[Zawgyi]

အဂၤလန္ႏုိင္ငံမွ ကမၻာ့ေရွးအက်ဆုံး နာရီႀကီး

အဂၤလန္ႏုိင္ငံ (England) ဝီလ္ရႈိင္းယားျပည္နယ္ (Wiltshire) ဆာလစ္ဗ်ဴရီၿမိဳ႕ (Salisbury) မွာရွိတဲ့ ကက္သဒရယ္ဘုရားေက်ာင္းႀကီး (Salisbury Cathedral ) က ကမၻာေက်ာ္လွပါတယ္။ ခရစ္ႏွစ္ ၁၂၂ဝ ခုႏွစ္မွာ တည္ေဆာက္ခဲ့တာျဖစ္လုိ႔ အခုဆုိရင္ ၇၉၈ ႏွစ္ ရွိသြားပါၿပီ။ ေရွးေဟာင္းဘုရားေက်ာင္းျဖစ္တာနဲ႔အညီ စုလစ္မြန္းခြ်န္အျမင့္ ၄ဝ၄ေပရွိၿပီး တည္ေဆာက္ထားပုံကလည္း အံ့ၾသစရာေကာင္းလွပါတယ္။ တံခါးေပါက္ ၁၂ေပါက္၊ ျပတင္းေပါက္ ၃၆၅ ေပါက္၊ ေဒါက္တိုင္ၾကီးေပါင္း ၂၄ တိုင္၊ ရုပ္တုေပါင္း ၆၀ နဲ႔ လက္ဝါးကပ္တိုင္ ၆ဝ ပါဝင္ၿပီး စကၠန္႔၊ မိနစ္၊ နာရီနဲ႔ ရက္ေတြကုိ ဗဟုိျပဳၿပီး တည္ေဆာက္ထားပါတယ္။

ကက္သဒရယ္ဘုရားေက်ာင္းႀကီး (Salisbury Cathedral)

ကက္သဒရယ္ဘုရားေက်ာင္းႀကီး (Salisbury Cathedral)

ဘာေတြထူးျခားလဲ

ဘာေတြထူးျခားေသးလဲဆုိရင္ ဘုရားေက်ာင္းမွာ ကမၻာ့ေရွးအက်ဆုံးနာရီျဖစ္တဲ့ ဆာလစ္ဗ်ဴရီ ကက္သဒရယ္နာရီ (Salisbury Cathedral Clock)  ရွိေနတာလည္း ခရီးသြားေတြ အႀကိဳက္ပါပဲ။ ဘုန္းေတာ္ႀကီး အာ့ဟန္ (Bishop Erghum) လက္ထက္ ၁၃၈၆ခုႏွစ္မွာ ျပဳလုပ္ထားတဲ့ ဆာလစ္ဗ်ဴရီ ကက္သဒရယ္နာရီဟာ ကမၻာ့ေရွးအက်ဆုံးနာရီလုိ႔ ကြ်မ္းက်င္သူေတြက လက္ခံထားၾကပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ဘယ္လုိသိတာလဲ

နာရီလက္တံမပါေပမယ့္ ဘယ္ႏွစ္နာရီထုိးတယ္ဆုိတာ ေခါင္းေလာင္းသံအေရအတြက္ေပၚ မူတည္ၿပီး သိႏုိင္ပါတယ္။ ေလးနာရီထုိးရင္ ေခါင္းေလာင္းသံေလးခ်က္ျမည္ၿပီး ငါးနာရီထုိးရင္ ငါးခ်က္ျမည္တဲ့သေဘာပါ။ တစ္ခ်ိန္တုန္းက ဘုရားဝတ္ျပဳမယ့္သူေတြအတြက္ အခ်က္ေပးဖုိ႔သုံးခဲ့တာ ျဖစ္ပါတယ္။ ဖြဲ႕စည္းတည္ေဆာင္ပုံဟာလည္း ရုိးရွင္းတဲ့အတြက္ ဒီေန႔ေခတ္ပညာရွင္ေတြ အတုယူစရာပါပဲ။

ဆာလစ္ဗ်ဴရီ ကက္သဒရယ္နာရီ (Salisbury Cathedral Clock)

ဆာလစ္ဗ်ဴရီ ကက္သဒရယ္နာရီ (Salisbury Cathedral Clock)

ပ်က္စီးသြားၿပီလား

“အသက္ႀကီးေပမယ့္ မပ်က္စီးေသးဘူး”လုိ႔ တင္စားရေအာင္ ၆၃၂ ႏွစ္ရွိေပမယ့္လည္း ဒီေန႔အခ်ိန္ထိ အလုပ္လုပ္တုန္း ျဖစ္ပါတယ္။ ေရွးေဟာင္းနာရီႀကီး ပ်က္စီးယုိယြင္းမွာစုိးတဲ့အတြက္ ေခါင္းေလာင္းသံကုိေတာ့ အလုပ္မလုပ္ေစေတာ့ပါဘူး။ ေန႔ထူးေန႔ျမတ္ေတြမွာသာ ေခါင္းေလာင္းသံကုိ ဖြင့္ေပးထားတာျဖစ္ပါတယ္။ ကမၻာ့ေရွးအက်ဆုံးနာရီႀကီးရွိတဲ့ အဂၤလန္ႏုိင္ငံဟာ အခုအခ်ိန္ထိ ဂုဏ္ယူဝင့္ၾကြားႏုိင္တာျဖစ္ပါတယ္။ စာဖတ္ပရိသတ္ႀကီးလည္း အဂၤလန္ႏုိင္ငံကုိ ေရာက္ခဲ့ရင္ အံ့မခန္းတည္ေဆာက္ထားတဲ့ ဆာလစ္ဗ်ဴရီ ကက္သဒရယ္ဘုရားေက်ာင္းကုိ ေရာက္ေအာင္သြားၿပီး နာရီႀကီးကုိ ေလ့လာခဲ့ပါလုိ႔ အၾကံျပဳလုိက္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အင်္ဂလန်နိုင်ငံမှ ကမ္ဘာ့ရှေးအကျဆုံး နာရီကြီး

