[Zawgyi]

ခုတေလာ အရမ္းေတြ ပြင့္ျပေနတဲ့ Sam Smith နဲ႔ Troye Sivan

အဆုိေတာ္ေတြ၊ သရုပ္ေဆာင္ေတြ၊ မင္းသား၊မင္းသမီးေတြမွာ လိင္တူခ်င္းစိတ္ဝင္စားတဲ့သူေတြအမ်ားၾကီးပါ။ တခ်ိဳ႕က ကိုယ့္ရဲ့ လိင္စိတ္ခံယူမႈနဲ႔႔ လိင္စိတ္တိမ္းညႊတ္ရာကို ထုတ္ေဖာ္ျပတဲ့သူေတြ ရွိသလို ထုတ္ေဖာ္မျပလို႔ မသိရတဲ့သူေတြလည္း အမ်ားၾကီးရွိပါေသးတယ္။

ဥပမာ Pyramid သီခ်င္းသီဆိုတဲ့ အဆုိေတာ္ေကာင္မေလး Charice ဆုိရင္ အခုဆိုရင္ ေယာက်ာ္းေလးပံုေျပာင္းေနျပီျဖစ္လို႔ နာမည္ေတာင္ Jake Zyrus ျဖစ္သြားပါျပီ။ (Wiki မွာကို Jake Zyrus လို႔ ေဖာ္ျပေပးထားတာပါ။)

from Charice to Jake Zyrus

အခုလို ေျပာင္းလဲခြဲစိတ္ထားတာမ်ိဳးမဟုတ္ဘဲ ေယာက်္ားေလးထဲမွာ လိင္တူခ်င္းစိတ္ဝင္စားတာကို ျပသျပီး အရမ္းပြင့္ျပေနတဲ့၊ ခ်စ္စရာေကာင္းတဲ့ အဆိုေတာ္ႏွစ္ေယာက္ရဲ့ သတင္းကလည္း အခုတေလာ လႈပ္ခတ္ေနခဲ့ပါတယ္။

Sam Smith

တစ္ေယာက္ကေတာ့ Sam Smith ျဖစ္ျပီး “Latch” ဆိုတဲ့ သီခ်င္းနဲ႔ ေအာင္ျမင္မႈေတြ စတင္ရရွိခဲ့သူလည္း ျဖစ္ပါတယ္။ သူ႔ရဲ့ “Stay With Me” နဲ႔ “I’m not the only one” ဆိုတဲ့ သီခ်င္းေတြနဲ႔ လိုက္ဖီးလ္ဖူးၾကမွာ ျဖစ္သလို သူဝိတ္ခ်လိုိက္တဲ့ ပံုစံက အရမ္းမုိက္ေနတာေၾကာင့္လည္း လူငယ္ထုၾကားမွာ ေျပာစမွတ္ျဖစ္ေနပါတယ္။ ၂၀၁၅ ခုႏွစ္က စျပီး ဝိတ္ခ်လိုက္တာ ေပါင္ ၅၀ ေလာက္ေတာင္ က်သြားတာဆုိေတာ့ Wow လို႔ ေျပာရမွာပါပဲ။

ဝိတ္ခ်လိုက္တဲ့ Sam Smith

အဲဒီမတုိင္ခင္ ၂၀၁၄ တည္းက Gay ပါလို႔ Come Out လုပ္ထားတဲ့ Sam Smith ဟာ သရုပ္ေဆာင္လည္း ျဖစ္၊ ေမာ္ဒယ္လ္လည္း ျဖစ္တဲ့ Jonathan Zeizel နဲ႔လည္း ၾကိဳက္ခဲ့ဖူးသူပါ။ ဂရမ္မီဆုေပးပြဲမွာ “Stay with Me” နဲ႔ ဆုရတုန္းကေတာင္ “မႏွစ္က ငါနဲ႔ ခ်စ္ခဲ့တဲ့ လူကို ေက်းဇူးတင္စကားေျပာခ်င္တယ္၊ မင္းငါ့အသည္းကို ခြဲခဲ့လို႔ ငါ ဂရမ္မီေလးဆု ရယူႏုိင္တာေဟ့” လို႔ ခပ္ေခ်ေခ်ေျပာခဲ့ပါေသးတယ္။

