[Zawgyi]

အဲဗာတန္ နည္းျပရာထူးက ရုတ္တရက္ ထုတ္ပယ္ခံခဲ့ရတဲ့ ဆမ္အလာဒိုက္စ္

အဲဗာတန္နည္းျပအျဖစ္ (၆)လခန္႔ တာဝန္ယူၿပီးေနာက္ ဆမ္အလာဒိုက္စ္ Sam Allardyce ရာထူးကေန ရုတ္တရက္ ထုတ္ပယ္ခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက ရလဒ္ေတြ ဆိုးရြားေနတဲ့ နည္းျပေဟာင္း ေရာ္နယ္လ္ကိုးမင္း Ronald Koeman ကို ရာထူးက ထုတ္ပယ္ၿပီးေနာက္ ဆမ္အလာဒိုက္စ္ကို နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့တာ ျဖစ္ပါတယ္။ ဆမ္အလာဒိုက္စ္ လက္ထက္မွာ အသင္းကို လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ ျပန္လည္ တည့္မတ္ႏိုင္ခဲ့ၿပီး ရာသီကုန္ခ်ိန္မွာ အမွတ္ေပးဇယား အဆင့္ (၈)ေနရာအထိ ေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ရာထူးက ရုတ္တရက္ ထုတ္ပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

Sam-Allardyce-sacked-as-Everton-manager-after-six-months-in-charge

Sam-Allardyce-sacked-as-Everton-manager-after-six-months-in-charge

ဆမ္အလာဒိုက္စ္က စာခ်ဳပ္ကို ရုတ္တရက္ ဖ်က္သိမ္းၿပီး ရာထူးမွ ထုတ္ပယ္ခံခဲ့ရတာကို အသင္းပိုင္ရွင္ မိုရွီရီ Moshiri နဲ႔ ဒီေန႔(ဗုဒၶဟူးေန႔)မွာ ေတြ႔ဆံု ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ အသင္းတာဝန္ရွိသူေတြက အသင္းကို (၆)လခန္႔ ကိုင္တြယ္ေပးခဲ့တဲ့ ဆမ္အလာဒိုက္စ္ကို ေက်းဇူးတင္ေၾကာင္းနဲ႔ ေကာင္းမြန္တဲ့ အနာဂတ္ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔  ေျပာၾကားခဲ့ပါတယ္။ အဲဗာတန္အသင္း တာဝန္ရွိသူေတြဟာ ဆမ္အလာဒိုက္စ္ကို ရာထူးမွ ထုတ္ပယ္ၿပီးေနာက္ နည္းျပသစ္တစ္ဦးကို ရွာေဖြေနၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီလက ဝက္ဒ္ဖို႔ဒ္နည္းျပ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတဲ့ မာကိုေဆးလ္ဗား Marco Silva ကို ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

ဆမ္အလာဒိုက္စ္ ကိုင္တြယ္ခဲ့ေသာ အသင္းမ်ား

ဘလက္ပူးလ္     19 July 1994 – 29 May 1996
ေနာ႔စ္ေကာင္တီ     16 January 1997 – 14 October 1999
ေဘာ္လ္တန္     19 October 1999 – 29 April 2007
နယူးကာဆယ္     15 May 2007 – 9 January 2008
ဘလက္ဘန္း     17 December 2008 – 13 December 2010
ဝက္စ္ဟမ္း     1 June 2011 24 – May 2015
ဆန္းဒါးလန္း     9 October 2015 – 22 July 2016
အဂၤလန္     22 July 2016 – 27 September 2016
ပဲေလ့စ္     23 December – 2016 23 May 2017
အဲဗာတန္     30 November 2017 – 16 May 2018

REF:Daily Mail, Wikipedia
Photo:Ghanasoccernet, Sportsjoe
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

အဲဗာတန် နည်းပြရာထူးက ရုတ်တရက် ထုတ်ပယ်ခံခဲ့ရတဲ့ ဆမ်အလာဒိုက်စ်

အဲဗာတန်နည်းပြအဖြစ် (၆)လခန့် တာဝန်ယူပြီးနောက် ဆမ်အလာဒိုက်စ် Sam Allardyce ရာထူးကနေ ရုတ်တရက် ထုတ်ပယ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ရလဒ်တွေ ဆိုးရွားနေတဲ့ နည်းပြဟောင်း ရော်နယ်လ်ကိုးမင်း Ronald Koeman ကို ရာထူးက ထုတ်ပယ်ပြီးနောက် ဆမ်အလာဒိုက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဆမ်အလာဒိုက်စ် လက်ထက်မှာ အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြန်လည် တည့်မတ်နိုင်ခဲ့ပြီး ရာသီကုန်ချိန်မှာ အမှတ်ပေးဇယား အဆင့် (၈)နေရာအထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ရာထူးက ရုတ်တရက် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Sam-Allardyce-sacked-as-Everton-manager-after-six-months-in-charge

Sam-Allardyce-sacked-as-Everton-manager-after-six-months-in-charge

ဆမ်အလာဒိုက်စ်က စာချုပ်ကို ရုတ်တရက် ဖျက်သိမ်းပြီး ရာထူးမှ ထုတ်ပယ်ခံခဲ့ရတာကို အသင်းပိုင်ရှင် မိုရှီရီ Moshiri နဲ့ ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အသင်းတာဝန်ရှိသူတွေက အသင်းကို (၆)လခန့် ကိုင်တွယ်ပေးခဲ့တဲ့ ဆမ်အလာဒိုက်စ်ကို ကျေးဇူးတင်ကြောင်းနဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေလို့  ပြောကြားခဲ့ပါတယ်။ အဲဗာတန်အသင်း တာဝန်ရှိသူတွေဟာ ဆမ်အလာဒိုက်စ်ကို ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြသစ်တစ်ဦးကို ရှာဖွေနေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလက ဝက်ဒ်ဖို့ဒ်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ မာကိုဆေးလ်ဗား Marco Silva ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆမ်အလာဒိုက်စ် ကိုင်တွယ်ခဲ့သော အသင်းများ

ဘလက်ပူးလ်     19 July 1994 – 29 May 1996
နော့စ်ကောင်တီ     16 January 1997 – 14 October 1999
ဘော်လ်တန်     19 October 1999 – 29 April 2007
နယူးကာဆယ်     15 May 2007 – 9 January 2008
ဘလက်ဘန်း     17 December 2008 – 13 December 2010
ဝက်စ်ဟမ်း     1 June 2011 24 – May 2015
ဆန်းဒါးလန်း     9 October 2015 – 22 July 2016
အင်္ဂလန်     22 July 2016 – 27 September 2016
ပဲလေ့စ်     23 December – 2016 23 May 2017
အဲဗာတန်     30 November 2017 – 16 May 2018

REF:Daily Mail, Wikipedia
Photo:Ghanasoccernet, Sportsjoe
Aung Kyaw Wai(Akhayar)
www.akhayar.com