ။

Hadid ညီအမကတော့ ပိန်သွယ်သွယ်၊ ကျော့ရှင်းတဲ့ ခန္ဓာကိုယ်အလှနဲ့ အလန်းဆုံးဆင်တူ Fashion တွေဝတ်နေကျမို့ ဘယ်သူ့ Fashion က ကိုယ့်အကြိုက်နဲ့ ပိုလိုက်ဖက်မလဲဆိုတာ ရွေးချယ်သွားဦးနော်။

EiEiKhineMinn (Akhayar)