Sam Smith နဲ႔ Jonathan Zeizel

သူ႔ရဲ့ ေနာက္ဆံုးအေခြျဖစ္တဲ့ “The Thrill of It All ဟာဆိုရင္ေတာ့ သူ Gay ျဖစ္လာပံုကို ေဖာ္ျပေနခဲ့ပါတယ္။

သူငယ္ငယ္တုန္းကဆိုရင္ မိန္းမအဝတ္အစားဝတ္တာမ်ားျပီး ေက်ာင္းသြားရင္လည္း မိတ္ကပ္အျပည့္လိမ္းျပီး  ေက်ာင္းတက္တာ ျဖစ္ပါတယ္တဲ့။ သူ႔ကိုယ္သူ Feminist တစ္ေယာက္လို႔လည္း ေၾကြးေက်ာ္ထားတဲ့ Sam Smith ဟာ 13 Reasons Why ထဲက Justin Foley အျဖစ္ သရုပ္ေဆာင္ထားတဲ့ Brandon Flynn နဲ႔ လက္ရွိတြဲခုပ္ေနပါတယ္။

Sam Smith နဲ႔ Brandon Flynn

အခုေနာက္ပိုင္း ဓာတ္ပံုေတြမွာေတာ့ ပိုပိုျပီး ပြင့္လာျပီး ပိုပိုျပီးလည္း ရဲရင့္လာတာကို ေတြ႔ရကာ ဓာတ္ပုံေတြဟာ သူ႔ရဲ့ လိင္စိတ္ခံယူမႈကို တေန႔တျခားျပသေနပါေတာ့တယ္။

ဧျပီ ၁၁ က Sam Smith ပံု

ပိုျပီး ရဲတင္းလာတဲ့ Sam Smith

Brandon Flynn နဲ႔ ၾကည္ႏူးေနစဥ္

အလွေနာ္

Sam Smith

Troye Sivan

Troye Sivan ကေတာ့ ၁၉၉၅ ခုႏွစ္ ဇြန္လ  ၅ ရက္ေန႔ ေမြးတာမို႔လို႔ ခုမွ ၂၃ ႏွစ္သားေလးရွိပါေသးတယ္။ သူဟာ YouTube မွာ ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ျပီး သူ႔ရဲ့ “Youth” သီခ်င္းဟာဆုိရင္ Billboard ရဲ့ Top 100 ထဲမွာေတာင္ ပါဝင္ခဲ့ပါတယ္။

Troye Sivan

ဒါတင္မဟုတ္ဘဲ ၂၀၀၉ ခုႏွစ္က X men Origins : Wolverine မွာလည္း ပါဝင္ခဲ့ျပီး YouTube မွာ ေက်ာ္ၾကားသူတစ္ေယာက္အေနနဲ႔ Subscribers ၆သန္းေလာက္ရွိျပီး Time မဂၢဇင္းကေရြးခ်ယ္တဲ့  ၂၀၁၄ ခုႏွစ္ရဲ့ လႊမ္းမိုးမႈအရွိဆံုး ဆယ္ေက်ာ္သက္ ၂၅ ေယာက္မွာလည္း သူပါဝင္ခဲ့ပါတယ္။

Troye Sivan ကေတာ့ ပြင့္ပြင့္လင္းလင္း Gay လို႔ ဝန္ခံထားျပီး Come Out လုပ္တာကိုလည္း ၂၀၁၃ ခုႏွစ္ ၾသဂုတ္လတည္းက YouTube မွာ Video တင္ျပီး ပရိသတ္ကို အသိေပးခဲ့ပါတယ္။

သူ႔မိဘေတြကေတာ့ အဲဒီ Video မတုိင္ခင္ ၃ ႏွစ္ေလာက္တည္းက သူ Gay ျဖစ္ေၾကာင္း သိျပီးသားျဖစ္ပါတယ္။ သူကေတာ့ လက္ရွိ ေမာ္ဒယ္လ္ဘြိဳင္း Jacob Bixenman နဲ႔ တြဲေနျပီးေတာ့ သူ႔ရဲ့  ဓာတ္ပံုေတြကလည္း ခ်စ္စရာေကာင္းေနျပန္ပါတယ္။

