[Zawgyi]

FWA က ခ်ီးျမႇင့္တဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကုိ ဆြတ္ခူးခဲ့တဲ့ ဆာလာ Salah

ဒီရာသီမွာ တစ္ဦးခ်င္းအေကာင္းဆုံးဆုေတြကုိ ဆက္တိုက္ရယူေနတဲ့ လီဗာပူးလ္အသင္းရဲ႕အီဂ်စ္နာမည္ေက်ာ္တိုက္စစ္ကစားသမား မုိဟာမတ္ဆာလာ Mohamed Salah ဟာ ေဘာလုံးအားကစားကေလာင္ရွင္မ်ားအဖဲြ႕အစည္း(Football Writers’ Association)က ခ်ီးျမႇင့္တဲ့ ၂၀၁၈ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကုိ ဆြတ္ခူးရရွိခဲ့ျပန္ပါၿပီ။ အဲဒီဆုအတြက္ ကေလာင္ရွင္ အေယာက္(၄၀၀)ေက်ာ္က မဲေပးခ့ဲၾကၿပီး ဆာလာဟာ မန္စီးတီးကြင္းလယ္လူ ဒီဘ႐ုိင္းနား de Bruyne ထက္ မဲအေရအတြက္ (၂၀)အသာရခဲ့တာေၾကာင့္ ဒီအေကာင္းဆုံးဆုကုိ ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။ ဒီဘ႐ုိင္းနားက ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရသလုိ စပါးအသင္းတိုက္စစ္မွဴးဟာရီကိန္း Harry Kane ကလည္း တတိယသာရရွိခဲ့ပါတယ္။

ဆာလာအေနနဲ႔ ဒီအေကာင္းဆုံးဆုကုိ ရရွိခဲ့တဲ့ ပထမဆုံးအာဖရိက ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ေခတ္မွာ စတီဗင္ဂ်ရတ္ Steven Gerrard (၂၀၀၉)၊ လူး၀စ္ဆြာရက္ဇ္ Luis Suarez (၂၀၁၄)တို႔ေနာက္ပုိင္း FWA ဆုကုိရယူႏုိင္ခဲ့တဲ့ တတိယေျမာက္ လီဗာပူးလ္ကစားသမားလည္းျဖစ္ခဲ့တယ္။ အခုေမလ(၁၀)ရက္ေန႔က်ရင္ လန္ဒန္မွာက်င္းပျပဳလုပ္မယ့္ ဆုေပးပဲြအခမ္းအနားမွာ ဆာလာဟာ အေကာင္းဆုံးဆုကုိ လက္ခံရယူသြားမွာပါ။ ၿပီးခဲ့တဲ့လကလည္း ဆာလာဟာ PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကုိလည္း ရရွိခဲ့ၿပီး ဒီရာသီမွာ အဂၤလန္ေဘာလုံးေလာကရဲ႕ ဂုဏ္သိကၡာအရွိဆုံးဆုႏွစ္ခုကုိ ရရွိခဲ့တာျဖစ္သလုိ ၿပီးခဲ့တဲ့(၇)ရာသီအတြင္း အဲဒီဆုႏွစ္ခုကုိ တစ္ၿပိဳင္နက္ရယူႏုိင္ခဲ့တဲ့ (၆)ဦးေျမာက္ကစားသမားလည္းျဖစ္ခဲ့တယ္။ အီဂ်စ္မက္ဆီလုိ႔ တင္စားခံထားရတဲ့ဆာလာဟာ ဒီရာသီမွာ လီဗာပူးလ္အသင္းအတြက္ ၿပိဳင္ပဲြစုံ(၄၃)ဂုိးသြင္းယူထားၿပီး ပရီးမီးယားလိဂ္မွာလည္း (၃၁)ဂုိးအထိ သြင္းယူခဲ့တာေၾကာင့္ဂုိးသြင္းအမ်ားဆုံးေရႊဖိနပ္ဆုကုိ ဆြတ္ခူးႏုိင္ဖုိ႔အေျခအေနေကာင္းေနပါၿပီ။

