[Zawgyi]

ဇီဗက္ဒါကုိ အႏုိင္ရခဲ့တဲ့ပဲြမွာ ခ်န္ပီယံလိဂ္မွတ္တမ္းေကာင္းေတြ ရယူခဲ့တဲ့ ဆာလာ Mohamed Salah

လီဗာပူးလ္အသင္းရဲ႕ အီဂ်စ္နာမည္ေက်ာ္ တိုက္စစ္ကစားသမား ဆာလာ Mohamed Salah ဟာ ဇီဗက္ဒါကုိ (၄)ဂုိးျပတ္ အႏုိင္ရခဲ့တဲ့ပဲြမွာ ခ်န္ပီယံလိဂ္ စံခ်ိန္မွတ္တမ္းေကာင္းေတြ ပုိင္ဆုိင္ခဲ့ပါတယ္။ ဆာလာဟာ အဲဒီပဲြမွာ လီဗာပူးလ္အသင္းအတြက္ (၂)ဂုိး သြင္းယူခဲ့ၿပီး ဘရာဇီးလ္ဂႏၳ၀င္တိုက္စစ္မွဴး ေရာ္နယ္လ္ဒုိ Ronaldo ရဲ႕ ခ်န္ပီယံလိဂ္သြင္းဂုိး အေရအတြက္ကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့ပါၿပီ။ ဘာစီလုိနာ၊ အင္တာမီလန္၊ ရီးယဲလ္ နာမည္ေက်ာ္တိုက္စစ္မွဴးေဟာင္း ေရာ္နယ္လ္ဒုိဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ (၁၄)ဂုိး သြင္းယူခဲ့ၿပီး အခု ဆာလာက တစ္ဂုိးအသာနဲ႔ ေက်ာ္ျဖတ္ခဲ့တာပါ။

Salah-and-Firmino

Salah-and-Firmino

ဆာလာရဲ႕ ခ်န္ပီယံလိဂ္(၁၅)ဂုိးထဲမွာ (၁၂)ဂုိးက လီဗာပူးလ္အသင္းအတြက္ သြင္းယူခဲ့တာျဖစ္ၿပီး ေဘဆယ္လ္အတြက္ (၂)ဂုိး၊ ႐ုိးမားအသင္းအတြက္ (၁)ဂုိး သြင္းယူခဲ့တာျဖစ္ပါတယ္။ ဆာလာအေနနဲ႔ ခ်န္ပီယံလိဂ္သြင္းဂုိးအမ်ားဆုံး ထိပ္ဆုံး(၅၀)ဦးစာရင္း၀င္ဖုိ႔ ဆက္လက္ႀကိဳးစားရဦးမွာျဖစ္ၿပီး ေနာက္ထပ္ ဂုိးေတြ ဆက္သြင္းဖုိ႔ လုိအပ္ေနပါေသးတယ္။ ဆာလာဟာ အဲဒီမွတ္တမ္းအျပင္ ေနာက္ထပ္ ဂုဏ္ယူစရာေကာင္းတဲ့ စံခ်ိန္တစ္ခုလည္း ရယူခဲ့ပါတယ္။ အဲဒါကေတာ့ လီဗာပူးလ္အသင္း သမုိင္းတစ္ေလွ်ာက္ ပဲြအနည္းဆုံးကစားၿပီး သြင္းဂုိး(၅၀)ျပည့္ခဲ့သူအျဖစ္ စံခ်ိန္တင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီအစက လီဗာပူးလ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့ ဆာလာဟာ အသင္းအတြက္ ၿပိဳင္ပဲြစုံ (၆၅)ပဲြကစားၿပီးခ်ိန္မွာ ဂုိး(၅၀)အထိ သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

REF:sportskeeda
Photo:SportyNews,goal
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဇီဗက်ဒါကို အနိုင်ရခဲ့တဲ့ပွဲမှာ ချန်ပီယံလိဂ်မှတ်တမ်းကောင်းတွေ ရယူခဲ့တဲ့ ဆာလာ Mohamed Salah

လီဗာပူးလ်အသင်းရဲ့ အီဂျစ်နာမည်ကျော် တိုက်စစ်ကစားသမား ဆာလာ Mohamed Salah ဟာ ဇီဗက်ဒါကို (၄)ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ ချန်ပီယံလိဂ် စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ဆာလာဟာ အဲဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် (၂)ဂိုး သွင်းယူခဲ့ပြီး ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို Ronaldo ရဲ့ ချန်ပီယံလိဂ်သွင်းဂိုး အရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ဘာစီလိုနာ၊ အင်တာမီလန်၊ ရီးယဲလ် နာမည်ကျော်တိုက်စစ်မှူးဟောင်း ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၄)ဂိုး သွင်းယူခဲ့ပြီး အခု ဆာလာက တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ခဲ့တာပါ။

Salah-and-Firmino

Salah-and-Firmino

ဆာလာရဲ့ ချန်ပီယံလိဂ်(၁၅)ဂိုးထဲမှာ (၁၂)ဂိုးက လီဗာပူးလ်အသင်းအတွက် သွင်းယူခဲ့တာဖြစ်ပြီး ဘေဆယ်လ်အတွက် (၂)ဂိုး၊ ရိုးမားအသင်းအတွက် (၁)ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ ဆာလာအနေနဲ့ ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ထိပ်ဆုံး(၅၀)ဦးစာရင်းဝင်ဖို့ ဆက်လက်ကြိုးစားရဦးမှာဖြစ်ပြီး နောက်ထပ် ဂိုးတွေ ဆက်သွင်းဖို့ လိုအပ်နေပါသေးတယ်။ ဆာလာဟာ အဲဒီမှတ်တမ်းအပြင် နောက်ထပ် ဂုဏ်ယူစရာကောင်းတဲ့ စံချိန်တစ်ခုလည်း ရယူခဲ့ပါတယ်။ အဲဒါကတော့ လီဗာပူးလ်အသင်း သမိုင်းတစ်လျှောက် ပွဲအနည်းဆုံးကစားပြီး သွင်းဂိုး(၅၀)ပြည့်ခဲ့သူအဖြစ် စံချိန်တင်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီအစက လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဆာလာဟာ အသင်းအတွက် ပြိုင်ပွဲစုံ (၆၅)ပွဲကစားပြီးချိန်မှာ ဂိုး(၅၀)အထိ သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

REF:sportskeeda
Photo:SportyNews,goal
Naing Linn(Akhayar)
www.akhayar.com