Troye and Jacob

Troye Sivan နဲ႔ Jacob Bixenman

သူဟာ Taylor Swift နဲ႔လည္း ခင္မင္ရင္းႏွီးတဲ့ ဆက္ဆံမ်ိဳးရွိျပီး Taylor ရဲ့ “Reputation Tour” မွာေတာင္ တက္ေရာက္ေဖ်ာ္ေျဖခဲ့ပါေသးတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : wiki, Sam Smith’s instagram
[Unicode]

ခုတလော အရမ်းတွေ ပွင့်ပြနေတဲ့ Sam Smith နဲ့ Troye Sivan

အဆိုတော်တွေ၊ သရုပ်ဆောင်တွေ၊ မင်းသား၊မင်းသမီးတွေမှာ လိင်တူချင်းစိတ်ဝင်စားတဲ့သူတွေအများကြီးပါ။ တချို့က ကိုယ့်ရဲ့ လိင်စိတ်ခံယူမှုနဲ့ လိင်စိတ်တိမ်းညွှတ်ရာကို ထုတ်ဖော်ပြတဲ့သူတွေ ရှိသလို ထုတ်ဖော်မပြလို့ မသိရတဲ့သူတွေလည်း အများကြီးရှိပါသေးတယ်။

ဥပမာ Pyramid သီချင်းသီဆိုတဲ့ အဆိုတော်ကောင်မလေး Charice ဆိုရင် အခုဆိုရင် ယောကျာ်းလေးပုံပြောင်းနေပြီဖြစ်လို့ နာမည်တောင် Jake Zyrus ဖြစ်သွားပါပြီ။ (Wiki မှာကို Jake Zyrus လို့ ဖော်ပြပေးထားတာပါ။)

from Charice to Jake Zyrus

အခုလို ပြောင်းလဲခွဲစိတ်ထားတာမျိုးမဟုတ်ဘဲ ယောကျ်ားလေးထဲမှာ လိင်တူချင်းစိတ်ဝင်စားတာကို ပြသပြီး အရမ်းပွင့်ပြနေတဲ့၊ ချစ်စရာကောင်းတဲ့ အဆိုတော်နှစ်ယောက်ရဲ့ သတင်းကလည်း အခုတလော လှုပ်ခတ်နေခဲ့ပါတယ်။

Sam Smith

တစ်ယောက်ကတော့ Sam Smith ဖြစ်ပြီး “Latch” ဆိုတဲ့ သီချင်းနဲ့ အောင်မြင်မှုတွေ စတင်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ “Stay With Me” နဲ့ “I’m not the only one” ဆိုတဲ့ သီချင်းတွေနဲ့ လိုက်ဖီးလ်ဖူးကြမှာ ဖြစ်သလို သူဝိတ်ချလိုက်တဲ့ ပုံစံက အရမ်းမိုက်နေတာကြောင့်လည်း လူငယ်ထုကြားမှာ ပြောစမှတ်ဖြစ်နေပါတယ်။ ၂၀၁၅ ခုနှစ်က စပြီး ဝိတ်ချလိုက်တာ ပေါင် ၅၀ လောက်တောင် ကျသွားတာဆိုတော့ Wow လို့ ပြောရမှာပါပဲ။

ဝိတ်ချလိုက်တဲ့ Sam Smith

အဲဒီမတိုင်ခင် ၂၀၁၄ တည်းက Gay ပါလို့ Come Out လုပ်ထားတဲ့ Sam Smith ဟာ သရုပ်ဆောင်လည်း ဖြစ်၊ မော်ဒယ်လ်လည်း ဖြစ်တဲ့ Jonathan Zeizel နဲ့လည်း ကြိုက်ခဲ့ဖူးသူပါ။ ဂရမ်မီဆုပေးပွဲမှာ “Stay with Me” နဲ့ ဆုရတုန်းကတောင် “မနှစ်က ငါနဲ့ ချစ်ခဲ့တဲ့ လူကို ကျေးဇူးတင်စကားပြောချင်တယ်၊ မင်းငါ့အသည်းကို ခွဲခဲ့လို့ ငါ ဂရမ်မီလေးဆု ရယူနိုင်တာဟေ့” လို့ ခပ်ချေချေပြောခဲ့ပါသေးတယ်။

