This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဥရုေဂြးနဲ႔ အုပ္စုအဖြင့္ပြဲစဥ္အမီ ႀကံ့ခိုင္မႈ ျပည့္ဝဖို႔ရွိေနတဲ့ ဆာလာ

လာမယ့္ ဇြန္လ (၁၅)ရက္ေန႔မွာ ကစားမယ့္ ဥရုေဂြးအသင္းနဲ႔ အုပ္စုအဖြင့္ပြဲစဥ္အမီ အီဂ်စ္အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမား ဆာလာ Salah ႀကံ့ခိုင္မႈ ျပည့္ဝလာဖို႔ ရွိေနပါတယ္။ ဆာလာ Salah ကိုယ္တိုင္က ကမၻာ႔ဖလားၿပိဳင္ပြဲအုပ္စုအဖြင့္ ပြဲစဥ္အျဖစ္ ကစားမယ့္ ဥရုေဂြးအသင္းနဲ႔ ပြဲစဥ္မွာ အီဂ်စ္အသင္းအတြက္ ပါဝင္ကစားေပးႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ရီးယဲလ္ေနာက္ခံလူ ရာမို႔စ္ Ramos နဲ႔ ထိခိုက္မိရာက ရရွိခဲ့တဲ့ ပခံုးဒဏ္ရာေၾကာင့္ အီဂ်စ္အသင္းရဲ႕ အုပ္စုအဖြင့္ပြဲကို ဆာလာ Salah လြဲေခ်ာ္ဖို႔ ရွိေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။ ဆာလာ Salah ရဲ႕ ဒဏ္ရာအေျခအေနက တိုးတက္မႈရွိၿပီး အုပ္စုအဖြင့္ ပြဲစဥ္မွာ ပါဝင္ ကစားေပးဖို႔ရွိေနေၾကာင္း အီဂ်စ္သမၼတ ကိုယ္တိုင္က ေျပာၾကားခဲ့ပါတယ္။ ဆာလာ Salah က “ဒဏ္ရာက ပိုမိုေကာင္းမြန္လာတယ္လို႔ ခံစားမိေနၿပီး ၿပိဳင္ပြဲအတြက္ အသင့္ျဖစ္ေနပါၿပီ”လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

Salah-smiles-for-the-camera-from-his-window-seat-on-his-way-to-Russia-for-the-World-Cup

Salah-smiles-for-the-camera-from-his-window-seat-on-his-way-to-Russia-for-the-World-Cup

ရုရွားႏိုင္ငံကို မထြက္ခြာခင္ အီဂ်စ္ သမၼတ အယ္လ္ဆစ္ဆီ El-Sisi နဲ႔ ေတြ႔ဆံုခဲ့စဥ္မွာလည္း အီဂ်စ္ျပည္သူေတြရဲ႕ ကမၻာ႔ဖလားအိပ္မက္ကို အေကာင္းဆံုးျဖစ္ေအာင္ အေကာင္အထည္ေဖာ္သြားေပးမွာျဖစ္ေၾကာင္း ဆာလာ Salah က ကတိေပးေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က အီဂ်စ္အသင္းဟာ ရုရွားႏိုင္ငံ၊ ဂေရာ္ဇနီၿမိဳ႔ကို ေရာက္ရွိလာခဲ့ၿပီး တိုက္စစ္ ကစားသမား ဆာလာ Salah လည္း ႀကံ့ခိုင္မႈအျပည့္ျဖစ္ေနတဲ့ ပံုစံနဲ႔ ပါဝင္လာခဲ့ပါတယ္။ အီဂ်စ္အသင္းဟာ အုပ္စုအဖြင့္ ပြဲစဥ္အျဖစ္ လာမယ့္ ဇြန္လ (၁၅)ရက္ေန႔မွာ ဥရုေဂြးအသင္း၊ ဇြန္လ (၁၉)ရက္ေန႔မွာ အိမ္ရွင္ ရုရွားအသင္း၊ ဇြန္လ (၂၅)ရက္ေန႔မွာ ေဆာ္ဒီအာေရဗ်အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။

REF:AS
Photo:AS, 10z Soccer, Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဥရုဂွေးနဲ့ အုပ်စုအဖွင့်ပွဲစဉ်အမီ ကြံ့ခိုင်မှု ပြည့်ဝဖို့ရှိနေတဲ့ ဆာလာ

လာမယ့် ဇွန်လ (၁၅)ရက်နေ့မှာ ကစားမယ့် ဥရုဂွေးအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်အမီ အီဂျစ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဆာလာ Salah ကြံ့ခိုင်မှု ပြည့်ဝလာဖို့ ရှိနေပါတယ်။ ဆာလာ Salah ကိုယ်တိုင်က ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဖွင့် ပွဲစဉ်အဖြစ် ကစားမယ့် ဥရုဂွေးအသင်းနဲ့ ပွဲစဉ်မှာ အီဂျစ်အသင်းအတွက် ပါဝင်ကစားပေးနိုင်မယ်လို့ ယုံြည်နေပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးယဲလ်နောက်ခံလူ ရာမို့စ် Ramos နဲ့ ထိခိုက်မိရာက ရရှိခဲ့တဲ့ ပခုံးဒဏ်ရာကြောင့် အီဂျစ်အသင်းရဲ့ အုပ်စုအဖွင့်ပွဲကို ဆာလာ Salah လွဲချော်ဖို့ ရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဆာလာ Salah ရဲ့ ဒဏ်ရာအခြေအနေက တိုးတက်မှုရှိပြီး အုပ်စုအဖွင့် ပွဲစဉ်မှာ ပါဝင် ကစားပေးဖို့ရှိနေကြောင်း အီဂျစ်သမ္မတ ကိုယ်တိုင်က ပြောကြားခဲ့ပါတယ်။ ဆာလာ Salah က “ဒဏ်ရာက ပိုမိုကောင်းမွန်လာတယ်လို့ ခံစားမိနေပြီး ပြိုင်ပွဲအတွက် အသင့်ဖြစ်နေပါပြီ”လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Salah-smiles-for-the-camera-from-his-window-seat-on-his-way-to-Russia-for-the-World-Cup

Salah-smiles-for-the-camera-from-his-window-seat-on-his-way-to-Russia-for-the-World-Cup

ရုရှားနိုင်ငံကို မထွက်ခွာခင် အီဂျစ် သမ္မတ အယ်လ်ဆစ်ဆီ El-Sisi နဲ့ တွေ့ဆုံခဲ့စဉ်မှာလည်း အီဂျစ်ပြည်သူတွေရဲ့ ကမ္ဘာ့ဖလားအိပ်မက်ကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်သွားပေးမှာဖြစ်ကြောင်း ဆာလာ Salah က ကတိပေးပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီဂျစ်အသင်းဟာ ရုရှားနိုင်ငံ၊ ဂရော်ဇနီမြို့ကို ရောက်ရှိလာခဲ့ပြီး တိုက်စစ် ကစားသမား ဆာလာ Salah လည်း ကြံ့ခိုင်မှုအပြည့်ဖြစ်နေတဲ့ ပုံစံနဲ့ ပါဝင်လာခဲ့ပါတယ်။ အီဂျစ်အသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် လာမယ့် ဇွန်လ (၁၅)ရက်နေ့မှာ ဥရုဂွေးအသင်း၊ ဇွန်လ (၁၉)ရက်နေ့မှာ အိမ်ရှင် ရုရှားအသင်း၊ ဇွန်လ (၂၅)ရက်နေ့မှာ ဆော်ဒီအာရေဗျအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

REF:AS
Photo:AS, 10z Soccer, Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com