[Zawgyi]

ဥေရာပအေကာင္းဆုံး ကစားသမားဆုအတြက္ ဆန္ခါတင္စာရင္း ထြက္ေပၚလာၿပီ

၂၀၁၇-၁၈ ရာသီ ဥေရာပအေကာင္းဆုံး ေဘာလုံးသမားဆုအတြက္ ဆန္ခါတင္(၃)ဦးစာရင္းကုိ ဥေရာပေဘာလုံးအဖဲြ႕ခ်ဳပ္ (UEFA) က ထုတ္ျပန္ေၾကညာခဲ့ၿပီး စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ၊ ဆာလာ Salah ၊ မုိဒရစ္ Modric တို႔ ပါ၀င္ခဲ့ေပမယ့္ အာဂ်င္တီးနား နာမည္ႀကီးတိုက္စစ္မွဴး မက္ဆီ Messi နဲ႔ အက္သလက္တီကုိ တိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann တို႔ကေတာ့ အံ့အားသင့္စရာ ေကာင္းေလာက္ေအာင္ ခ်န္လွပ္ခံခဲ့ရတယ္။ လီဗာပူးလ္အသင္းရဲ႕ အီဂ်စ္ကစားသမား ဆာလာဟာ ၿပီးခဲ့တဲ့ရာသီက လီဗာပူးလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြတက္ေရာက္ခဲ့တဲ့အျပင္ လီဗာပူးလ္ ကစားသမားဘ၀ ပထမဆုံးရာသီမွာပဲ ၿပိဳင္ပဲြစုံ(၄၄)ဂုိးသြင္းယူၿပီး ေျခစြမ္းျပကစားခဲ့ပါတယ္။

Salah-with-Golden-Boot

Salah-with-Golden-Boot

အခု ဂ်ဴဗင္တပ္စ္အသင္းမွာ ကစားေနတဲ့ ရီးယဲလ္ကစားသမားေဟာင္း စီေရာ္နယ္လ္ဒုိဟာ ၿပီးခဲ့တဲ့ရာသီက ရီးယဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား (၃)ႀကိမ္ဆက္တိုက္ ရယူခဲ့ၿပီး သြင္းဂုိးအမ်ားဆုံး ကစားသမားအျဖစ္ (၆)ရာသီ ဆက္တိုက္ရပ္တည္ႏုိင္ခဲ့တယ္။

Cristiano-Ronaldo-2017-UEFA-mens-Player-of-the-Year-award

Cristiano-Ronaldo-2017-UEFA-mens-Player-of-the-Year-award

စီေရာ္နယ္လ္ဒုိရဲ႕ ရီးယဲလ္အသငး္ေဖာ္ေဟာင္း မုိဒရစ္ကလည္း ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးခဲ့ၿပီး ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာလည္း ခ႐ုိေအးရွားအသင္းကုိ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ ဗုိလ္လုပဲြေရာက္ရွိေအာင္ ပုိ႔ေဆာင္ေပးခဲ့တဲ့အျပင္ Golden Ball ဆုကုိပါ ဆြတ္ခူးႏုိင္ခဲ့တယ္။ ဥေရာပအေကာင္းဆုံးဆုအတြက္ ဆန္ခါတင္စာရင္းမွာ ဒီကစားသမား (၃)ဦး ပါ၀င္ခဲ့ေပမယ့္ မက္ဆီ Messi ၊ ဂရစ္ဇ္မန္း Griezmann စတဲ့ ကစားသမားေတြ မပါ၀င္ခဲ့တာကေတာ့ ေ၀ဖန္စရာျဖစ္ခဲ့ရပါတယ္။

Modric-with-Golden-Ball-Award

Modric-with-Golden-Ball-Award

ဥေရာပအေကာင္းဆုံးဆု ဆန္ခါတင္စာရင္းကုိ ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ပါ၀င္ကစားခဲ့တဲ့ ကလပ္အသင္း(၈၀)က နည္းျပေတြနဲ႔ ဥေရာပအားကစားမီဒီယာအဖဲြ႕ (ESM)က ေရြးခ်ယ္ထားတဲ့ ဂ်ာနယ္လစ္ အေယာက္(၅၀)တို႔က မဲေပးေရြးခ်ယ္ခဲ့တာပါ။ သူတို႔ေတြက သက္ဆုိင္ရာကစားသမားေတြရဲ႕ ျပည္တြင္းလိဂ္၊ ဥေရာပၿပိဳင္ပဲြေတြနဲ႔ ႏုိင္ငံတကာၿပိဳင္ပဲြေတြမွာ ေျခစြမ္းျပသႏုိင္မႈအေပၚ အေျခခံအမွတ္ေပးၿပီး ဆန္ခါတင္စာရင္းကုိ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ၂၀၁၇-၁၈ ရာသီ ဥေရာပအေကာင္းဆုံး ေဘာလုံးသမားဆုေပးပဲြကုိ ခ်န္ပီယံလိဂ္အုပ္စုမဲခြဲပဲြ က်င္းပမယ့္ ၾသဂုတ္လ(၃၀)ရက္က်ရင္ တစ္ခါတည္း ထည့္သြင္းျပဳလုပ္သြားမွာျဖစ္ပါတယ္။