Sam Smith နဲ့ Jonathan Zeizel

သူရဲ့ နောက်ဆုံးအခွေဖြစ်တဲ့ “The Thrill of It All ဟာဆိုရင်တော့ သူ Gay ဖြစ်လာပုံကို ဖော်ပြနေခဲ့ပါတယ်။

သူငယ်ငယ်တုန်းကဆိုရင် မိန်းမအဝတ်အစားဝတ်တာများပြီး ကျောင်းသွားရင်လည်း မိတ်ကပ်အပြည့်လိမ်းပြီး  ကျောင်းတက်တာ ဖြစ်ပါတယ်တဲ့။ သူ့ကိုယ်သူ Feminist တစ်ယောက်လို့လည်း ကြွေးကျော်ထားတဲ့ Sam Smith ဟာ 13 Reasons Why ထဲက Justin Foley အဖြစ် သရုပ်ဆောင်ထားတဲ့ Brandon Flynn နဲ့ လက်ရှိတွဲခုပ်နေပါတယ်။

Sam Smith နဲ့ Brandon Flynn

အခုနောက်ပိုင်း ဓာတ်ပုံတွေမှာတော့ ပိုပိုပြီး ပွင့်လာပြီး ပိုပိုပြီးလည်း ရဲရင့်လာတာကို တွေ့ရကာ ဓာတ်ပုံတွေဟာ သူ့ရဲ့ လိင်စိတ်ခံယူမှုကို တနေ့တခြားပြသနေပါတော့တယ်။

ဧပြီ ၁၁ က Sam Smith ပုံ

ပိုပြီး ရဲတင်းလာတဲ့ Sam Smith

Brandon Flynn နဲ့ ကြည်နူးနေစဉ်

အလှနော်

Sam Smith

Troye Sivan

Troye Sivan ကတော့ ၁၉၉၅ ခုနှစ် ဇွန်လ  ၅ ရက်နေ့ မွေးတာမို့လို့ ခုမှ ၂၃ နှစ်သားလေးရှိပါသေးတယ်။ သူဟာ YouTube မှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ “Youth” သီချင်းဟာဆိုရင် Billboard ရဲ့ Top 100 ထဲမှာတောင် ပါဝင်ခဲ့ပါတယ်။

Troye Sivan

ဒါတင်မဟုတ်ဘဲ ၂၀၀၉ ခုနှစ်က X men Origins : Wolverine မှာလည်း ပါဝင်ခဲ့ပြီး YouTube မှာ ကျော်ကြားသူတစ်ယောက်အနေနဲ့ Subscribers ၆သန်းလောက်ရှိပြီး Time မဂ္ဂဇင်းကရွေးချယ်တဲ့  ၂၀၁၄ ခုနှစ်ရဲ့ လွှမ်းမိုးမှုအရှိဆုံး ဆယ်ကျော်သက် ၂၅ ယောက်မှာလည်း သူပါဝင်ခဲ့ပါတယ်။

Troye Sivan ကတော့ ပွင့်ပွင့်လင်းလင်း Gay လို့ ဝန်ခံထားပြီး Come Out လုပ်တာကိုလည်း ၂၀၁၃ ခုနှစ် သြဂုတ်လတည်းက YouTube မှာ Video တင်ပြီး ပရိသတ်ကို အသိပေးခဲ့ပါတယ်။

သူ့မိဘတွေကတော့ အဲဒီ Video မတိုင်ခင် ၃ နှစ်လောက်တည်းက သူ Gay ဖြစ်ကြောင်း သိပြီးသားဖြစ်ပါတယ်။ သူကတော့ လက်ရှိ မော်ဒယ်လ်ဘွိုင်း Jacob Bixenman နဲ့ တွဲနေပြီးတော့ သူ့ရဲ့  ဓာတ်ပုံတွေကလည်း ချစ်စရာကောင်းနေပြန်ပါတယ်။

Troye and Jacob

Troye Sivan နဲ့ Jacob Bixenman

သူဟာ Taylor Swift နဲ့လည်း ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမျိုးရှိပြီး Taylor ရဲ့ “Reputation Tour” မှာတောင် တက်ရောက်ဖျော်ဖြေခဲ့ပါသေးတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : wiki, Sam Smith’s instagram