၂၀၁၀-၁၁ မွစၿပီး FWA အေကာင္းဆုံးဆုရရွိခဲ့သူမ်ား

2010–11 Scott Parker West Ham United
2011–12 Robin van Persie Arsenal
2012–13 Gareth Bale Tottenham Hotspur
2013–14 Luis Suárez Liverpool
2014–15 Eden Hazard Chelsea
2015–16 Jamie Vardy Leicester City
2016–17 N’Golo Kanté Chelsea
2017–18 Mohamed Salah Liverpool

REF:Liverpool FC,Sky Sports
Photo:The Sun
Naing Linn (Akhayar)
www.akhayar.com

[Unicode]

FWA က ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ဆာလာ Salah

ဒီရာသီမှာ တစ်ဦးချင်းအကောင်းဆုံးဆုတွေကို ဆက်တိုက်ရယူနေတဲ့ လီဗာပူးလ်အသင်းရဲ့အီဂျစ်နာမည်ကျော်တိုက်စစ်ကစားသမား မိုဟာမတ်ဆာလာ Mohamed Salah ဟာ ဘောလုံးအားကစားကလောင်ရှင်များအဖွဲ့အစည်း(Football Writers’ Association)က ချီးမြှင့်တဲ့ ၂၀၁၈ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပြန်ပါပြီ။ အဲဒီဆုအတွက် ကလောင်ရှင် အယောက်(၄၀၀)ကျော်က မဲပေးခဲ့ကြပြီး ဆာလာဟာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနား de Bruyne ထက် မဲအရေအတွက် (၂၀)အသာရခဲ့တာကြောင့် ဒီအကောင်းဆုံးဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းနားက ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရသလို စပါးအသင်းတိုက်စစ်မှူးဟာရီကိန်း Harry Kane ကလည်း တတိယသာရရှိခဲ့ပါတယ်။

ဆာလာအနေနဲ့ ဒီအကောင်းဆုံးဆုကို ရရှိခဲ့တဲ့ ပထမဆုံးအာဖရိက ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ခေတ်မှာ စတီဗင်ဂျရတ် Steven Gerrard (၂၀၀၉)၊ လူးဝစ်ဆွာရက်ဇ် Luis Suarez (၂၀၁၄)တို့နောက်ပိုင်း FWA ဆုကိုရယူနိုင်ခဲ့တဲ့ တတိယမြောက် လီဗာပူးလ်ကစားသမားလည်းဖြစ်ခဲ့တယ်။ အခုမေလ(၁၀)ရက်နေ့ကျရင် လန်ဒန်မှာကျင်းပပြုလုပ်မယ့် ဆုပေးပွဲအခမ်းအနားမှာ ဆာလာဟာ အကောင်းဆုံးဆုကို လက်ခံရယူသွားမှာပါ။ ပြီးခဲ့တဲ့လကလည်း ဆာလာဟာ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပြီး ဒီရာသီမှာ အင်္ဂလန်ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအရှိဆုံးဆုနှစ်ခုကို ရရှိခဲ့တာဖြစ်သလို ပြီးခဲ့တဲ့(၇)ရာသီအတွင်း အဲဒီဆုနှစ်ခုကို တစ်ပြိုင်နက်ရယူနိုင်ခဲ့တဲ့ (၆)ဦးမြောက်ကစားသမားလည်းဖြစ်ခဲ့တယ်။ အီဂျစ်မက်ဆီလို့ တင်စားခံထားရတဲ့ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၄၃)ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ်မှာလည်း (၃၁)ဂိုးအထိ သွင်းယူခဲ့တာကြောင့်ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ဖို့အခြေအနေကောင်းနေပါပြီ။

၂၀၁၀-၁၁ မှစပြီး FWA အကောင်းဆုံးဆုရရှိခဲ့သူများ

2010–11 Scott Parker West Ham United
2011–12 Robin van Persie Arsenal
2012–13 Gareth Bale Tottenham Hotspur
2013–14 Luis Suárez Liverpool
2014–15 Eden Hazard Chelsea
2015–16 Jamie Vardy Leicester City
2016–17 N’Golo Kanté Chelsea
2017–18 Mohamed Salah Liverpool

REF:Liverpool FC,Sky Sports
Photo:The Sun
Naing Linn (Akhayar)
www.akhayar.com