(၇)ႏွစ္အတြင္း ဥေရာပအေကာင္းဆုံးကစားသမားဆု ရရွိခဲ့သူမ်ား

2011 – Lionel Messi

2012 – Andres Iniesta

2013 – Franck Ribery

2014 – Cristiano Ronaldo

2015 – Lionel Messi

2016 – Cristiano Ronaldo

2017 – Cristiano Ronaldo

ဥေရာပ အေကာင္းဆုံးကစားသမားဆု ရရွိခဲ့သူ စာရင္းအျပည့္အစုံ

REF:Daily Mail
Photo:Daily Times,Evening Standard,xariif
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဥရောပအကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာပြီ

၂၀၁၇-၁၈ ရာသီ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင်(၃)ဦးစာရင်းကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ထုတ်ပြန်ကြေညာခဲ့ပြီး စီရော်နယ်လ်ဒို Cristiano Ronaldo ၊ ဆာလာ Salah ၊ မိုဒရစ် Modric တို့ ပါဝင်ခဲ့ပေမယ့် အာဂျင်တီးနား နာမည်ကြီးတိုက်စစ်မှူး မက်ဆီ Messi နဲ့ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann တို့ကတော့ အံ့အားသင့်စရာ ကောင်းလောက်အောင် ချန်လှပ်ခံခဲ့ရတယ်။။ လီဗာပူးလ်အသင်းရဲ့ အီဂျစ်ကစားသမား ဆာလာဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့အပြင် လီဗာပူးလ် ကစားသမားဘ၀ ပထမဆုံးရာသီမှာပဲ ပြိုင်ပွဲစုံ(၄၄)ဂိုးသွင်းယူပြီး ခြေစွမ်းပြကစားခဲ့ပါတယ်။

Salah-with-Golden-Boot

Salah-with-Golden-Boot

အခု ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတဲ့ ရီးယဲလ်ကစားသမားဟောင်း စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၃)ကြိမ်ဆက်တိုက် ရယူခဲ့ပြီး သွင်းဂိုးအများဆုံး ကစားသမားအဖြစ် (၆)ရာသီ ဆက်တိုက်ရပ်တည်နိုင်ခဲ့တယ်။

Cristiano-Ronaldo-2017-UEFA-mens-Player-of-the-Year-award

Cristiano-Ronaldo-2017-UEFA-mens-Player-of-the-Year-award

စီရော်နယ်လ်ဒိုရဲ့ ရီးယဲလ်အသင်းဖော်ဟောင်း မိုဒရစ်ကလည်း ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခရိုအေးရှားအသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးခဲ့တဲ့အပြင် Golden Ball ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တယ်။ ဥရောပအကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်းမှာ ဒီကစားသမား (၃)ဦး ပါဝင်ခဲ့ပေမယ့် မက်ဆီ ၊ ဂရစ်ဇ်မန်း စတဲ့ ကစားသမားတွေ မပါဝင်ခဲ့တာကတော့ ဝေဖန်စရာဖြစ်ခဲ့ရပါတယ်။

Modric-with-Golden-Ball-Award

Modric-with-Golden-Ball-Award

ဥရောပအကောင်းဆုံးဆု ဆန်ခါတင်စာရင်းကို ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပါဝင်ကစားခဲ့တဲ့ ကလပ်အသင်း(၈၀)က နည်းပြတွေနဲ့ ဥရောပအားကစားမီဒီယာအဖွဲ့ (ESM)က ရွေးချယ်ထားတဲ့ ဂျာနယ်လစ် အယောက်(၅၀)တို့က မဲပေးရွေးချယ်ခဲ့တာပါ။ သူတို့တွေက သက်ဆိုင်ရာကစားသမားတွေရဲ့ ပြည်တွင်းလိဂ်၊ ဥရောပပြိုင်ပွဲတွေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ခြေစွမ်းပြသနိုင်မှုအပေါ် အခြေခံအမှတ်ပေးပြီး ဆန်ခါတင်စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇-၁၈ ရာသီ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုပေးပွဲကို ချန်ပီယံလိဂ်အုပ်စုမဲခွဲပွဲ ကျင်းပမယ့် သြဂုတ်လ(၃၀)ရက်ကျရင် တစ်ခါတည်း ထည့်သွင်းပြုလုပ်သွားမှာဖြစ်ပါတယ်။

(၇)နှစ်အတွင်း ဥရောပအကောင်းဆုံးကစားသမားဆု ရရှိခဲ့သူများ

2011 – Lionel Messi

2012 – Andres Iniesta

2013 – Franck Ribery

2014 – Cristiano Ronaldo

2015 – Lionel Messi

2016 – Cristiano Ronaldo

2017 – Cristiano Ronaldo

ဥရောပ အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူ စာရင်းအပြည့်အစုံ

REF:Daily Mail
Photo:Daily Times,Evening Standard,xariif
Naing Linn(Akhayar)
www.akhayar.com