အင်္ဂလန်နိုင်ငံ (England) ဝီလ်ရှိုင်းယားပြည်နယ် (Wiltshire) ဆာလစ်ဗျူရီမြို့ (Salisbury) မှာရှိတဲ့ ကက်သဒရယ်ဘုရားကျောင်းကြီး (Salisbury Cathedral ) က ကမ္ဘာကျော်လှပါတယ်။ ခရစ်နှစ် ၁၂၂ဝ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်လို့ အခုဆိုရင် ၇၉၈ နှစ် ရှိသွားပါပြီ။ ရှေးဟောင်းဘုရားကျောင်းဖြစ်တာနဲ့အညီ စုလစ်မွန်းချွန်အမြင့် ၄ဝ၄ပေရှိပြီး တည်ဆောက်ထားပုံကလည်း အံ့သြစရာကောင်းလှပါတယ်။ တံခါးပေါက် ၁၂ပေါက်၊ ပြတင်းပေါက် ၃၆၅ ပေါက်၊ ဒေါက်တိုင်ကြီးပေါင်း ၂၄ တိုင်၊ ရုပ်တုပေါင်း ၆၀ နဲ့ လက်ဝါးကပ်တိုင် ၆ဝ ပါဝင်ပြီး စက္ကန့်၊ မိနစ်၊ နာရီနဲ့ ရက်တွေကို ဗဟိုပြုပြီး တည်ဆောက်ထားပါတယ်။

ကက်သဒရယ်ဘုရားကျောင်းကြီး (Salisbury Cathedral)

ကက်သဒရယ်ဘုရားကျောင်းကြီး (Salisbury Cathedral)

ဘာတွေထူးခြားလဲ

ဘာတွေထူးခြားသေးလဲဆိုရင် ဘုရားကျောင်းမှာ ကမ္ဘာ့ရှေးအကျဆုံးနာရီဖြစ်တဲ့ ဆာလစ်ဗျူရီ ကက်သဒရယ်နာရီ (Salisbury Cathedral Clock)  ရှိနေတာလည်း ခရီးသွားတွေ အကြိုက်ပါပဲ။ ဘုန်းတော်ကြီး အာ့ဟန် (Bishop Erghum) လက်ထက် ၁၃၈၆ခုနှစ်မှာ ပြုလုပ်ထားတဲ့ ဆာလစ်ဗျူရီ ကက်သဒရယ်နာရီဟာ ကမ္ဘာ့ရှေးအကျဆုံးနာရီလို့ ကျွမ်းကျင်သူတွေက လက်ခံထားကြပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ဘယ်လိုသိတာလဲ

နာရီလက်တံမပါပေမယ့် ဘယ်နှစ်နာရီထိုးတယ်ဆိုတာ ခေါင်းလောင်းသံအရေအတွက်ပေါ် မူတည်ပြီး သိနိုင်ပါတယ်။ လေးနာရီထိုးရင် ခေါင်းလောင်းသံလေးချက်မြည်ပြီး ငါးနာရီထိုးရင် ငါးချက်မြည်တဲ့သဘောပါ။ တစ်ချိန်တုန်းက ဘုရားဝတ်ပြုမယ့်သူတွေအတွက် အချက်ပေးဖို့သုံးခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းတည်ဆောင်ပုံဟာလည်း ရိုးရှင်းတဲ့အတွက် ဒီနေ့ခေတ်ပညာရှင်တွေ အတုယူစရာပါပဲ။

ဆာလစ်ဗျူရီ ကက်သဒရယ်နာရီ (Salisbury Cathedral Clock)

ဆာလစ်ဗျူရီ ကက်သဒရယ်နာရီ (Salisbury Cathedral Clock)

ပျက်စီးသွားပြီလား

“အသက်ကြီးပေမယ့် မပျက်စီးသေးဘူး”လို့ တင်စားရအောင် ၆၃၂ နှစ်ရှိပေမယ့်လည်း ဒီနေ့အချိန်ထိ အလုပ်လုပ်တုန်း ဖြစ်ပါတယ်။ ရှေးဟောင်းနာရီကြီး ပျက်စီးယိုယွင်းမှာစိုးတဲ့အတွက် ခေါင်းလောင်းသံကိုတော့ အလုပ်မလုပ်စေတော့ပါဘူး။ နေ့ထူးနေ့မြတ်တွေမှာသာ ခေါင်းလောင်းသံကို ဖွင့်ပေးထားတာဖြစ်ပါတယ်။ ကမ္ဘာ့ရှေးအကျဆုံးနာရီကြီးရှိတဲ့ အင်္ဂလန်နိုင်ငံဟာ အခုအချိန်ထိ ဂုဏ်ယူဝင့်ကြွားနိုင်တာဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း အင်္ဂလန်နိုင်ငံကို ရောက်ခဲ့ရင် အံ့မခန်းတည်ဆောက်ထားတဲ့ ဆာလစ်ဗျူရီ ကက်သဒရယ်ဘုရားကျောင်းကို ရောက်အောင်သွားပြီး နာရီကြီးကို လေ့လာခဲ့ပါလို့ အကြံပြုလိုက်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။