[Zawgyi]

လီဗာပူးလ်အသင်းရဲ့တစ်လတာအကောင်းဆုံးဆုကို
ဆာလာ(Salah) ဆွတ်ခူး

ဒီရာသီမှာ အကောင်းဆုံးဆုတွေ တစ်ခုပြီးတစ်ခုရယူနေတဲ့ လီဗာပူးလ်အသင်းက အီဂျစ်တောင်ပံတိုက်စစ်ကစားသမား ဆာလာ
(Salah)ဟာ မတ်လအတွက် လီဗာပူးလ်အသင်းက ချီးမြှင့်တဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ဆာလာဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း(PFA)က ချီးမြှင့်တဲ့ မတ်လရဲ့အကောင်း
ဆုံးဘောလုံးသမားဆုကို ရရှိခဲ့ပြီး မကြာခင်မှာပဲ လီဗာပူးလ်အသင်းတစ်လတာအကောင်းဆုံး ကစားသမားဆုကို ဆက်လက်ရရှိ
ခဲ့တာဖြစ်ပါတယ်။

ဆာလာဟာ ပြီးခဲ့တဲ့မတ်လအတွင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပွဲမှာ ၀က်ဖို့ဒ်ကို (၄)ဂိုးသွင်းယူခဲ့တာအပါအ၀င် (၆)ဂိုးအထိ
သွင်းယူခဲ့ပြီး ဆာလာအနေနဲ့ အခုအကောင်းဆုံးဆုကို အသင်းဖော်တွေဖြစ်တဲ့ ရော်ဘတ်ဆန်(Robertson)၊ ချိန်ဘာလိန်(Cham-
berlain)တို့ကို ကျော်ဖြတ်ဆွတ်ခူးခဲ့တာပါ။ ဒါ့အပြင် ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့တစ်လတာအကောင်းဆုံးကစား
သမားဆုကို (၈)လအတွင်း (၆)ကြိမ်မြောက်အထိ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဆာလာက”ကျေးဇူးတင်ပါတယ်။ ဒီဆုကို ထပ်
မံရရှိခဲ့တဲ့အတွက် ကျွန်တော် ၀မ်းမြောက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော် မကြာခဏပြောခဲ့သလိုပါပဲ၊ အဓိက အရေးကြီးဆုံးက အသင်း
ရလဒ်ကောင်းဖို့နဲ့ အမှတ်ရရှိဖို့ပါ။ အမှတ်ရဖို့အတွက် ကျွန်တော် ဂိုးတွေ နောက်ထပ်အများကြီး သွင်းယူဦးမှာဖြစ်ပါတယ်”လို့ ပြောကြား
ခဲ့ပါတယ်။

REF:Goal
Photo:Liverpool FC Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လီဗာပူးလ်အသင်းရဲ့တစ္လတာအေကာင်းဆုံးဆုကို
ဆာလာ(Salah) ဆြတ္ခူး

ဒီရာသီမွာ အေကာင်းဆုံးဆုတြေ တစ္ခုပြီးတစ္ခုရယူနေတဲ့ လီဗာပူးလ်အသင်းက အီဂ်စ်တောင္ပံတိုက္စစ္ကစားသမား ဆာလာ
(Salah)ဟာ မတ္လအတြက် လီဗာပူးလ်အသင်းက ခ်ီျးမှင့္တဲ့ တစ္လတာအေကာင်းဆုံးကစားသမားဆုကို ဆြတ္ခူးရရွိခဲ့ပါတယ်။
ဆာလာဟာ ပြီးခဲ့တဲ့ရက္ပိုင်းအတြင်းက ပေရ္ဖာက်ရွင္နယ်ဘောလုံးသမားမ်ားအဖြဲ့အစည်း(PFA)က ခ်ီျးမွင့္တဲ့ မတ္လရဲ့အေကာင်း
ဆုံးဘောလုံးသမားဆုကို ရရွိခဲ့ပြီး မကြာခင္မွာပဲ လီဗာပူးလ်အသင်းတစ္လတာအေကာင်းဆုံး ကစားသမားဆုကို ဆက္လက်ရရွိ
ခဲ့တျာဖစ္ပါတယ်။

ဆာလာဟာ ပြီးခဲ့တဲ့မတ္လအတြင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅)ပဲမြွာ ၀က္ဖို့ဒ္ကို (၄)ဂိုးသြင်းယူခဲ့တာအပါအ၀င် (၆)ဂိုးအထိ
သြင်းယူခဲ့ပြီး ဆာလာအေနနဲ့ အခုအေကာင်းဆုံးဆုကို အသင်းဖော်တျြေဖစ္တဲ့ ရ္ဘောတ္ဆန်(Robertson)၊ ခိန္ဘာလိန်(Cham-
berlain)တို့ကို ကော််ျဖတ္ဆြတ္ခူးခဲ့တာပါ။ ဒါ့အျပင် ဆာလာဟာ ဒီရာသီမွာ လီဗာပူးလ်အသင်းရဲ့တစ္လတာအေကာင်းဆုံးကစား
သမားဆုကို (၈)လအတြင်း (၆)ကြိမ်ျေမာက်အထိ ရယူနိုင္ခဲ့တာလည်ျးဖစ္ပါတယ်။ ဆာလာက”ကေ်းဇူးတင္ပါတယ်။ ဒီဆုကို ထပ်
မံရရွိခဲ့တဲ့အတြက် ကျန်ြတော် ၀မ်ျးေမာက္မိပါတယ်။ ဒါပေမဲ့ ကျန်ြတော် မကြာခဏျေပာခဲ့သလိုပါပဲ၊ အဓိက အေရးကြီးဆုံးက အသင်း
ရလဒ်ကောင်းဖို့နဲ့ အမွတ်ရရွိဖို့ပါ။ အမွတ်ရဖို့အတြက် ကျန်ြတော် ဂိုးတြေ နောက္ထပ်အမ်ားကြီး သြင်းယူဦးမျွာဖစ္ပါတယ်”လို့ျေပာကြား
ခဲ့ပါတယ်။

REF:Goal
Photo:Liverpool FC Twitter
Naing Linn(Akhayar)
www.akhayar.com